လွတ်လပ်မှု ရှိလာတာကြောင့် ရှာဖွေလေ၊ တွေ့ ရှိလေ၊ စွန့် စားကြစို၊့ တို့ တတွေ - Property Knowledge in Myanmar from iMyanmarHouse.com
1364 Views

လွတ်လပ်မှု ရှိလာတာကြောင့် ရှာဖွေလေ၊ တွေ့ ရှိလေ၊ စွန့် စားကြစို၊့ တို့ တတွေ

Knowledge | Posted by Hnin Ei Khin

‘‘ ရှာဖွေလေ တွေ့ ရှိလေ’’ စကားအတိုင်း။ ဘ၀အတွက် ကြီးပွားရာ ကြီးပွားကြောင်း ရှာဖွေနေကြ သူတွေထဲမှာ အချို့ ကတော့ တစ်နေရာတည်း တစ်ဆိုင်တည်း မှာ ဘဲ ကုန်ပစ္စည်း မျိုးစုံ အရောင်းဆိုင်ဖွင့် ပြီး စီးပွားရှာကြတယ်။ အချို့  ကျတော့ လည်း ဤသို့ တစ်နေရာထဲမှာ နေ့ စဉ် ရက်ဆက်ထိုင်ပြီး ရောင်းဝယ်လုပ်ကိုင် စီးပွားရှာ ရတာကိုမနှစ်သက်ကြဘူး…တစ်နေရာမှ ကုန်ပစ္စည်း ကို တစ်နေရာသို့ သယ်ယူပို့ ဆောင်ပေးခြင်းဖြင့် …ကုန်သွယ်ရတာကိုပိုမို နှစ်သက်ကြပြန်တယ်။

မျက်စိကိုဖွင့်  နားစွင့် နေကြတဲ့ ကြီးပွားလိုသူများ

အဲဒီလို အခြေအနေ အကြောင်းကြောင်းတွေမတူ တာကြောင့် လူဘ၀ မှာစားဝတ်နေရေး အတွက် စီးပွားရှာ ကြတဲ့ အခါ ကိုယ့် ဝါသနာ နဲ့ ကိုယ် လုပ်ကိုင်ကြရင်း။ကြီးပွားတိုးတက်မှု ခြင်းတွေ လည်း ကွာခြားသွားကြတာ မဟုတ်လား။ ယနေ့ ခေတ်လို အလျင်ကူးပြောင်းနေတဲ့  ကာလကြီးမှာ စီးပွားရေးလုပ်ငန်းတွေလူတွေဟာ ကြီးပွားတိုးတက်ဖို့ အတွက် အောင်မြင်မှုအခွင့် အလမ်းရမယ့် နေရာမျိုး အချိန် အခါ မျိုးကိုအမြဲစောင့်စားနေတက်ကြတယ်။

နှစ်စဉ် ၁၂ လပိုင်းမှ ၆ လပိုင်းအထိ အိမ်ခြံမြေဈေးကောင်း

ယနေ့ ကအိမ် ခြံမြေ အရောင်းအ၀ယ်တွေ အေးစက်နေတဲ့ အကြောင်းသိလို၍ စောင့် ကြည့် နေသူ မိတ်ဆွေ တစ်ယောက်ကို စာရေးသူ မေးကြည့်လိုက်တော့ …နှစ်စဉ် သီတင်းကျွှတ် ပြီးရင် အိမ်ခြံမြေဈေးနှုန်းမြင့်တက် သွားတက်တာဘဲ ။ဒီဇင်ဘာ..ဇန်န၀ါရီလောက်ကစပြီး ဇွန်လ အထိအရောင်း အ၀ယ်ကောင်းကြတာ ၂ နှစ်လောက် ရှိပြီလို့  ပြောပြပါတယ်။အင်းလေ….သူဝေဖန် သုံးသပ်ပြသလို လက်ရှိ ရန်ကုန် အိမ်၊ခြံ၊မြေ ဈေးကို ကြည့် ရတာ။ မှန်နေတယ်။ ဘယ်လိုပင်အေးစက်တယ် ပြောပေမယ်ကြီးပွားဖို့  လမ်းစရှာနေသူ တွေကတော့။ ထိုင်မနေကြဘူး။ ငိုင်မနေကြဘူး။ မျက်စိဖွင့် နားစွင့် နေကြတယ်။ ရင်းနှီးမြှပ်နှံဖို့ နေရာအသစ်တွေကို ရှာဖွေ နေကြတယ်။ မိမိ ရှာဖွေပြီဆိုကတည်းက မိမိ ရင်းနှီးမြှုပ်နှံမယ့် နေရာ ဒေသ ကို အရင်ဆုံး စုံစမ်းခိုင်းရတယ်။ အချို့ ဒေသခံတွေ က လဲသူတို့ ကြားရတဲ့ သတင်းနဲ့  အထက်အဖွဲ့ အစည်းတွေကကွင်းဆင်းစစ်ဆေးတဲအခါကြားသိရတဲ့ သတင်းနဲ့ ပေါင်းပြီး စုံစမ်းသူတွေကို သတင်းပေးတက်ကြတယ်လေ ။


