တောင်ကြီးမြို့၏ ပထမဆုံး အဆင့်မြင့် ကွန်ဒို ကို ရန်ကုန်ရှိ ၀ယ်လက်များကသာ ၀ယ်ယူရန် ပိုမိုစိတ်ဝင်စား - Property News in Myanmar from iMyanmarHouse.com
1046 Views

တောင်ကြီးမြို့၏ ပထမဆုံး အဆင့်မြင့် ကွန်ဒို ကို ရန်ကုန်ရှိ ၀ယ်လက်များကသာ ၀ယ်ယူရန် ပိုမိုစိတ်ဝင်စား

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ်၏ ပထမဦး ဆုံး အထပ်မြင့်အဆင့်မြင့် ကွန်ဒို ကို ဒေသခံ များထက် ရန်ကုန်မြို့တွင်နေထိုင်သူများက ၀ယ်ယူရန် ပိုမိုစိတ်ဝင်စားကြကြောင်း ထိုစီမံ ကိန်းကို တာဝန်ယူ တည်ဆောက်လျက်ရှိ သော နန်းထိုက်ရွှေစင် ဆောက်လုပ်ရေး ကုမ္ပ ဏီဥက္ကဋ္ဌ ဦးစံလင်းက ပြောသည်။

"ဒီကွန်ဒိုက ရှမ်းပြည်နယ်ရဲ့ ပထမဦးဆုံး အထပ်မြင့်ကွန်ဒိုပါ။ တောင်ကြီးမြို့ခံတွေက တော့ ကွန်ဒိုနဲ့သိပ်မရင်းနှီးသေးလို့ သိပ်စိတ်မ၀င်စားကြဘူး။ ရန်ကုန်ကသူတွေက တော့ ကွန်ဒိုကိုနှစ်သက်တော့ ပိုပြီးစိတ်ဝင်စား ကြတယ်။ အခုတောင် တချို့အခန်းတွေကို ကြို တင်စာရင်းပေးထားတာမျိုးတွေ ရှိတယ်။ စားရင်းပေးထားတဲ့ထဲမှာ ရန်ကုန်ကလူတွေ များတယ်" ဟု ၎င်းကပြောသည်။

"တောင်ကြီးကသူတွေကတော့ ကိုယ့်အိမ် နဲ့ ကိုယ်နေလေ့ရှိကြတော့ ကွန်ဒိုတိုက်ခန်း ၀ယ်ဖို့ နည်းနည်းစဉ်းစားနေကြတယ်။ ကွန်ဒိုနဲ့ မရင်းနှီးတာလည်း ပါတာပေါ့။ အနည်းဆုံး ငွေကျပ် သိန်း ၂,၀၀၀ လောက်ကစပြီး ၀ယ်ယူ နိုင်လို့ ရန်ကုန်က ကွန်ဒိုတိုက်ခန်းဈေးနဲ့ ယှဉ်ရင် ထက်ဝက်နီးပါးကွာလို့ ရန်ကုန်မှာနေထိုင်သူတွေက ပိုစိတ်ဝင်စားနေကြတာ ဖြစ် တယ်"ဟု ဦးစံလင်းက ပြောသည်။

တာဝန်ယူတည်ဆောက်သည့် ဆောက်လုပ် ရေးကုမ္ပဏီ၏ အမည်ဖြစ်သော နန်းထိုက် ရွှေစင်အမည်ကို အသုံးပြုထားသည့် အဆိုပါ ကွန်ဒိုသည် တောင်ကြီးမြို့၏ ပထမဆုံး နိုင်ငံ တကာ အဆင့်မီ အဆင့်မြင့်ကွန်ဒိုဖြစ်ပြီး မဟာဗန္ဓုလလမ်းနှင့် သီတာလမ်းထောင့် တွင် တည်ရှိကာ ပေ ၁၀၀ ပတ်လည် ဘိုးဘွားပိုင်မြေပေါ်တွင် စုစုပေါင်း ၁၆ ထပ် ထည့် သွင်းတည်ဆောက်သွားမည် ဖြစ်သည်။ ယခုအချိန်တွင် ရှစ်ထပ်အထိတည်ဆောက်ပြီးစီးပြီဖြစ်ပြီး တိုက်ခန်းများကို အရစ်ကျ စနစ်ဖြင့် တောင်ကြီးမြို့နယ်အပြင် အခြားမြို့ကြီးများတွင် စတင်ရောင်းချသွား မည်ဖြစ် ကြောင်း နန်းထိုက်ရွှေစင်ကွန်ဒိုကို တာဝန်ခံ ရောင်းချပေးလျက်ရှိသော မင်းဇင် အေဂျင်စီ က ကိုကျော်မင်းဇင်က ပြောသည်။

