လုပ်ငန်းမလုပ်သေးသော ဇုန်မြေကွက်ပိုင်ရှင်များ စီမံကိန်းတင်ပြရန် အသိပေး - Property News in Myanmar from iMyanmarHouse.com
1001 Views

လုပ်ငန်းမလုပ်သေးသော ဇုန်မြေကွက်ပိုင်ရှင်များ စီမံကိန်းတင်ပြရန် အသိပေး

လုပ်ငန်းမလုပ်သော စက်မှုဇုန် မြေကွက်လွတ်များကို ပိုင်ရှင်များကိုယ်တိုင် တိုင်းဒေသ ကြီး စက်မှုဇုန်စီမံခန့်ခွဲမှုကော်မတီ သို့ လာရောက်ဆက်သွယ်ပြီး လုပ် ငန်းစီမံကိန်းများတင်ပြရန် စက်မှု ဇုန်များသို့ စာပို့ထားကြောင်း သ တင်းရရှိသည်။

‘‘သူတို့ကိုယ်တိုင်တင်ပြဖို့ကို တိုင်းအစိုးရက ပြောထားတယ်’’ ဟု လှိုင်သာယာစက်မှုဇုန်စီမံခန့် ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဦးမြတ်သင်း အောင်က ပြောကြားသည်။

ရန်ကုန်တိုင်း ဒေသကြီးရှိ စက်မှုဇုန်များတွင် လုပ်ငန်းမလုပ် ဘဲ ဇုန်မြေကွက်ဝယ်ကာ ရင်းနှီး မြှုပ်နှံမှုအဖြစ် လုပ်ကိုင်ကြ၍ ယင်းကဲ့သို့ မြေကွက်အလွတ် ဧကလေးထောင့်လေးရာကျော် ရှိသည်။ အဆိုပါ မြေများကို ဖေဖော်ဝါရီ တစ်ရက်နေ့ထိ လုပ်ငန်းအကောင်အထည်မဖော်နိုင်ပါက နိုင်ငံတော်သို့ ပြန်လည်အပ်နှံရမည်ဟု ရန်ကုန်တိုင်းဒေသကြီး စက်မှုဇုန်စီမံ ခန့်ခွဲမှုကော်မတီက အောက်တိုဘာ ၃၁ ရက်တွင် သတင်းထုတ်ပြန် သည်။

‘‘လောလောဆယ်တော့ တည်ဆောက်မှုတွေ ဘယ်လိုလုပ် မယ်ဆိုတာ စီမံကိန်းတွေ တင်ပြဖို့ တောင်းထားတယ်’’ဟု စက်မှုဝန် ကြီးဌာနမှ ဒုတိယညွှန်ကြားရေး မှူးချုပ် ဒေါ်အေးအေးဝင်းက ပြောကြားသည်။

လုပ်ငန်းရှင်များအနေဖြင့် စီ မံကိန်းများကို အချိန်မီ စနစ်တကျမတင်ပြနိုင်ပါက အရေးယူသွားမည်ဟု ပြောကြားသော်လည်း မည်ကဲ့သို့ အရေးယူမည်ကို အတိ အကျမသိသေးကြောင်း ၎င်းက ဆိုသည်။

လက်ရှိရန်ကုန်တိုင်းဒေသ ကြီးရှိ စက်မှုဇုန် ၂၉ ဇုန်တွင် မြေ ကွက်အလွတ် ၂၃၃၉ ကွက်နှင့် လုပ်ငန်းလုပ်ကိုင်ခြင်းမရှိသော ဂို ဒေါင် ၁၂၉၉ လုံးရှိကြောင်း ရန် ကုန်တိုင်းဒေသကြီး စက်မှုဇုန်စီမံ ခန့်ခွဲမှုကော်မတီက ကြေညာချက် ထုတ်ပြန်ခဲ့သည်။

စက်မှုဇုန်မြေကွက်များနှင့် ပတ်သက်၍ မြို့ရွာနှင့် အိုးအိမ်ဖွံ့ ဖြိုးရေးဦးစီးဌာနသည် အဆောက် အအုံ မဆောက်လျှင် မြေကွက် များ ပြန်လည်သိမ်းယူမည်ဟု အကြိမ်ကြိမ် ကြေညာချက်များ ထုတ်ခဲ့သည်။ သို့သော် မြေကွက် ဈေးနှုန်းများသာ တစ်နှစ်ထက် တစ်နှစ်ပိုတက်လာသော်လည်း သိမ်းယူနိုင်ခြင်း မရှိသဖြင့် ကြေညာချက်များကို လုပ်ငန်းရှင်များ က အလေးမထားကြောင်း အရှေ့ ဒဂုံစက်မှုဇုန်မှ ဆောက်လုပ်ရေး ပစ္စည်းများ ထုတ်လုပ်နေသော လုပ်ငန်းရှင်တစ်ဦးက ပြောကြား သည်။

လက်ရှိတွင် စက်မှုဇုန်မြေ ကွက်များသည် တစ်ကွက်လျှင် ကျပ် သိန်းပေါင်းထောင်ချီ၍ တန် ဖိုးရှိနေပြီး ငွေကြေးခ၀ါချလိုသူ များနှင့် မြေကစားလိုသူများ အ တွက် ဈေးကွက်ဖြစ်နေသည်။ သက်ဆိုင်ရာအစိုးရက မြေကွက်များကို အမှန်တကယ် ပြန်လည် သိမ်းယူပါက ဈေးနှုန်းများ လျော့ ကျသွားနိုင်ကြောင်း အိမ်ခြံမြေအ ကျိုးဆောင်များက ခန့်မှန်းနေကြ သည်။


Credit: 7 day daily

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
ကြေးနီနဲ့ ပြုလုပ်ထားတဲ့ ရေဘူးကို သုံးခြင်းရဲ့ ကောင်းကျိုးများ
ကြေးနီနဲ့ ပြုလုပ်ထားတဲ့ ရေဘူးကို သုံးခြင်းရဲ့ ကောင်းကျိုးများ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်

Upcoming Property Events

From 02 Aug To 03 Aug

Inno City Special Sales Event

From 02 Aug To 03 Aug

Emerald Bay Luxury Condo

From 08 Jul To 08 Aug

Central Shophouse

YADANAR BON

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service