‘‘ ပါမစ်ပေါက် ’’၊ ‘‘ဂရန်သစ် ’’လျှောက်လို့ ရပေမယ့်  ရတက်မအေးနိုင်တာက ‘‘မြေချပါမစစ် မူရင်း’’ လက်ဝယ်ရှိသူတွေ - Property Knowledge in Myanmar from iMyanmarHouse.com
2629 Views

‘‘ ပါမစ်ပေါက် ’’၊ ‘‘ဂရန်သစ် ’’လျှောက်လို့ ရပေမယ့်  ရတက်မအေးနိုင်တာက ‘‘မြေချပါမစစ် မူရင်း’’ လက်ဝယ်ရှိသူတွေ

Knowledge | Posted by Hnin Ei Khin

လက်ဖက်ရည်ဆိုင် မှာထိုင်ပြီးတိုင်ပင်ကြစို့ ခုတလော အိမ၊်ခြ၊ံမြေ အရောင်းအဝယ် အေးသွားပေမယ့် ၊အိမ်ခြံမြေအကျိုးဆောင် ပွဲစားများထိုင်နေကျ ၊ လက်ဖက် ရည်ဆိုင်
မှာတော့ …..ပုံမှန်ထိုင်နေကြ၊ ဆွေးနွေးကျ၊တို်င်ပင်ကျဆဲ ရှိပါတယ်။အကွက်လှကြောင်းဈေးတန်ကြောင်းအချို့ အချောင်ဈေးဖြစ်ကြောင်းရောင်းလိုသူချင်း အပြန်အလှန် ထောက်ခံ နေကြပေမယ့် ထုံးစံအတိုင်း ဝယ်သူမဆင်းတာ တွေ့ ရသဖြင့် တစ်နေကုန် ထိုင်နေကြ။ မနက်ပိုင်း တစ်ပိုင်း ထိုင်ပြီး ပြန်ကျကို တွေ့ ရပါတယ်။

အေးသွားတာက ‘‘ မြေ ’’၊ စည်နေတာက ‘‘ မြို့ တော် ခန်းမ’’

အိမ်ခြံမြေ အရောင်းအ၀ယ် ဈေးကွက်ငြိမ် နေတဲ့ အခါ၊ အိမ်ခြံမြေ အရောင်းအဝယ် ကုမ္မဏီထူထောင်ထားသူများကတော့ ငြိမ်ငြိမ်မနေ လှုပ်ရှားနေကြတယ်။ ဘယ်မှာ..လှုပ်ရှားနေကြလဲ ဆိုတော့ ရန်ကုန် မြို့ တော်ခန်းမ မှာလေ။ ဘာလုပ်နေကြတာပါလိမ့်….ဟု စုံစမ်းကြ မိတယ်။

မူရင်းပျောက်လို့ ဂရန် သစ်လျှောက်

ရန်ကုန်မြို့ တော်ခန်းမ ၊မြို့ ပြစီမံကိန်းနဲ့ မြေစီမံခန့် ခွဲမှု ဌာန မှာ မြေချပါမစ်ကနေ ဂရန်သစ်လျှောက်သူများ ၊ဂရန်သစ်ရလို့ လာထုတ်ကြသူများကို တွေ့ ရပါတယ်။ အချို့ကလည်းမိမိ အမည်ပေါက် ဂရန်ပျောက် သွားလို့ ၊အမည်ပေါက်ဂရန် မိတ္တူ ပြန်လျှောက်ကြတာကိုလဲတွေ့ ရပါတယ်။မြို့ တော်ခန်းမမှာစည်ကားနေရခြင်း အကြောင်း ထဲမှာလူအများစိတ်ဝင်စားဆုံးက…မြေချပါမစ်ပျောက်ဆုံးသွားလို့ ….ပါမစ်ပျောက်… ဂရန်သစ် လျှောက်ချင်နေကြတဲ့ သူတွေပါဘဲ။ ပါမစ် ပျောက်လို့ ဂရန် သစ်လျှောက်ထားတဲ့  ကိစ္စ ကတွေကလည်းယခင်က ခေတ္တ ဆိုင်းငံထား တယ်လို့ သိရပါတယ်။ သို့ သော် မကြာသေးခင် ကမှမြို့ တော်ခန်းမမှာရှိတဲ့ ၊မြေစီမံခန့် ခွဲမှု ဌာနမှာပါမစ်ပျောက် ၊ဂရန်သစ် လျှောက်လို ရပြီ ကြားတာနဲ့ ၊ဂရန်သစ် လျှောက်ဖို့ လူတွေများလာရခြင်း ဖြစ်ပါတယ်။

