တန်ဖိုးနည်းအိမ်ရာများမှာ အခြေခံပြည်သူများ လက်လှမ်းမမီသည့်ဈေးနှုန်းများဖြစ်နေ၍ ချေးငွေစနစ်ဖြင့်ဝယ်ယူခွင့်ပြုရန် လွှတ်တော်တွင်အဆိုတင်သွင်း - - Property News in Myanmar from iMyanmarHouse.com
1315 Views

တန်ဖိုးနည်းအိမ်ရာများမှာ အခြေခံပြည်သူများ လက်လှမ်းမမီသည့်ဈေးနှုန်းများဖြစ်နေ၍ ချေးငွေစနစ်ဖြင့်ဝယ်ယူခွင့်ပြုရန် လွှတ်တော်တွင်အဆိုတင်သွင်း -

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က တာဝန်ယူရောင်းချသည့် တန်ဖိုးနည်းအိမ်ရာများသည် အခြေခံလူတန်းစားပြည်သူများ လက်လှမ်းမမီသည့်ဈေးနှုန်းများဖြစ်နေ၍ ပြည်တွင်းဘဏ်များ(သို့မဟုတ်) နိုင်ငံတကာဘဏ်များနှင့်ချိတ်ဆက်၍ နှစ် ၂၀ အထိ ချေးငွေစနစ်ဖြင့်ဝယ်ယူခွင့်ပြုရန် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့သို့ တိုက်တွန်းကြောင်းအဆိုကို ဒီဇင်ဘာ ၃ ရက်တွင်ပြုလုပ်သည့် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်အထူးအစည်းအဝေးတွင် တင်သွင်းခဲ့သည်။

ယင်းအဆိုကို ဗဟန်းမြို့နယ်မဲဆန္ဒနယ် အမှတ်(၂)လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာညိုညိုသင်းက တင်သွင်းခဲ့ခြင်းဖြစ်သည်။

ထိုအဆိုအား ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က တန်ဖိုးနည်းအိမ်ရာများစတင်မရောင်းချမီ ၂၀၁၄ ခုနှစ် ဧပြီကတည်းက ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ရုံးသို့တင်ထားခဲ့ခြင်းဖြစ်ပြီး ယခုလွှတ်တော်အထူးအစည်းအဝေးမှ တင်သွင်းခွင့်ရခဲ့ခြင်းဖြစ်သည်။

ကျေးလက်နေပြည်သူများ လက်ရှိလုပ်ကိုင်နေသည့် မြေယာများဆုံးရှုံးမှု၊ အလုပ်အကိုင်အခွင့်အလမ်းရှားပါးလာမှုကြောင့် ရန်ကုန်မြို့ပြကိုပြောင်းရွှေ့မှုများပြားလာကြောင်း၊ ယနေ့ရန်ကုန်မြို့တွင် ကြုံတွေ့နေရသည့် အကြီးမားဆုံးပြဿနာမှာ မြေမလိုအပ်သည့်၊ အိမ်မလိုအပ်သည့်သူများက မြေ၊ အိမ်များကိုပိုင်ဆိုင်ထားသည့်အတွက် မြေယာမဲ့၊ အိမ်ရာမဲ့ပြဿနာ တစ်နေ့တခြားကြီးထွားလာကြောင်း ဒေါက်တာညိုညိုသင်းကအဆိုတင်သွင်းရာတွင် ထည့်သွင်းပြောကြားသည်။

"ကျွန်မတို့ပြန်ကြည့်ရင် အိမ်ရာတွေကို အခုထက် ငါးဆလောက်ပိုပြီးချထားပေးရင်တောင် လုံလောက်မယ့်အနေအထားမရှိပါဘူး။ သိပ်မကြာခင်က ရွှေလင်ဗန်းတန်ဖိုးနည်းအိမ်ရာကို မဲနှိုက်တဲ့အခါမှာ ၂၀၀၀၀ ကျော်လျှောက်ထားမှုကို သူ့ရဲ့တစ်ရာခိုင်နှုန်း ၂၀၀ ကျော်လောက်ပဲ မဲဖောက်ပေးနိုင်တာတွေ့ရ ပါတယ်။ ပြဿနာကဘာလဲ။ Demand များနေတာကလည်း ပြဿနာဖြစ်သလို အမှန်တကယ်မလိုအပ်တဲ့သူရဲ့လက်ထဲမှာရောက်ရှိနေခြင်းကိုလည်း အစိုးရအနေနဲ့ တည်ဆဲဥပဒေတွေနဲ့အညီ အလေးထားဖြေရှင်းရပါမယ်။ Demand များပြီး တစ်ဖက်က Supply နည်းတဲ့အခါမှာ ဈေးတွေတက်တယ်" ဟု ဒေါက်တာညိုညိုသင်းကပြောကြားသည်။