အခုထိ ၁၂ ခန်း ရောင်းချပြီးသွား ပြီ။ တောင်ကြီးမှာ စတင်မိတ်ဆက် ပေးခဲ့ပြီး ရန်ကုန်မှာ မိတ်မဆက်ရသေးဘူး။ ရန်ကုန်မှာ ဒီဇင်ဘာ ၁၃ ရက်ကနေ ၁၆ ရက် အထိ တပ်မတော်ပြခန်းမှာပြုလုပ်မယ့် အိမ်ရာပစ္စည်း ရောင်းဝယ်ရေးပြခန်းမှာ ဒီကွန်ဒို အကြောင်းကို မိတ်ဆက်ရှင်းလင်းပြသွားမှာ ဖြစ်ပါတယ်"ဟု ၎င်းက ပြောသည်။

နန်းထိုက်ရွှေစင်ကွန်ဒို ၀ယ်ယူချင်သူများ အတွက် တောင်ကြီးမြို့၊ နန်းထိုက်ရွှေစင် ကွန်ဒို ဆောက်လုပ်နေသောနေရာနှင့် နမူနာ ပြခန်းများကို တောင်ကြီးမြို့နယ်အထိ လိုက်လံ ပြသပေးသွားမည်ဟု ၎င်းကပြောသည်။ ကွန်ဒိုတည်ဆောက်မှု တစ်ဝက်ကျော် ပြီးစီးမှ စတင်ရောင်းချသည့်အတွက် ၀ယ်ယူ သူများ အချိန်ကြာမြင့်စွာစောင့်ဆိုင်းရန် မလို တော့ကြောင်း ကိုကျော်မင်းဇင်က ပြောသည်။

"အထပ်ရှစ်ထပ်အထိ တည်ဆောက်မှု ပြီးစီးမှ စတင်ရောင်းချတာဖြစ်လို့ ၀ယ်ယူမယ့် သူတွေ နေဖို့အကြာကြီးစောင့်နေဖို့ မလိုတော့ ဘူး။ မြေတစ်ဝက်လောက် တည်ဆောက် ပြီးပြီဖြစ်လို့ အများဆုံးနောက်ထပ် ၁၈ လ လောက်ပဲ စောင့်ရမယ်။ သတ်မှတ်ထားချိန် ၁၈ လထက် ပိုစောပြီးတောင် ပြီးနိုင်တယ်"ဟု ၎င်းကပြောသည်။ ထိုကွန်ဒိုတွင် အခန်း ၄၈ ခန်းပါဝင်မည်ဖြစ်ပြီး အခန်းများမှာ စတုရန်းပေ ၁,၇၇၀ မှ စတုရန်းပေ ၂,၁၇၀ အထိ ကျယ်ဝန်းမည်ဖြစ် သည်။

တစ်လွှာတွင် အခန်းလေးခန်းသာပါဝင် မည်ဖြစ်သည့်အတွက် အခန်းတိုင်းသည် ထောင့်ခန်းများဖြစ်ပြီး ရှုခင်းများကို သုံးလွှာမှ စတင်၍ ကြည့်ရှုနိုင်မည် ဖြစ်သည်။ "နန်းထိုက်ရွှေစင်ကွန်ဒိုနဲ့အတူ တောင်ကြီး မြို့နယ်ကိုပါ လူတွေသိစေချင်လို့ အခုချိန်မှာ မြန်မာပြည်ရဲ့စတုတ္ထမြို့တော်လို့ တင်စားခေါ်နိုင်လောက်တဲ့ တောင်ကြီးမြို့ကို တမင် ရွေးချယ်ပြီး အထပ် ၁၆ ထပ်မြင့်ကွန်ဒို ဆောက် ဖို့ စီစဉ်ခဲ့တာဖြစ်ပါတယ်"ဟု ကိုကျော်မင်း ဇင်က ပြောသည်။