ဟိုတုန်းက ပါမစ်ပျောက်ရင် ရပ်ကွက်/ ရဲစခန်းထောက်ခံချက်/တရားရုံး ကျမ်းကျိန်လိုအပ်။ပါမစ်ပျောက်လို့ ဂရန်သစ်လျှောက်ရင် ယခင်ကတော့ မြေကွက်ရှိတဲ့
ရပ်ကွက်က မြေချပါမစ် တကယ်ပျောက်ဆုံးကြောင်း ထောက်ခံစာ ရပ်ကွက်ထောက်ခံချက် အရ ရဲစခန်းက ဆက်လက် ထောက်ခံချက်တို့ ကို ရေးပေးရတယ်။ ထို့ အတူ ….အဆိုပါ မြေချပါမစ် တကယ် ပျောက်ဆုံးသည်မှာ မှန်ကန်ကြောင်း တရားရုံး ကျမ်းကျိန်လည်း တပါတည်း တင်ပြ ရတယ်။

ယခုမြို့ နယ် စည်ပင်ထောက်ခံချက်လို

ယခုအခါ ပါမစ်ပျောက် ဂရန်သစ် လျှောက်ရင်တော့ မြေကွက်တည်ရှိရာ ၊မြို့ နယ် စည်ပင်သာယာ အုပ်ချုပ်ရေးမှူးရဲ့ ပျောက်ဆုံးကြောင်း ထောက်ခံချက်က လည်းလိုအပ်တဲ့ အကြောင်းသိရပါတယ်။မြို့ နယ် အုပ်ချုပ်ရေးမှူးထံ မှာ ကြွေးကျန် ကင်းရှင်းကြောင်း ထောက်ခံချက် တော့ လုပ်ဖူးတယ်။ ပါမစ် ပျောက်ဆုံးကြောင်း ထောက်ခံချက် လုပ်ရမယ် ဆိုတာကတော့  အခုမှ ထပ်မံ သိရတဲ့ ဗဟုသုတ အသစ်ပါ။

ပါမစ်ပြောင်း များ သို့ ဂရန်သစ် ထုတ်ပေးရန် နောက်ဆက်တွဲတွေ ပေါ်လာနိုင်

ယခုလို ပါမစ်ပျောက် ဂရန် အသစ် လျှောက်ထားခြင်း ကို လက်ခံဆောင်ရွက်ပေးတဲ့ မြေစီမံ ခန့် ခွဲမှု ဌာန အနေနဲ့ တာဝန် ကြီးလိမ့် မယ်လို့ စာရေးသူ တင်ပါတယ်။ယနေ့ အိမ်ခြံမြေ အရောင်းအ၀ယ် လောကမှာ ကြားသိနေရတဲ့စကားတွေ အရမြေချပါမစ် အရောင်းအဝယ် လုပ်တဲ့ အခါ တခြမ်းထိုး စနစ်အရာင်းအ၀ယ် လုပ်ကြတာကိုမကြာခဏ တွေ့ ရတက် ပါတယ်။ တခြမ်းထိုစနစ်နဲ့ အရောင်းအ၀ယ်လုပ်တယ်ဆိုရင်စာချုပ်အဆက်အစပ်များတက်ပါတယ်။အဆင့်ဆင့်ရောင်းဝယ်တာ မှန်သော်လည်း ရောင်းသူများမှာ မြေချပါမစ် ကိုသာပေးလိုက်တာပါ။ မြေချ ပါမစ် မူရင်းကို ပြန်ရောင်းတဲ့  အခါပါမစ် မိတ္တူကူးယူ ပြီး သိမ်းထားလေ့ ရှိကြပါတယ်။

