ကာလပေါက်ဈေး - Property Knowledge in Myanmar from iMyanmarHouse.com
2179 Views

ကာလပေါက်ဈေး

Knowledge | Posted by Hnin Ei Khin

“ကာလပေါက်ဈေး” ဆိုသည်မှာ ကုန်ပစ္စည်းတစ်ခု၏ အချိန်ကာလတစ်ခုအတွင်း လက်ရှိအရောင်းအ၀ယ်ဖြစ်ပေါ်နေသော ဈေးနှုန်းဖြစ်သည်။ အိမ်၊ ခြံ၊ မြေတွင်လည်း ပေါက်ဈေးရှိသကဲ့သို့ လူသုံးကုန်ပစ္စည်းများတွင်လည်း ပေါက်ဈေးအမျိုးမျိုးရှိပေသည်။ အချိန်ကာလအပြောင်းအလဲများအရ ပစ္စည်းတစ်ခု၏ ပေါက်ဈေးသည်လည်း အမျိုးမျိုးပြောင်းလဲနိုင်သည်။ ကုန်ပစ္စည်းသာမက အိမ်၊ ခြံ၊ မြေ၏ ဈေးနှုန်းများသည်လည်း ထိုကဲ့သို့ပင်ဖြစ်သည်။

တစ်နည်းအားဖြင့်ဆိုလျှင် ပေါက်ဈေးဆိုသည်မှာ အမှန်တကယ် အရောင်းအ၀ယ်ဖြစ်ပေါ်နေသော ဈေးနှုန်းဖြစ်သည်။ အိမ်၊ ခြံ၊ မြေ၏ ပေါက်ဈေးကို အတိအကျပြောဆိုရန် မလွယ်ကူပေ။ တခြား ကုန်ပစ္စည်းများဖြစ်သော ရွှေ၊ ရေနံ၊ သစ် စသဖြင့် ကုန်ပစ္စည်းတို့တွင် အချိန်ကာလတစ်ခုအတွင်း ပြောင်းလဲဖြစ်ပေါ်နေသော ပေါက်ဈေးအတိအကျရှိသော်လည်း အိမ်၊ ခြံ၊ မြေ၏ ပေါက်ဈေးကို အတိအကျသတ်မှတ်ရန်၊ အတိအကျပြောဆိုရန်လည်းမရပေ။ အိမ်၊ ခြံ၊ မြေ၏ ပေါက်ဈေးကို အချိန်ကာလတစ်ခုအတွင်း နေရာဒေသအလိုက် အိမ်၊ ခြံ၊ မြေအရောင်းအ၀ယ်ဖြစ်ပေါ်နေသော အနီးစပ်ဆုံးခန့်မှန်းပြောဆိုနိုင်မှုသာရှိပေသည်။

အိမ်၊ ခြံ၊ မြေရောင်းချမည့်သူများအနေဖြင့်လည်း မိမိ၏ အိမ်၊ ခြံ၊ မြေများရောင်းမထွက်ခြင်း၊ အရောင်းအ၀ယ်ကြန့်ကြာနေရခြင်း များ အဓိကအားနည်းချက်မှာ အချိန်ကာလတစ်ခုအတွင်း လက်ရှိဖြစ်ပေါ်နေသော ကာလတစ်ခုအတွင်း လက်ရှိဖြစ်ပေါ်နေသော ကာလပေါက်ဈေးထက် အဆမတန်မြှင့်တက်၍ ခေါ်ဆိုထားခြင်းကြောင့် အရောင်းအ၀ယ်ကြန့်ကြာနေခြင်းများပင်ဖြစ်သည်။

ထို့ကြောင့် အိမ်၊ ခြံ၊ မြေရောင်းချမည့်သူများအနေဖြင့် လက်ရှိဖြစ်ပေါ်နေသော ကာလပေါက်ဈေးများကို စုံစမ်း၍ ကာလပေါက် ဈေးနှင့်အနီးစပ်ဆုံး ခေါ်ဆိုနိုင်ရန်၊ မိမိပတ်ဝန်းကျင်တွင် ဖြစ်ပေါ်နေသော အိမ်၊ ခြံ၊ မြေ၏ ဈေးနှုန်းများကို စုံစမ်း၍သော်လည်း ကောင်း၊ မိမိရောင်းချမည့်အိမ်၊ ခြံ၊ မြေ၏ ကာလပေါက်ဈေးများကို သိရှိသူများအားစုံစမ်း၍လည်းကောင်း၊ အိမ်၊ ခြံ၊ မြေ အကျိုး ဆောင်များတွင် စုံစမ်းမေးမြန်း၍လည်းကောင်း ညှိနှိုင်းတိုင်ပင်ဆုံးဖြတ်ရန်လိုပါသည်။

Credit: Myanmar Property News

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ

Upcoming Property Events

From 12 Jul To 13 Jul

ERC Luxury Condo

From 12 Jul To 13 Jul

Magical World

ERC Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service