အိမ်မြေထက် လယ်မြေကို စိတ်ဝင်စားနေ

ခေတ် ကလည်း ၊ ‘‘ အင်တာနက်ခေတ်’’ ဆိုတော့ မြန်တယ်လေ။အိမ်၊ ခြံ၊ မြေထက်လယ်မြေတွေအရောင်းသွက်တယ်ကြားတော့ရန်ကုန်ကနေ နယ်ဆင်းပြီး လယ်မြေတွေဝယ် ဖို့ စုံစမ်းကြ ပြန်တယ်။ အချို့ ကလည်း လယ်မြေတွေဝယ်ထားပြီးမှ၊ ခိုင်ခိုင် မာမာ စာရွတ်စာတမ်းတွေကိုင်ထားချင်လို့ ပါဆိုပြီး ‘‘အရောင်းအ၀ယ် စာချုပ်အပြင် ဘာတွေကိုင်ထားဖို့ လိုပါသလဲ’’ ဆိုပြီး စာရေးသူထံ လာရောက်တွေ့ ဆုံ မေးမြန်းတဲ့ သူတွေလဲရှိပြန်တယ်။

အိမ်ခြံမြေ အမည်ပြောင်းပုံ ၃ မျိုး

လယ်မြေနဲ့ အိမ်ခြံမြေ ဆောင်ရွက် ပုံ မတူဘူးလေ ။အိမ် ခြံမြေကတော့ မြေချ ပါမစ် ဖြစ်ချင်ဖြစ်မယ်၊ အနှစ် ၆၀ ဂရန် ဖြစ်ချင်ဖြစ်မယ်၊ ဘိုးဘွားပိုင်မြေ ဖြစ်ချင်ဖြစ်မယ်၊ ဒါကိုတွေ့ ရမယ်။ မြေချပါမစ် ၀ယ်ပြီး၊ အနှစ်၆၀ ဂရန်လုပ်ပြီး ၊ ကိုယ့်အမည်ပေါက် ဂရန် လုပ်လို့ ရတယ်။ အခွန်ဆောင်စရာမလိုဘူး။ ဟော…သူများ အမည်ပေါက် အနှစ်၆၀ ဂရန်ဆိုရင် ၊အခွန်ဆောင်ပြီးမှ ကိုယ့် အမည်ပေါက် ပြောင်းလို့ ရတယ်။ထို့ အတူပဲ….ဘိုးဘွားပိုင်မြေ၀ယ်ရင်လည်း အခွန်ဆောင်ပြီးမှ ကိုယ့် အမည်ပေါက် ပြောင်းလို့ ရတယ်လေ။

လယ်ယာမြေလုပ်ပိုင်ခွင့် လက်မှတ် (ပုံစံ-၇) မြို့ နယ်ရုံးမှာပဲ မှတ်ပုံတင်စာချုပ် လို့ ရတယ်လယ်ယာမြေကတော့ ဒီလိုမဟုတ်ဘူး။ လယ်ယာမြေ လုပ်ပိုင်ခွင့် လက်မှတ်
ကျတော့ (ပုံစံ-၇) ရှိသူထံက ၀ယ်ရင်း၊ အဲဒီ လယ်ယာမြေရှိတဲ့ကြေးတိုင်ဖွင့်မြေစာရင်းဦးစီး ဌာန ရုံးမှာ မှတ်ပုံတင် စာချုပ် ရတယ်။ အဲဒီမြို့ နယ် အခွန်ဦးစီးဌာန ရုံးကဘဲ တန်ဖိုးဖြတ်ပေးတဲ့ အတိုင်း အခွန်ဆောင်ရတယ်။ပြီးတော့ မှဝယ်သူရဲ့ အမည်နဲ့ လယ်ယာမြေလုပ်ပိုင်ခွင့် လက်မှတ်(ပုံစံ-၇) ကိုအဲဒီမြို့  ရဲ့ ကြေးတိုင်နဲ မြေစာရင်းရုံးမှာ ယူလုပ် ရတယ်။ မြို့ နယ်မြေ တွေမှာတော့‘‘ မြို့ နယ်မြေစာရင်းဦးစီးမှူးနဲ့  မြို့နယ်စာချုပ်စာတမ်း မှတ်ပုံတင်အရာရှိ တာဝန် နှစ်ခုအတွက် ဦးစီး အရာရှိ တစ်ဦးထဲကို လုပ်ပိုင်ခွင့် ပေးထားတယ်လို့ ’’သိရပါတယ်။

