ရန်ကုန်မြို့၏ မြို့နယ်အလိုက် တစ်ပေပတ်လည် မြေဈေးနှုန်းများ ပြန်လည်သတ်မှတ်မည် - Property News in Myanmar from iMyanmarHouse.com
1611 Views

ရန်ကုန်မြို့၏ မြို့နယ်အလိုက် တစ်ပေပတ်လည် မြေဈေးနှုန်းများ ပြန်လည်သတ်မှတ်မည်

ရန်ကုန်မြို့ရှိ မြို့နယ်အလိုက် တစ်ပေပတ်လည် ဈေးနှုန်းများမှာ အချို့နေရာများ၌ အမှန်တကယ်ပေါက်ဈေးနှင့် ကွဲလွဲမှုများရှိနေသဖြင့် ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများအဖြစ် ပြန်လည်သတ်မှတ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။ ရန်ကုန်မြို့တွင် တစ်ပေပတ်လည်ဈေးနှုန်းသတ်မှတ်ရာ၌ လမ်းမကြီးများနှင့်အတွင်းဘက်ဈေးနှုန်းများကို တစ်ပြေးညီသတ်မှတ်ခဲ့ခြင်း၊ တန်ဖိုးဖြတ်သည့်အချိန်တွင် လက်ရှိပေါက်ဈေးနှင့် ကွဲလွဲမှုများရှိသည့်အတွက် လက်တွေ့တွင် အခက်အခဲများဖြစ်ပေါ်ခဲ့သည်။

“၂ဝ၁၃-၂ဝ၁၄ ခုနှစ်ကစပြီး စံနှုန်းတစ်မျိုးတည်းကို သတ်မှတ်လိုက်တော့ ဒါလည်းပဲ ရန်ကုန်မှာ ဖြစ်နေတာရှိပါတယ်။ လမ်းမကြီးစံနှုန်း တစ်ပေပတ်လည် လေးသိန်းဆိုပေမယ့် ဒီနေရာ၊ ဒီရပ်ကွက်ပဲ အတွင်းဘက်မှာဆိုရင်တော့ လေးသိန်းမရတော့ဘူး။ ဒါကြောင့်ပြီး ခဲ့တဲ့အပတ်ကပဲ ဒါကိုဆွေးနွေးခဲ့ကြပါတယ်။ အတွင်းဘက်စံနှုန်းတွေကို လမ်းမကြီးစံနှုန်းနဲ့ သတ်မှတ်တဲ့အခါမှာ မမီဘူးပေါ့။ သူ့ရဲ့ သတ်မှတ်တဲ့စံနှုန်းက အဲဒီစံနှုန်းကို မမီတဲ့အခါမှာကျတော့ အခွန်ဆောင်ဖို့ ခက်နေတယ်။ အဲဒီအခါကျတော့ ဒါတွေကိုဖြေရှင်းဖို့ဆွေးနွေးပါတယ်။ ကျွန်တော်တို့အနေနဲ့လည်း မြို့နယ်တွေဆိုရင် လမ်းမကြီးဆိုရင် ဘယ်လောက်၊ အတွင်းဘက်ရောက်သွားရင် ဘယ်လောက်နှုန်းဆိုတာကို သက်ဆိုင်ရာအလိုက် အကြံဉာဏ်တောင်းတာတွေ ရောက်လာပါလိမ့်မယ်။
အတွင်းဘက်တွေမှာ ဘယ်လောက် ဖြစ်သင့်တယ်ဆိုတာ၊ မြိုနယ်အခွန်ဦးစီးဌာနမှူးနဲ့မြို့နယ်အလိုက် အိမ်ခြံမြေတာဝန်ရှိသူတွေနဲ့ ဆွေးနွေးပါလိမ့်မယ်”ဟု ပြည်တွင်းအခွန်များဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးဇော်မြင့်အောင်က ပြောကြားသည်။ ပြည်တွင်းအခွန်များဦးစီးဌာနအနေဖြင့် တစ်ပေပတ်လည်ဈေးနှုန်းများအား ပြန်လည်ပြင်ဆင်ရာတွင် သက်ဆိုင်ရာမြို့နယ်များ၏ အချက်အလက်များကို အစိုးရမှ အတည်ပြု ပြီးမှသာ လုပ်ဆောင်နိုင်သည့်အတွက် လအနည်းငယ်ကြာနိုင်သည်ဟု သိရသည်။

၂ဝ၁၄-၂ဝ၁၅ ခုနှစ် တစ်ပေပတ်လည် စံနှုန်းများ၌ ဥပမာအားဖြင့် လှိုင်မြို့နယ်၊ ဓမ္မာရုံလမ်းအတွင်း တစ်ပေပတ်လည် တစ်သိန်းခွဲနှုန်း သတ်မှတ်ထားပြီး ပြည်လမ်းနှင့် နီးသည့်ဘက်တွင် အဆင်ပြေသော်လည်း အင်းစိန်လမ်းဘက်ခြမ်းတွင် မူရင်းပေါက်ဈေးထက် များနေကြောင်း မြန်မာနိုင်ငံအိမ်ခြံမြေအသင်းမှ ဒုတိယဥက္ကဠ (၁) ဦးသန်းဦးက ပြောကြားသည်။

Credit: eleven media group

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
အိမ်ထောင်သက် နှစ် ၅၀ ပြည့်အတွက် ဇနီးကို surprise လုပ်ရန် မြေဧကပေါင်း ၈၀ တွင် နေကြာပန်းပင်ပေါင်း ၁ ဒသမ ၂ သန်းစိုက်ပျိုးပေ
အိမ်ထောင်သက် နှစ် ၅၀ ပြည့်အတွက် ဇနီးကို surprise လုပ်ရန် မြေဧကပေါင်း ၈၀ တွင် နေကြာပန်းပင်ပေါင်း ၁ ဒသမ ၂ သန်းစိုက်ပျိုးပေ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို

Upcoming Property Events

From 02 Aug To 03 Aug

Inno City Special Sales Event

From 02 Aug To 03 Aug

Emerald Bay Luxury Condo

From 08 Jul To 08 Aug

Central Shophouse

From 09 Aug To 10 Aug

THADAR CONDOMINIUM

INNO CITY Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service