ဟိုတယ်ဝန်ဆောင်မှုများ ပါဝင်သော ကွန်ဒိုများ တည်ဆောက်နေ - Property News in Myanmar from iMyanmarHouse.com
1170 Views

ဟိုတယ်ဝန်ဆောင်မှုများ ပါဝင်သော ကွန်ဒိုများ တည်ဆောက်နေ

နိုင်ငံတကာ စံချိန်စံညွှန်းတွေအရ ဘယ်လို အချက်အလက်တွေပါမှ ကွန်ဒို အဖြစ် သတ်မှတ်ပါသလဲ။
စင်ကာပူ၊ ထိုင်းတို့မှာ ရှိတဲ့ ကွန်ဒို တွေကို ကိုယ်တိုင်လည်း ဝယ်ခဲ့ဖူးသလို နေလည်း နေခဲ့ဖူးတယ်။ အဓိက အချက် ကတော့ ၂၄ နာရီ လုံခြုံရေးစနစ်၊ လုံလောက်တဲ့ ကားပါကင် ရှိရမယ့်အပြင် သန့်ရှင်းတဲ့ ရေပေးဝေရေးစနစ်ရှိရမယ်။ ကွန်ဒိုတစ်ခုမှာ မရှိမဖြစ် ပါဝင်ရမယ့် ကစားကွင်းတွေ၊ Club house တွေလည်း ပါရမယ်။ Function hall လည်း ပါရမယ်။ ကျန်းမာရေးအတွက်gym၊ swimming pool တွေလည်း ပါမယ်။ အခန်းအရေ အတွက်အရ လုံလောက်တဲ့ ဓာတ်လှေ ကားတွေလည်း ပါမှ ဖြစ်မယ်။ တပ်ဆင်ရ မယ့် ဓာတ်လှေကားတွေကလည်း high speed စနစ်ပါတဲ့ ဓာတ်လှေကားတွေ ဖြစ်ရမယ်။ ဓာတ်လှေကား အမြန်နှုန်းကို လည်း နိုင်ငံတကာမှာ တစ်စက္ကန့်ကို ၂ မီတာ၊၂ မီတာခွဲ၊ ၃ မီတာ၊ ၄ မီတာ ဆိုပြီး တပ်ကြတာ ရှိပါတယ်။

နိုင်ငံတကာ ကွန်ဒိုတွေမှာ တပ်ဆင် ထားတဲ့ စနစ်တွေကိုတော့ သိရပါတယ်။ အန်ကယ်တို့ အခုဆောက်နေတဲ့ THE ILLUSTRA မှာ ဘယ်လို အချက်အလက် တွေကို ထည့်သွင်း တည်ဆောက်မှာပါလဲ။
ကျွန်တော်တို့ ဖြစ်ချင်တဲ့ အိပ်မက်အရ ဖြစ်ချင်တာတွေ အများကြီးရှိတယ်။ ကျွန် တော် နိုင်ငံပေါင်းစုံကို လှည့်ပြီး လေ့လာ ခဲ့တယ်။ အနီးစပ်ဆုံး စင်ကာပူနိုင်ငံက luxury ကွန်ဒိုတွေကို သွားပြီး လေ့လာခဲ့ သလို slow flat တွေကိုလည်း သွား ကြည့်ခဲ့တယ်။ ဆောက်ပြီးသား ကွန်ဒိုတွေ က ပေးတဲ့ ဝန်ဆောင်မှုတွေ၊ လုပ်ငန်း လည်ပတ်မှုတွေကို သွားကြည့်ခဲ့ပြီး မြန်မာ ပြည်မှာလည်း အဲဒီလို အရမ်းကောင်းတဲ့ ကွန်ဒိုမီနီယမ်တစ်ခု ရှိစေချင်တဲ့ ဆန္ဒ ဖြစ် ပေါ်လာတယ်။ အဆင့်မြင့်ကွန်ဒိုအရည် အသွေးအတိုင်း အဲကွန်းစနစ်တွေ၊ kitchen system တွေ၊ ရေကူးကန်တွေ အပြင် သာရေး၊ နာရေးမှာ သုံးလို့ရတဲ့ Function hall တွေလည်း ထည့်သွင်း တည်ဆောက်သွားပါမယ်။ ကျွန်တော်တို့ တိုင်းပြည်မှာ Function hall တွေက ပိုလိုတယ်။ ကျွန်တော်တို့ အလှူတွေသွား တဲ့အခါတို့၊ နာရေးသတင်း သွားမေးတဲ့ အခါတို့မှာ တိုက်ခန်းတွေမှာ အခက်အခဲ တွေ အများကြီး ကြုံရပါတယ်။ အဲဒါတွေ အတွက် အခန်းအကျယ်ကြီးကို ထည့်ပေး ထားတဲ့အပြင် ကလေး၊ လူကြီး နားနေဖို့ အတွက် club house တွေ၊gym တွေ၊ baby swimming pool၊ ကစားကွင်းတွေ ကိုလည်း ထည့်ပေးထားပါတယ်။

