မုံရွာစက်မှုဇုန် အသေးစား၊ အလတ်စားလုပ်ငန်းရှင်များ ချေးငွေထုတ်ရန် မြေဂရန် လျှောက်ထားသူပိုများလာ - Property News in Myanmar from iMyanmarHouse.com
860 Views

မုံရွာစက်မှုဇုန် အသေးစား၊ အလတ်စားလုပ်ငန်းရှင်များ ချေးငွေထုတ်ရန် မြေဂရန် လျှောက်ထားသူပိုများလာ

မုံရွာစက်မှုဇုန်အတွင်း အသေးစား၊ အလတ်စားလုပ်ငန်းရှင်များ ချေးငွေထုတ်ယူနိုင်ရန် မြေဂရန်လျှောက်ထားသူ ပိုမိုများပြားလာကြောင်း မုံရွာစက်မှုဇုန်စီမံခန့်ခွဲမှုကော်မတီမှ သတင်းရရှိသည်။

‘‘မုံရွာစက်မှုဇုန်အတွင်းက လုပ်ငန်းလုပ်ကိုင်နေတဲ့မြေအချို့ က ဂရန်မလျှောက်ရသေးတာများ တယ်။ တချို့က ဂရန်ရှိပေမယ့် ပိုင်ရှင်အမည်ပြောင်းရတာတွေ လည်းရှိတယ်။ အခုအချိန်မှာ အသေးစား၊ အလတ်စားလုပ်ငန်းရှင်တွေ ချေးငွေထုတ်ယူဖို့ ဂရန်က မရှိမဖြစ်လိုအပ်တဲ့အတွက် မြေဂရန်လျှောက်ထားသူ ပိုများလာတာဖြစ်ပါတယ်’’ဟု မုံရွာစက်မှုဇုန်စီမံခန့်ခွဲမှုကော်မတီရုံး တာဝန်ရှိသူတစ်ဦးကပြောကြားသည်။

အသေးစား၊ အလတ်စားစက်မှုလုပ်ငန်းရှင် ၇၄ ဦးက မုံရွာခရိုင်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနသို့ ယခုလအတွင်း ဂရန်လျှောက်ထားခဲ့ပြီး နောက်ထပ်လျှောက်ထားသူ ၃၀ ဦးခန့်ရှိနေဆဲဖြစ်ကြောင်း ယင်းကော်မတီရုံးမှသိရသည်။

‘‘အသေးစား၊ အလတ်စား လုပ်ငန်းရှင်တွေ ချေးငွေထုတ်ယူ နိုင်တယ်ဆိုလို့ လျှောက်ကြတယ်။ လုပ်ငန်းလည်ပတ်ဖို့ ငွေအခက် အခဲကြောင့် ချေးငွေလျှောက်ထားကြတဲ့အခါ မြေဂရန်ရှိမှဖြစ်မယ်ဆိုလို့ မြေဂရန်လျှောက်ကြတယ်။ မြေစာရင်းကတော့ အခက်အခဲမရှိပေမယ့် အခွန်ရုံးက မြေခွန်သာမက မြေပေါ်အဆောက်အအုံအခွန်ပါစည်းကြပ်လို့ လုပ်ငန်းရှင်တွေ အခက်အခဲဖြစ်နေတယ်။ လုပ်ငန်းရှင်အနေနဲ့ ပေးဆောင်နိုင်မယ့်ငွေပမာဏဆိုရင် အခွန်ရှောင်မယ့်သူလည်း ရှိလာမှာ မဟုတ်ဘူး။ ချေးငွေလျှောက်တဲ့အခါ ရုံးလုပ်ငန်းပိုင်းက လုပ်ထုံးလုပ်နည်းတွေအရ ဌာနတွေစစ်ဆေးတာရော၊ ဘဏ်လုပ်ငန်းအရ စစ်ဆေးတာရောကြောင့် ချေးငွေထုတ်ယူဖို့ အချိန်ကြန့်ကြာမှုတွေလည်းရှိတယ်။ ဒါကြောင့်အချို့အလတ်စားစက်မှုလုပ်ငန်းရှင်တွေက ချေးငွေမထုတ်ကြ တော့ဘူး’’ဟု မုံရွာစက်မှုဇုန်လုပ်ငန်းရှင်တစ်ဦးကပြောသည်။

စစ်ကိုင်းတိုင်းဒေသကြီး အတွင်း အသေးစားအလတ်စား ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းမှ ငွေကျပ်၂ ဘီလီယံချေးငွေ ထုတ်ပေးရန် လျာထားသော်လည်း အကြောင်းအမျိုးမျိုးကြောင့် ချေးငွေထုတ်ယူပြီး လုပ်ငန်းရှင်များလက်ဝယ်တွင် အသုံးပြုနေသည့် ငွေပမာဏမှာ ကျပ်သိန်းသုံးထောင်ကျော်သာရှိကြောင်း လုပ်ငန်းရှင်များထံမှသိရှိရသည်။

Credit: 7 day daily

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)

Upcoming Property Events

From 02 Aug To 03 Aug

Inno City Special Sales Event

From 02 Aug To 03 Aug

Emerald Bay Luxury Condo

From 08 Jul To 08 Aug

Central Shophouse

From 09 Aug To 10 Aug

THADAR CONDOMINIUM

YADANAR BON

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service