ပါမစ်အရောင်းအဝယ်များတဲ့ မြို့ တွေ သတိရှိကြလေ

ဥပမာ။ ။ဒဂုံဆိပ်ကမ်းမြို့ နယ်က ပဲခူးမြစ်လမ်း ၊ ကနောင်မင်းသားကြီးလမ်းဘေးဝဲယာ ကမြေကွက်တွေ ဆိုရင် သိန်း(၅၀၀)၊ ကနေ သိန်း(၁၀၀၀) အထက်မှာရှိနေ ပါတယ်။ နေရာကလဲ ကောင်းတယ်။ လူတိုင်းသဘောကျတဲ့ နေရာလဲဖြစ်တော့  ခဏခဏ အရောင်းအ၀ယ်ဖြစ်ကြ ပါတယ်။ ဝယ်ရောင်းသမား တွေလဲ မြေချပါမစ် ဆိုရင်အကြိုက်ဆုံး ဖြစ်တယ်။အစထဲကအရောင်းအဝယ်ဈေးကစားဖို့ ဝယ်ထားတာ ဖြစ်လေတော့ ဘယ်သူမှ ဂရန် အမည် ပေါက်မလုပ်ချင်ကြဘူး။

ပါမစ်ပျောက် ဂရန် သစ်လျှောက်လို့ ရပေမယ့်ရတက် မအေးရတာ ပါမစ် မူရင်းကိုင်သူတွေ

ရောင်းထွက်ရင်လည်းနေရာကောင်းတွေဆိုတော့ ပါမစ်မိတ္တူတွေ သိမ်းထားတက် ကြတယ်။ အချို့ ကလဲ ယုံကြည်ရတဲ့ ပွဲစားတွေကို ရောင်းပေးဖို့ ပါမစ်မိတ္တူတွေ ပေးတက်ကြတာမျိုးလဲရှိတယ်။ဒီလိုပါမစ်တွေ ကရိုးသားတဲ့ သူတွေဆီမှာ ရှိနေတယ် ဆိုရင် ဘာမှ အရေးမကြီးပေမယ့်။မရိုးမသားမသမာသူတွေရဲ့ လက်ထဲများရောက်
သွားရင် အတွေးသစ် စိတ်ကူးသစ် တွေပေါ် သွားပြီးပါမစ် ပျောက် ဂရန်သစ် လျှောက်သွားခဲ့ ရင် မလိုလားအပ်တဲ့ ပြသနာတွေဖြစ်ပြီးတရားရုံးတက်ပြီး ဖြေရှင်း ရတာမျိုးတွေလဲ ပေါ်လာနိုင်ပါတယ်။

ပါမစ် အမှန်ပျောက်သူတွေအတွက် ဝမ်းသာ စရာ

အမှန် တကယ်ပါမစ်ပျောက်လို့  ဂရန်သစ် လျှောက်ဖို့စောင့်စားနေတဲ့သူတွေ အတွက်တော့ ‘‘အရှေ့က နေဝန်း ထွက်သည့်ပမာ’’ ဝမ်းသာနေကြ မှာပါ ၊ယနေ့ အချိန်သမယ ကို လူအများစောင့် စားနေတာကြာပါပြီ။ဒါကြောင့် မြေပေါ်မှာအိမ်ဆောက်နေရသော်လည်းပိုင်ဆိုင်မှုအထောက် အထား မရှိသေးသူများ နောင်ရေးစိတ်အေးရဖို့ အရေးမိမိအမည်ပေါက် အနှစ် ၆၀ဂရန်မြေငှားစာချုပ် လက်ဝယ်ထားကိုင်နိုင်ဖို့ ရန်ကုန်မြို့တော်ခန်းမ မြို့ ပြစီမံကိန်းဖွင့် မြေစီမံခန့် ခွဲ မှုဌာနမှာအမြန်သွားရောက် စုံစမ်းကြပါလို့  သတင်းကောင်းပါးလိုက်ပါတယ်။


လွှတ်တော်ရှေ့နေမောင်ကောင်းဖေ မှ iMyanmarHouse.com အတွက် သီးသန့်ရေးသားတင်ပြသည်။

Credit: iMyanmarHouse

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန

Upcoming Property Events

From 12 Jul To 13 Jul

ERC Luxury Condo

From 12 Jul To 13 Jul

Magical World

From 08 Jul To 08 Aug

Central Shophouse

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service