ဒဂုံတောင်၊ ဒဂုံအရှေ့၊ ဒဂုံဆိပ်ကမ်း နှင့် ရွှေပြည်သာ မြို့နယ်တို့တွင် တန်ဖိုးနည်းအိမ်ရာ များတည်ဆောက်ရန် လျာထားဟု ရန်ကုန်မြို့တော်ဝန် ပြောကြား - Property News in Myanmar from iMyanmarHouse.com
1638 Views

ဒဂုံတောင်၊ ဒဂုံအရှေ့၊ ဒဂုံဆိပ်ကမ်း နှင့် ရွှေပြည်သာ မြို့နယ်တို့တွင် တန်ဖိုးနည်းအိမ်ရာ များတည်ဆောက်ရန် လျာထားဟု ရန်ကုန်မြို့တော်ဝန် ပြောကြား

ဒဂုံမြို့သစ်တောင်ပိုင်း၊ ဒဂုံမြို့သစ် အရှေ့ပိုင်း၊ ဒဂုံမြို့သစ်ဆိပ်ကမ်းနှင့် ရွှေပြည်သာမြို့နယ်တို့တွင် တန်ဖိုးနည်းအိမ်ရာ အခန်းပေါင်း ၇၄၄ဝ ကို တည်ဆောက်ရန် လျာထားသည်ဟု ရန်ကုန်မြို့တော်ဝန် ဦးလှမြင့်က ဒီဇင်ဘာ ၁၂ ရက်က ပြုလုပ်ခဲ့သည့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အထူး အစည်းအဝေးတွင် ပြောကြားသည်။

အဆိုပါတန်ဖိုးနည်း အိမ်ရာများအား ဘဏ္ဍာငွေရရှိမှုအပေါ် မူတည်ပြီး တည်ဆောက်ပေးမည်ဖြစ်ပြီး တစ်ခန်းလျှင် ၄၉ဝ စတုရန်းပေရှိကြောင်း ရန်ကုန်မြို့တော်ဝန်က ပြောကြားသည်။ ဒဂုံမြို့သစ်မြောက်ပိုင်း မြို့နယ်မဲဆန္ဒနယ်အမှတ်(၂) လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းလွင်၏ “ဒဂုံမြို့သစ် လေးမြို့နယ်အား မြို့ပြအဆင့် ဖွံ့ဖြိုးမှုဖြစ်အောင် စီမံချက် ချမှတ်ဆောင်ရွက်ပေးနိုင်ရန် တိုက်တွန်းကြောင်း” အဆိုအား ဆွေးနွေးရာတွင် မြို့တော်ဝန်က ပြောကြားခဲ့ခြင်းဖြစ်သည်။

“တကယ်လို့များ ဘဏ္ဍာငွေခွဲဝေရရှိမှု အပေါ်မူတည်ပြီး တန်ဖိုးနည်းအိမ်ရာများကို ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်၊ ဒဂုံမြို့သစ် တောင်ပိုင်းမြို့နယ်၊ ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်၊ ရွှေပြည်သာမြို့နယ်တို့မှာ ၄၉ဝ စတုရန်းပေဖြစ်တဲ့ တန်ဖိုးနည်းအိမ်ရာ ၇၄၄ဝ ခန်းကို ဆောက်လုပ်ဖို့ လျာထားပါတယ်” ဟု ရန်ကုန်မြို့တော်ဝန်က ပြောကြားသည်။ တန်ဖိုးနည်းအိမ်ရာများမှာ ဈေးနှုန်းများ မည်မျှသတ်မှတ်ထားသည်ကိုမူ ရန်ကုန်မြို့တော်ဝန်က ပြောကြားခဲ့ခြင်း မရှိပေ။

ရန်ကုန်မြို့တွင် လက်ရှိတည်ဆောက် ပြီးစီးခဲ့သည့် ရွှေလင်ပန်း တန်ဖိုးနည်းအိမ်ရာ၊ ဗိုလ်ဗထူးနှင့် ဗိုလ်မင်းရောင် တန်ဖိုးမျှတအိမ်ရာ စီမံကိန်းများမှာ အခြေခံပြည်သူများ လက်လှမ်းမမီသည့် ဈေးနှုန်းများဖြစ်နေပြီး ဝင်ငွေအသင့်အတင့် ရှိသူများပင် ဝယ်နိုင်သည့် အနေအထားမရှိကြောင်း သိရသည်။

သို့ဖြစ်၍ အဆိုပါ လက်လှမ်းမမီသည့် တန်ဖိုးနည်းအိမ်ရာများကို ပြည်တွင်း (သို့မဟုတ်) နိုင်ငံတကာဘဏ်များနှင့် ချိတ်ဆက်၍ နှစ် ၂ဝ အထိ အရစ်ကျစနစ်ဖြင့် ဝယ်ယူခွင့်ပေးရေး ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့သို့ တိုက်တွန်းကြောင်း ဒီဇင်ဘာ ၃ ရက် တွင် ပြုလုပ်သည့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အထူး အစည်းအဝေးတွင် ဗဟန်းမြို့နယ် မဲဆန္ဒနယ်အမှတ်(၂) လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာညိုညိုသင်း၏ အဆိုတင်သွင်း တောင်းဆိုမှုကိုလည်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က သဘောမတူခဲ့ပေ။

နယ်မြို့များမှ ရန်ကုန်မြို့သို့ ပြောင်းရွှေ့အခြေချ နေထိုင်သူများပြားလာမှုကြောင့် ရန်ကုန်မြို့တွင် ကျူးကျော်နှင့် အိမ်မဲ့ရာမဲ့ ပြဿနာ ကြီးထွားလာကြောင်း၊ ရန်ကုန်မြို့တွင် နှစ်စဉ်အိမ်ထောင်စု ၂၆ဝဝဝ ခန့်တိုးပွားနေသော်လည်း အိမ်ရာလိုအပ်ချက် ဖြည့်ဆည်းပေးနိုင်မှုမှာ တစ်နှစ်လျှင် ၇၂ဝဝ ခန်း သာရှိကြောင်း သိရသည်။

Credit : Eleven

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်

Upcoming Property Events

From 26 Jul To 27 Jul

Emerald Bay Luxury Condo

From 26 Jul To 27 Jul

ERC Luxury Condo

From 26 Jul To 27 Jul

Magical World Apartment

From 02 Aug To 03 Aug

Inno City Special Sales Event

Magical World Apartment
Emerald Bay Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service