ရန်ကုန်မြို့တွင် နေထိုင်သည့် ရှမ်းတိုင်းရင်း သားများလည်း မိမိမွေးရပ်မြေတွင် အပန်း ဖြေ စရာတစ်ခုအဖြစ် ၀ယ်ယူနေထိုင်ရန်နှင့် တောင်ကြီးမြို့နယ်၏ အဆင့်အတန်း မြင့်မား စေရန်ရည်ရွယ်၍ တည်ဆောက်ခြင်းဖြစ်ကြောင်း စီမံကိန်းအကောင်အထည်ဖော်သူ ဦးစံလင်း က ပြောသည်။ ကွန်ဒိုတွင် ကလေးရေကူးကန်တစ်ကန်နှင့် လူကြီးရေကူးကန် တစ်ကန်၊ အားကစားခန်းမတစ်ခု၊ ချွေးထုတ်ခန်းနှစ်ခန်း၊ ဂေါက်ရိုက် လေ့ကျင့်သည့်နေရာ တို့အပြင် ဧည့်ခံပွဲများ ကျင်းပနိုင်ရန် နေရာများလည်း ပါဝင်မည် ဖြစ်သည်။ ထိုကွန်ဒိုကို စင်ကာပူနိုင်ငံ ကုမ္ပဏီက ဒီဇိုင်းရေးဆွဲထားခြင်းဖြစ် ပြီး ငလျင်ပြင်းအား ရစ်ချစ်စတာစကေး ၈ ကျော် သည်အထိ ဒဏ်ခံနိုင်အောင် ဆောက် လုပ်ထားပြီး အရေးပေါ်မီးသတ်စနစ်များလည်း ပါဝင်မည်ဖြစ်သည်။ ထို့ပြင် ရေသန့်အသုံး ပြုနိုင်စေရန် ထုံးသန့်စင်စက်တပ်ဆင်ပေးမည် ဖြစ်ပြီး မြေအောက်နှစ်ထပ်ခွဲကို ကားပါကင် အဖြစ် အသုံးပြုသွားမည် ဖြစ်သည်။

နန်းထိုက်ရွှေစင်ကွန်ဒို၏ မြေညီထပ်နှင့် ပထမထပ် များ၌ ရုံးခန်းနှင့် စားသောက် ဆိုင်များ ဖွင့်လှစ်သွားမည်ဖြစ်ပြီး ယခုချိန်တွင် ရင်းနှီးမြှုပ်နှံ သူတစ်ဦးက မီနီမားကက်ဖွင့် ရန် ဆိုင်ခန်းတစ်ခန်း ၀ယ်ယူထားကြောင်း ကိုကျော်မင်းဇင် က ပြောသည်။

"ဒီကွန်ဒိုကို တည်ဆောက်သူနဲ့ မြေပိုင်ရှင် က တစ်ယောက်တည်းဖြစ်လို့ ကွန်ဒိုဥပဒေ ထွက်ရင် ကွန်ဒိုဥပဒေအတိုင်း အခန်းနေသူ တွေကို မြေပိုင်ဆိုင်မှု ခွဲဝေပေးမှာဖြစ်ပါ တယ်"ဟု ၎င်းက ပြောသည်။ နန်းထိုက်ရွှေစင်ကွန်ဒို၏ တစ်ပေပတ်လည် မြေဈေးများမှာ ကျပ် ၁၁၀,၀၀၀ မှ ၁၂၅,၀၀၀ ထိ ရှိကြောင်း ကိုကျော်မင်းဇင်က ပြောသည်။

အဆိုပါကွန်ဒိုကို ၀ယ်ယူပါက ပထမ သုံးလတွင် ကွန်ဒို၏ ၃၀ ရာခိုင်နှုန်းကို ပေးသွင်း ရမည်ဖြစ်ပြီး စတုတ္ထလမှ စတင်၍ ၆၅ ရာခိုင် နှုန်းကို ၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလအထိ လစဉ် အချိုးကျပေးသွင်းရမည်ဖြစ်ကာ ကျန် ငါးရာခိုင် နှုန်းကို အခန်းအပ်သည့် ဒီဇင်ဘာ ၃၁ ရက်၌ အကျေပေးသွင်းရမည်ဖြစ်သည်။

Credit: mmtimes

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
ကြေးနီနဲ့ ပြုလုပ်ထားတဲ့ ရေဘူးကို သုံးခြင်းရဲ့ ကောင်းကျိုးများ
ကြေးနီနဲ့ ပြုလုပ်ထားတဲ့ ရေဘူးကို သုံးခြင်းရဲ့ ကောင်းကျိုးများ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား

Upcoming Property Events

From 26 Jul To 27 Jul

Emerald Bay Luxury Condo

From 26 Jul To 27 Jul

ERC Luxury Condo

From 26 Jul To 27 Jul

Magical World Apartment

From 02 Aug To 03 Aug

Inno City Special Sales Event

Emerald Bay Condo
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service