ယခုလက်ရှိတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့အစီအစဉ်ဖြင့် တန်ဖိုးနည်းအိမ်ရာများအား လေးနှစ်အရစ်ကျဖြင့်ရောင်းချနေကြောင်း၊ ရန်ကုန်မြို့တွင် ယနေ့အထိ တန်ဖိုးနည်းအိမ်ရာဝယ်ယူခွင့်ရခဲ့သော်လည်း ဈေးနှုန်းများပြားနေခြင်းကြောင့် ငွေလာမသွင်းနိုင်သည့် လျှောက်ထားသူအများအပြားရှိနေကြောင်း ဒေါက်တာညိုညိုသင်းကဆိုသည်။

"အဲဒီတော့ ပြည်သူလူထုက တကယ်ပဲ တန်ဖိုးနည်းအိမ်ရာကိုမဲပေါက်တာတောင် ၀ယ်နိုင်တဲ့အနေအထားမရှိဘူးလို့ ငြင်းချက်ထုတ်လို့မရပါဘူး။ ဒါဆိုအခြားနိုင်ငံတွေ ဘယ်လိုလုပ်သလဲလေ့လာကြည့်တဲ့အခါ နိုင်ငံတကာဘဏ်တွေနဲ့ချိတ်ဆက်ပြီး ပြည်တွင်းဘဏ်တွေနဲ့ချိတ်ဆက်ပြီး နှစ်ရှည်စနစ်နဲ့ပြည်သူလူထုကို ၀ယ်ယူခွင့်ပေးတာတွေ လေ့လာတွေ့ရှိရပါတယ်။ အဲဒီတော့ နိုင်ငံတကာကလည်း မြန်မာနိုင်ငံကိုအကူအညီအများကြီးပေးနေတော့ နိုင်ငံတကာစီမံကိန်းတွေနဲ့ နိုင်ငံတကာဘဏ်တွေနဲ့ချိတ်ဆက်ပြီးတော့ ပြည်သူလူထုကို နှစ် ၂၀၊ ၃၀ စတဲ့ နှစ်ရှည်စနစ်နဲ့ဝယ်ယူခွင့်ပေးမယ်ဆိုရင် ပြည်သူလူထုလည်းသက်သာတယ်။ အစိုးရလည်းဝန်ပေါ့သွားမှာဖြစ်ပါတယ်" ဟု ဒေါက်တာညိုညိုသင်းက ဆက်လက်ပြောကြားသည်။

ရန်ကုန်မြို့တွင် အိမ်ရာလိုအပ်ချက်များမြင့်တက်လာပြီး ယင်းအိမ်ရာလိုအပ်ချက်များကိုဖြည့်ဆည်းပေးနိုင်ရန် တန်ဖိုးနည်း၊ တန်ဖိုးမျှတအိမ်ရာများကို မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးမှုဦးစီးဌာန၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီတို့၏ကြီးကြပ်မှုဖြင့် အကောင်အထည်ဖော်ခဲ့သော်လည်း ဈေးနှုန်းများမှာ အခြေခံပြည်သူများလက်လှမ်းမမီသည့်ဈေးနှုန်းများဖြစ်နေကြောင်း၊ တန်ဖိုးမျှတအိမ်ရာများမှာ တစ်ခန်းလျှင် ကျပ်သိန်း ၂၀၀ ကျော်၊ ၃၀၀ ကျော်၊ တန်ဖိုးနည်းအိမ်ရာများမှာ ကျပ်သိန်း ၁၁၀ မှ ၁၂၀ ကျော်အထိရှိနေရာ အခြေခံပြည်သူများ ၀ယ်ယူရန်မလွယ်ကူသေးပေ။

ယခုဘဏ္ဍာရေးနှစ်အတွင်းနှင့် လာမည့် ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တို့တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း တန်ဖိုးနည်း၊ တန်ဖိုးလတ်နှင့် တန်ဖိုးမျှတအိမ်ရာများ ဆက်လက်အကောင်အထည်ဖော်ရန်ရှိနေသည်ဟု ထုတ်ပြန်ထားရာ ယင်းသို့လက်လှမ်းမမီသည့်ဈေးနှုန်းများဖြစ်နေမည်ဆိုလျှင် ၀ယ်ယူနိုင်ဦးမည်မဟုတ်ကြောင်း သုံးသပ်နေကြသည်။

Credit: eleven media group

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
ပိုင်ဆိုင်မှုအထောက်အထား စာရွက်စာတမ်းများ ပျောက်ဆုံးနေသော ပါမစ်မြေအား ဂရန်(မြေငှားစာချုပ်) လျှောက်ထားလိုလျှင် သိရှိရမည့်အ
ပိုင်ဆိုင်မှုအထောက်အထား စာရွက်စာတမ်းများ ပျောက်ဆုံးနေသော ပါမစ်မြေအား ဂရန်(မြေငှားစာချုပ်) လျှောက်ထားလိုလျှင် သိရှိရမည့်အ

Upcoming Property Events

From 02 Aug To 03 Aug

Inno City Special Sales Event

From 08 Jul To 08 Aug

Central Shophouse

Myanmar's No. 1 Car Portal
Myanmar's No. 1 C2C E-commerce Portal

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service