ပန်းလှိုင် ဂေါက်ကွင်းအိမ်ရာက အိမ်ရာသစ်များကို စတင်ရောင်းချ - Property News in Myanmar from iMyanmarHouse.com
2173 Views

ပန်းလှိုင် ဂေါက်ကွင်းအိမ်ရာက အိမ်ရာသစ်များကို စတင်ရောင်းချ

မြို့စွန်ဒေသ အိမ်ရာဈေးကောင်းသည့် မြို့နယ်များတွင် ပါဝင်သော လှိုင်သာယာမြို့နယ်အတွင်း Serg Pun & Associates ကုမ္ပဏီ က အကောင်အထည်ဖော် ဆောင်ရွက်နေသည့် ပန်းလှိုင် ဂေါက်ကွင်းအိမ်ရာစီမံကိန်း က အိမ်ရာသစ်များကို နိုဝင်ဘာ ၂၉ ရက်နေ့တွင် စတင်ရောင်းချခဲ့သည်။

ယခုအချိန်တွင် တည်ဆောက်မှုလုပ်ငန်း များ ပြုလုပ်လျက်ရှိသော Lotus Palace ဗီလာအိမ်ရာ၊ Lotus Terrace ကွန်ဒိုတိုက်ခန်းတို့ကို ရောင်းချသွားမည်ဖြစ်ပြီး ထိုအိမ်ရာသစ်များ ကို ၂၀၁၅ ခုနှစ်တွင် အပြီးတည်ဆောက်မည် ဖြစ်သည်။

"ရေကန်ရှုခင်းကို ခံစားနိုင်တဲ့ Lotus Place အိမ်ရာသစ်တွေက အခုချိန်မှာ တည်ဆောက်မှု ၄၀ ရာခိုင်နှုန်းကျော် ပြီးစီး နေပြီး ဥယျာဉ်ရဲ့ အလှအပတွေကို ခံစားနိုင်တဲ့ Lotus Placeအိမ်ရာသစ်တွေက တည်ဆောက်မှု ၅၀ ရာခိုင်နှုန်းကျော် ပြီးစီး နေပြီ ဖြစ်ပါတယ်။ ဒီအိမ်ရာနှစ်ခုလုံးကို ၂၀၁၅ ခုနှစ်၊ ဇွန်လမှာ အပြီးတည်ဆောက်မှာ ဖြစ်ပါတယ်"ဟု Serg Pun& Associates ကုမ္ပဏီ၏ အရောင်းနှင့် ဈေးကွက်မြှင့်တင်ရေး မန်နေဂျာ ဦးသူရိန်ကပြောသည်။

ပန်းလှိုင်ဂေါက်ကွင်းအိမ်ရာစီမံကိန်းတွင် Lotus Canal View ဗီလာအိမ်ရာ ၁၂ လုံးကိုတည်ဆောက်သွားမည် ဖြစ်ပြီး ခြံဝင်းအကျယ် ၈,၆၆၅ စတုရန်းပေရှိသော မြေနေရာပေါ်တွင် အိမ်အကျယ် ၄၈၃၉ စတုရန်းပေရှိသော နှစ်ထပ်မြင့် ဗီလာအိမ်များ ပါဝင်မည်ဖြစ်သည်။

ထို့ပြင် ခြံဝင်းအကျယ် ၄,၃၀၇ စတုရန်းပေပေါ်တွင် ကြမ်းခင်းဧရိယာ ၄,၄၆၈ စတုရန်းပေရှိသော သုံးထပ်မြင့် Lotus Palace ဗီလာအိမ်ရာ အလုံး ၃၀ ကိုလည်း တည်ဆောက်သွားမည် ဖြစ်သည်။ ကွန်ဒိုတိုက်ခန်းများသာ ပါဝင်သော Lotus Terrace အိမ်ရာများကိုလည်း မကြာခင် တည်ဆောက်မှု စတင်တော့မည်ဖြစ်ပြီး ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလတွင် အပြီးတည် ဆောက်သွားမည်ဟု ဦးသူရိန်က ပြောသည်။

