FMIကုမ္ပဏီ ယခင်ဘဏ္ဍာနှစ်တွင် ကျပ်သန်းသုံးထောင်ကျော်မြတ်ဟု ကြေညာ - Property News in Myanmar from iMyanmarHouse.com
1122 Views

FMIကုမ္ပဏီ ယခင်ဘဏ္ဍာနှစ်တွင် ကျပ်သန်းသုံးထောင်ကျော်မြတ်ဟု ကြေညာ

မြန်မာနိုင်ငံ၏ ပထမဆုံး အများပိုင်ကုမ္ပဏီတစ်ခုဖြစ်သော FMIကုမ္ပဏီသည် ၂၀၁၃ - ၁၄ ဘဏ္ဍာနှစ်တွင် ၎င်း၏လုပ်ငန်းအ များစုမှ အသားတင်အမြတ်ငွေ ကျပ် ၃၀၁၆သန်းရရှိခဲ့ပြီး ကုမ္ပဏီ သက်တမ်းတစ်လျှောက် အမြင့်ဆုံးကိန်းဂဏန်းအဖြစ် စံချိန်တင်ခဲ့ကြောင်း အဆိုပါကုမ္ပဏီဥက္ကဋ္ဌဦးသိမ်းဝေက ပြောသည်။

ယခုဘဏ္ဍာနှစ်အတွက် ကုမ္ပဏီ၏ စုစုပေါင်းဝင်ငွေသည် ပြီးခဲ့သည့် ဘဏ္ဍာနှစ်ထက် ၇၈ ရာခိုင်နှုန်းတိုးတက်ခဲ့ပြီး ကျပ်သန်း ၃၆၀၀ကျော်စံချိန်တင်ရရှိခဲ့ ကြောင်း ကုမ္ပဏီကကြေညာ ခဲ့သည်။

‘‘ဒီနှစ်က ငွေရေးကြေးရေး အရ လွန်စွာအကျိုးဖြစ်ထွန်းတဲ့ နှစ်ဖြစ်တယ်လို့ ဂုဏ်ယူစွာပြော လိုပါတယ်’’ဟု ဦးသိမ်းဝေကပြော သည်။

အဆိုပါ ကုမ္ပဏီသည်လက် ရှိတွင် ဘဏ်လုပ်ငန်း၊ အိမ်ရာ ဖော်ထုတ်ရေးစီမံကိန်း၊ လေ ကြောင်းလိုင်းလုပ်ငန်းနှင့် ကျန်း မာရေးဝန်ဆောင်မှုလုပ်ငန်းများ ဦးစားပေး လုပ်ကိုင်နေသော ကုမ္ပဏီတစ်ခုဖြစ်သည်။

‘‘လက်ကျန်ငွေပြောရင် တောင် သိသာစွာတိုးတက်လာပါ တယ်။ ပြီးခဲ့တဲ့နှစ်က အောင်မြင် စွာနဲ့ အစုရှယ်ယာသစ်မတည်ရင်း နှီးငွေကျပ် ၂၇ဒသမ ၅ဘီလီယံ ထပ်မံစုနိုင်ခဲ့ပါတယ်။ ဒါကို အနာ ဂတ်လုပ်ငန်းတွေမှာ ရင်းနှီးမြှုပ်နှံ ဖို့လုပ်ထားပါတယ်’’ဟု ဦးသိမ်း ဝေကဆိုသည်။

ပြီးခဲ့သည့်နှစ်တွင် ကုမ္ပဏီ၌ အစုရှယ်ယာများထုတ်ရောင်းချ ရာ ရှယ်ယာရှင်သစ်တစ်ထောင် ကျော်တိုးလာခဲ့ပြီး လက်ရှိတွင် ရှယ်ယာရှင်ဦးရေ ၆၇၀၀နီးပါးရှိ လာခဲ့သည်။ ကုမ္ပဏီ၏ စုစုပေါင်း ပိုင်ဆိုင်မှုသည် ကျပ် ၇၃ဒသမ ၄ ဘီလီယံရှိပြီး ၁၂၁ရာခိုင်နှုန်းတိုး တက်လာခဲ့ကြောင်း ထုတ်ပြန် သည်။ ထို့ကြောင့် ယခုနှစ်တွင် ကုမ္ပဏီ၏ အစုရှယ်ယာ ၁၀စု ပိုင် ဆိုင်သူတိုင်းသည် ရှယ်ယာတစ်စု ထပ်မံရရှိခဲ့သည်။ လက်ရှိတွင် FMIရှယ်ယာများမှာ OTCဈေး ကွက်တွင် ကျပ် ၁၀၀၀၀ခန့်ဖြင့် အရောင်းအ၀ယ်ဖြစ်နေပြီး အစု ရှယ်ယာတစ်စုအတွက် ထပ်မံရရှိ သော အမြတ်ငွေသည် ၁၁၀၀ ကျပ်နှင့် တစ်စု စုစုပေါင်းအမြတ် ဝေစု ၂၀၀ကျပ်ရရှိမည်ဖြစ်သည်။

FMI ကုမ္ပဏီကို ၁၉၉၂ခုနှစ် တွင် မြန်မာနိုင်ငံ၌ ပထမဆုံး အများပိုင်ကုမ္ပဏီအနေဖြင့်တည် ထောင်ခဲ့ပြီး FMI Cityအိမ်ရာ၊ သန်လျင်မှ ကြယ်စင်အိမ်ရာ၊ရိုးမ ဘဏ်လုပ်ငန်း၊ ပန်းလှိုင်ဆေးရုံ လုပ်ငန်းနှင့် FMI Airလေကြောင်း လိုင်းစသည်တို့ လုပ်ကိုင် လျက်ရှိသည်။

Credit: 7 Day Daily

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ
အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်း
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်း
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်

Upcoming Property Events

From 09 Aug To 10 Aug

THADAR CONDOMINIUM

From 09 Aug To 10 Aug

Mingalar Market

From 27 Sep To 28 Sep

18th Property and Car Expo

THADAR CONDOMINIUM

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service