ဟိုတယ်ဝန်ဆောင်မှုတွေကို ကွန်ဒို တချို့မှာ Service ပေးနေတယ်လို့ နိုင်ငံ တကာ သတင်းစာမျက်နှာတွေမှာ တွေ့နေရ တော့ အခုဆောက်နေတဲ့ ကွန်ဒိုမှာ ဘယ်လို ဟိုတယ်ဝန်ဆောင်မှုတွေ ထည့်သွင်းပေး ထားပါသလဲ။
ရေကူးကန်တွေ၊ နားနေခန်းတွေ ကတော့ ကွန်ဒိုတိုင်းမှာ ပါပေမယ့် ကျွန်တော်တို့က လုံခြုံရေး အပိုင်းတွေ၊ ဟိုတယ်ဝန်ဆောင်မှုတွေလည်း ထည့်ပေး ထားတယ်။ စိတ်ကူးကတော့ ကွန်ဒိုနဲ့ ဟိုတယ်ဝန်ဆောင်မှုကို ပေါင်းစပ် ထည့် သွင်းပေးထားတဲ့ စိတ်ကူးဖြစ်တယ်။ နောက်တစ်ခုထားတဲ့ ဈေးကွက်ပစ်မှတ်က တော့ နောင်တစ်ချိန် ကွန်ဒိုဥပဒေ ထွက် လာလို့ နိုင်ငံခြားသားတွေ ပိုင်ဆိုင်ခွင့် ရလာရင် ဒါမှမဟုတ် ပြည်တွင်းက ဖောက်သည်တွေက ဝယ်ပြီး ပြည်ပ နိုင်ငံခြားသားတွေကို ပြန်ငှားစားတာတွေ ဖြစ်လာနိုင်တယ်။ ဒီနိုင်ငံခြားသားတွေက maid တွေ ထားပြီးနေမှာလည်း သူတို့ အတွက် ခက်တယ်။ Maid မထားချင်တဲ့ နိုင်ငံခြားသားတွေအတွက် laundry service၊ house keeping ဝန်ဆောင်မှု တွေ၊ room service တွေလည်း ပေးဖို့ စီစဉ်ထားပါတယ်။ ကွန်ဒိုမှာ နေတဲ့သူတွေ အစားအစာတွေကို အလွယ်တကူ မှာစား လို့ ရအောင် လုပ်ပေးထားတယ်။ နိုင်ငံ တကာက ကြယ်ငါးပွင့်အဆင့် ဟိုတယ်ကြီး တွေရဲ့ဝန်ဆောင်မှုပုံစံအတိုင်း ဆောင်ရွက် ပေးထားမှာ ဖြစ်ပါတယ်။

နိုင်ငံတကာက ကွန်ဒိုတွေမှာ အမှိုက် သိမ်းစနစ် Tube Type တွေအပြင် တခြားသော စနစ်တွေနဲ့ ဝန်ဆောင်မှုပေးနေ တယ်လို့ သိရပါတယ်။ အန်ကယ်တို့က ဘယ်လိုစနစ်နဲ့ ဝန်ဆောင်မှုပေးမှာပါလဲ။
နိုင်ငံတကာ ကွန်ဒိုတွေမှာ အမှိုက် သိမ်းစနစ်ကို Tube system အပြင်manual collect-rial စနစ်ကို သုံးတာ ရှိပေမယ့် ကျွန်တော်တို့ကတော့ ဒုတိယ နည်းကို သုံးပေးထားတယ်။ Tube စနစ် က တိုင်းပြည်အတွက် သိပ်မအပ်စပ်ဘူးလို့ ထင်တယ်။ ပိုးဟပ်၊ ကြွက်တွေ၊ သန့်ရှင်း ရေးစနစ်တွေနဲ့ ဆိုတော့ နည်းနည်း ပြဿနာ ရှိတယ်။ Service lift နဲ့ ကပ်လျက်နေရာလေးတွေမှာ အမှိုက်ပုံး တွေကို အထပ်တိုင်း ထားပေးထားရမယ်။ အမှိုက်ထားတဲ့ အခန်းလေးတွေကိုလည်း အထပ်တိုင်းထားပြီး တစ်နေ့ နှစ်ကြိမ် သိမ်းပေးပါမယ်။

နိုင်ငံတကာကွန်ဒိုလို အဆင့်အတန်း သတ်မှတ်မယ်ဆိုရင် THE ILLUSTRA က ဘယ်အဆင့်မှာ ရှိနိုင်မလဲ။
ကျွန်တော်တို့ကတော့ လုပ်ပေးနိုင် သမျှအားလုံးကို အရည်အသွေး၊ ဝန် ဆောင်မှုအပိုင်း၊အတွင်းမှာ တပ်ဆင်ထား တဲ့ ပစ္စည်းတွေနဲ့ ထည့်သွင်းတည်ဆောက် မှုတွေကို စနစ်တကျနဲ့ ပြည့်ပြည့်စုံစုံ လုပ်ထားပေးပါတယ်။

Credit: thetradetimes

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ

Upcoming Property Events

From 02 Aug To 03 Aug

Inno City Special Sales Event

From 08 Jul To 08 Aug

Central Shophouse

Myanmar's No. 1 Car Portal
Myanmar's No. 1 C2C E-commerce Portal

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service