Lotus Terrace အိမ်ရာသစ်တွင် ကွန်ဒို တိုက်ခန်း ၁၈ ခန်း ပါဝင်မည်ဖြစ်ကာ တစ်ခန်းလျှင် ၂,၆၀၁ စတုရန်းပေမှ ၃,၀၆၈ စတုရန်းပေ ထိ ကျယ်ဝန်းမည် ဖြစ်သည်။

ထို့ပြင် ထိုတိုက်ခန်းများတွင် စတုရန်းပေ ၂,၀၀၀ ခန့်ရှိ ကိုယ်ပိုင်ဥယျာဉ်များလည်း ပါဝင်မည်ဖြစ်သည်။ ပန်းလှိုင်ဂေါက်ကွင်းအိမ်ရာရှိ အိမ်ရာ သစ်များကို အသင့်လျော်ဆုံး ဈေးနှုန်းများ ဖြင့် ရောင်းချပေးသွားမည်ဖြစ်ပြီး မြန်မာနိုင်ငံ သားများကိုသာ ရောင်းချပေးသွားမည်ဖြစ်ကြောင်း ဦးသူရိန်က ပြောသည်။

ပန်းလှိုင် ဂေါက်ကွင်းအိမ်ရာသစ် ဖော်ဆောင်ရေးကို ၁၉၉၇ ခုနှစ်က Serg Pun &Associates ကုမ္ပဏီက စတင်ပြုလုပ်ခဲ့ကာ ထိုအိမ်ရာသည် လှိုင်သာယာမြို့နယ် ပဒေ
သာပင်မြို့တော် (FMI City) အိမ်ရာ၏ မျက်နှာချင်းဆိုင်တွင် တည်ရှိသည်။

ထိုအိမ်ရာဝင်းအတွင်း ကျင်းကိုးကျင်း ပါဝင်သော ပန်းလှိုင်ဂေါက်ကွင်းကို ၂၀၀၀ ပြည့်နှစတွင် စတင်ဖွင့်လှစ်ခဲ့ပြီး ၂၀၀၂ ခုနှစ် တွင် ကျင်း ၁၈ ကျင်းထိ တိုးချဲ့ခဲ့ကာ ၂၀၀၅ ခုနှစ်တွင်လည်း ပန်းလှိုင်ဆေးရုံကို စတင် ဖွင့်လှစ်ခဲ့သည်။ ထို့ပြင် ကွန်ဒိုတိုက်ခန်း ၄၈ ခန်းကိုပါ စတင်ရောင်းချခဲ့သည့်အပြင် ၂၀၀၇ ခုနှစ်တွင် ပန်းလှိုင်အိုအေစစ် အားကစားအသင်းကို စတင်ဖွင့်လှစ်နိုင်ခဲ့ပြီး IvoryHouse ၁၂ လုံးကို စတင်တည်ဆောက်ခဲ့သည်။

Bomboo Grovo Gardens ဗီလာ အိမ်ရာများနှင့် Rose Garden ဗီလာအိမ်ရာ များကို၂၀၁၂ ခုနှစ်တွင် စတင်မိတ်ဆက်ခဲ့ပြီး ၂၀၁၄ ခုနှစ်တွင် ဗီလာအိမ်ရာ ၄၂ လုံးနှင့် ကွန်ဒိုတိုက်ခန်း ၁၈ ခန်းကိုလည်း တည်ဆောက် ခဲ့သည်။ ထို့ပြင် ၁၀ နှစ်အောက် ကလေးများအတွက် Pan Hlaing School ကို ဖွင့်လှစ်ထား လျက်ရှိပြီး ပန်းလှိုင်အိမ်ရာအတွင်း တည်ဆောက်လျက်ရှိသော ရေသန့်စက်ရုံကိုလည်း ၂၀၁၅ ခုနှစ် နှစ်ဦးပိုင်းတွင် စတင်လည်ပတ်သွားမည် ဖြစ်သည်။

Credit: mmtimes

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ
ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ

Upcoming Property Events

From 26 Jul To 27 Jul

Emerald Bay Luxury Condo

From 26 Jul To 27 Jul

ERC Luxury Condo

From 26 Jul To 27 Jul

Magical World Apartment

From 08 Jul To 08 Aug

Central Shophouse

ERC Luxury Condo
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service