နိုင်ငံတော်အစိုးရအနေဖြင့် စီမံချက်များ ချမှတ်ပြီး ကြပ်မတ်ပေးမှ အိမ်ခြံမြေဈေးနှုန်းများကို ထိန်းချုပ်မှုပြုနိုင်မည် - Property News in Myanmar from iMyanmarHouse.com
1464 Views

နိုင်ငံတော်အစိုးရအနေဖြင့် စီမံချက်များ ချမှတ်ပြီး ကြပ်မတ်ပေးမှ အိမ်ခြံမြေဈေးနှုန်းများကို ထိန်းချုပ်မှုပြုနိုင်မည်

လက်ရှိအနေအထားအရ မြန်မာ့ အိမ်ခြံမြေဈေးနှုန်း မြင့်တက်နေခြင်း ကို ထိန်းချုပ်ရန်မှာ နိုင်ငံတော်အစိုးရ အနေဖြင့် စီမံချက်များ ချမှတ်ပြီး ကြပ်မတ်ပေးနိုင်မှ ဖြစ်နိုင်ကြောင်း အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း လုပ်ကိုင်နေသော လုပ်ငန်းရှင်များ ထံမှ သိရသည်။

”အခုဝယ်နေတာက နေဖို့ထက် ရင်းနှီးမြှုပ်နှံဖို့ ဝယ်နေတာဖြစ်ပြီး အဲဒီထဲမှာ လာဘ်ပေးလာဘ်ယူက ရတဲ့ ငွေတွေ၊ မူးယစ်ဆေးဝါးက ရတဲ့ ငွေတွေ၊ တခြားတရားမဝင်နည်းလမ်း တွေက ရတဲ့ ငွေတွေနဲ့ လာဈေးကစား ကြတာ ဖြစ်နေတယ်။ အိမ်ခြံမြေ လောကက ဝယ်လိုက်တာနဲ့ ဈေးတက် တဲ့ သဘောရှိတယ်။ အိမ်ခြံမြေဈေး ကျဖို့အတွက် တခြား ခိုင်မာတဲ့ ရင်းနှီး မြှုပ်နှံမှုတွေ လိုတယ်။ အခုအခွန်စနစ် နဲ့ ထိန်းချုပ်ဖို့ ကြိုးစားကြပေမယ့် အိမ်ဈေး၊ မြေဈေးတက်သလား၊ ကျ သလားဆိုတာကို တွက်ကြည့်လို့ ရပါ တယ်” ဟု ရွှေအိမ်ကမ္ဘာ အိမ်ခြံမြေ အကျိုးဆောင်ကုမ္ပဏီလီမိတက်မှ ဦးသိန်းလှညိုက ပြောသည်။

လုပ်အားခ ဈေးသက်သာခြင်း၊ စီးပွားရေးအခွင့်အလမ်းများ ပေါများ ခြင်းကြောင့် မြန်မာနိုင်ငံ စီးပွားရေး လုပ်ငန်းနယ်ပယ်တွင်းသို့ ပြည်တွင်း ပြည်ပ လုပ်ငန်းရှင်များ အနေဖြင့် လုပ်ငန်းများ တိုးချဲ့ခြင်း၊ လုပ်ငန်းသစ် များ လုပ်ကိုင်ရန် ပြင်ဆင်ခြင်းတို့ ပြုလုပ်လာကြသော်လည်း မြင့်မား နေသည့် မြေဈေးနှုန်းများနှင့် အခြေခံ အဆောက်အဦ လိုအပ်ချက်များ ကြောင့် ပြည်ပလုပ်ငန်းရှင်များ အနေ ဖြင့် အခြားနိုင်ငံများသို့ ပြောင်းလဲ ရင်းနှီးမြှုပ်နှံသည့် အခြေအနေများ ဖြစ်ပေါ်နေသည့်အတွက် အိမ်ခြံမြေ ဈေးနှုန်းနှင့် စက်မှုဇုန် မြေဈေးနှုန်း များ မြင့်တက်လာခြင်း မရှိစေရေး အတွက် အစိုးရက စီမံချက်များ ချမှတ်ပြီး ကြပ်မတ်ပေးရန် လိုအပ် လျက်ရှိခြင်းဖြစ်သည်။

၁၉၉၄ ခုနှစ်၌ စတင်ဖော်ထုတ် ခဲ့သည့် လှိုင်သာယာစက်မှုဇုန်မှ မြေ ကွက်များမှာ စတင်ချထားပေးခဲ့သည့် အချိန်၌ တစ်ဧကလျှင် ကျပ် သိန်း ၁ဝဝ ဝန်းကျင်ခန့်သာ ရှိခဲ့သော်လည်း ၂ဝ၁၄ ခုနှစ်တွင်မူ တစ်ဧကလျှင် ကျပ်သိန်း ၄,ဝဝဝ ကျော်အထိ မြင့် တက်လာကြောင်း၊ မြို့ကွက်သစ် များ၊ စက်မှုဇုန်သစ်များတွင်လည်း နှစ် ၂ဝ နီးပါး သက်တမ်းရှိလာသည့် ယခုအချိန်အထိ မြေကွက်လွတ်များ ကျန်ရှိနေခြင်းမှာ ကြိုတင်နေရာရယူ ထားခြင်းများ၊ နီးစပ်ရာသို့ ချပေးခြင်း များနှင့် အမှန်တကယ်နေထိုင်ရန် လုပ်ငန်းများ လုပ်ကိုင်ရန်ထက် အမြတ်တင် ပြန်လည်ရောင်းချရန် ဟူသည့် ရည်ရွယ်ချက်များကြောင့် ဖြစ်နိုင်ကြောင်း အိမ်ခြံမြေအကျိုး ဆောင်များက ပြောသည်။

”အခုကောက်နေတဲ့ အခွန်ကို ဝယ်မယ့်သူတွေက ပေးနေရတာဖြစ် တယ်။ ဈေးက အကျမရှိဘဲ ပုံမှန် အတိုင်းပဲ ရှိပြီး အကွက်အကွင်းကျတဲ့ နေရာတွေမှာဆိုရင် မြေကွက်တွေက ရှာရခက်သွားပြီ” ဟု အေးရိပ်စံ အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းမှ ဒေါ်နီလာကျော်က ပြောသည်။

နိုင်ငံတော်က အိမ်ခြံမြေ ဈေးနှုန်း များကျဆင်းစေရန် အခွန်စနစ်သစ် များ ပြဋ္ဌာန်းခြင်း၊ မြို့နယ်အလိုက် မြေ ဈေးနှုန်းများ၊ တိုက်ခန်းဈေးနှုန်းများ သတ်မှတ် ကောက်ခံခြင်း၊ နှစ် အလိုက် ပြောင်းလဲလာသည့် ဈေး ကွက်အခြေအနေနှင့် ကိုက်ညီစေရန် မြေတစ်ပေပတ်လည်နှုန်းထားများ ကို ပြင်ဆင်ပေးခြင်း စသည်တို့ဖြင့် ဆောင်ရွက်လုပ်ကိုင်နေသော်လည်း အိမ်ခြံမြေဈေးနှုန်းများ အကျမရှိဘဲ ဆက်လက်တက်နေဆဲဖြစ်သဖြင့် ယခုထက် ထိရောက်သော စီမံချက် များ ချမှတ်လုပ်ကိုင်ရန် လိုအပ် ကြောင်း မြန်မာနိုင်ငံ၏ အိမ်ခြံမြေ အခြေအနေ စောင့်ကြည့်လေ့လာ သူများက ပြောသည်။

”တကယ်နေမယ့် သူတွေရဲ့ လက်ထဲရောက်ရင် ဈေးကကြီးနေပြီ။ အိမ်ခြံမြေဈေးကွက်ကို ထိန်းတဲ့နည်း စနစ်တွေက တခြားနိုင်ငံတွေမှာ အများကြီးရှိပါတယ်။ နိုင်ငံတစ်နိုင်ငံ နဲ့ တစ်နိုင်ငံ လုပ်နည်းတွေတော့ ကွာ တာပေါ့။ ဒါပေမယ့် အခုလို အုံနဲ့ကျင်း နဲ့ လုပ်နေတာကို ခွင့်မပြုပါဘူး။ အစိုးရအနေနဲ့ အမြဲတမ်း watch လုပ်ပေးနေတာပါ” ဟု စိုင်းခွန်နောင် အိမ်ခြံမြေအကျိုးဆောင် ကုမ္ပဏီ လီမိတက်မှ အုပ်ချုပ်မှု ဒါရိုက်တာ ဦးစိုင်းခွန်နောင် ခေါ် ဦးကြည်လင်က ပြောသည်။

Credit: The Trade Times

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမ
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမ
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ

Upcoming Property Events

From 02 Aug To 03 Aug

Inno City Special Sales Event

From 08 Jul To 08 Aug

Central Shophouse

Myanmar's No. 1 Car Portal
Myanmar's No. 1 C2C E-commerce Portal

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service