လယ်မြေအမည် မပြောင်းချင်ရင် ရောင်းသူထံ ကပါဝါယူထားပေါ့ဒီတော့ ‘‘လယ်ယာမြေပိုင်ဆိုင်ခွင့် လုပ်ပိုင်ခွင့် လက်မှတ် (ပုံစံ-၇)၊ ကိုယ်အမည် မပြောင်းချင်သေးဘူး ။အိမ်ခြံမြေလိုပဲ ၀ယ်ရောင်းလုပ်ချင်တယ်ဆိုရင်တော့ အဲဒီလယ်ယာမြေလုပ်ပိုင်ခွင့် ရှိသူတွေထဲက အထွေထွေ ကိုယ်စလှယ် လွဲစာ ယူထားလိုက်ပေါ့ ။အဲဒီအထွေထွေ ကိုယ်စလှယ် လွဲစာကလဲ အဲဒီလယ်ယာမြေရှိတဲ့ မြို့ နယ်ကြေးတိုင်နဲ့ မြေစာရင်းရုံးမှာပဲ လုပ်လို့ ရပါတယ်။အဲဒီလို လယ်ယာမြေအမည်ပေါက်ထံ General Power (အထွေထွေ ကိုယ်စားလှယ်လွှဲစာ)ယူထားပြီးပြီ ဆိုရင်တော့ အခြားဝယ်သူတွေကိုပါဝါ နဲ့ ပြန်ရောင်းပေါ့ ။အမည်ပေါက် ကိုယ်စား လက်မှတ်ထိုးပေးလို့  ရတယ်.။

နယ်မြို့ တွေမှာ အထွေထွေ ကိုယ်စလှယ် လွှဲစာတို့ ၊ အထူးကိုယ်စားလှယ် လွှဲစာတို့ ကို တံဆိပ်ခေါင်းကပ်ပြီး အဆင်သင့် ရောင်းတာမျိုးတော့ သိပ်မရှိကြဘူး။ ဒီတော့လည်း ရန်ကုန်မြို့ ဘားလမ်း (မဟာဗန္ဓုလ ပန်းခြံလမ်း)ကအဆင့်သင့် ရောင်းတဲ့ ပါဝါတွေ ၀ယ်ထားလိုက်ပေါ့ လက်နှိပ်စက်ရေးဖို့ လိုရင်တော့၊မြို့ နယ်တရားရုံးတွေမှာ စာသွားရိုက်လို့ ရပါတယ်။

လက်ရှိအနေအထားမှာတော့  လယ်ယာမြေလုပ်ပိုင်ခွင့် လက်မှတ် (ပုံစံ-၇) အရောင်းအ၀ယ်လုပ်ပေးတဲ့ အဆင့် ကို ကျေးရွာ အုပ်ချုပ်ရေးမှူးနဲ့ တောရွာ မြေစာရင်းဦးစီးဌာန ကတာဝန်ရှိသူတွေနဲ့ အဲဒီ ကျေးရွာအုပ်ချုပ်ရေးမှူးရုံးမှာပဲ ဆောင်ရွက်လို့ ရကြောင်းကြား သိရပါတယ်။ ဒါကြောင်အောင်မြင်တိုးတက်ကြီးပွားလိုသူများ ‘‘ရှာဖွေလေ တွေ့ ရှိလေ’’ ဖြစ်ကြပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။

‘‘ စွန့် စားခြင်းသည် အောင်မြင်ခြင်းအတွက် ခြေလှမ်းတစ်လှမ်း ဖြစ်သည် ’’ အဆို အမိန့် ကလေးနဲ့ စာဖတ်ပရိသတ်ကြီး ကို အားပေးလိုက်ပါတယ်။

လွှတ်တော်ရှေ့ နေ မောင်ကောင်းဖေ မှ iMyanmarHouse.com အတွက် သီးသန့်ရေးသားတင်ပြသည်။

Credit: iMyanmarHouse

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်

Upcoming Property Events

From 19 Jul To 20 Jul

Royal Theikdi Condo

From 19 Jul To 20 Jul

Mingalar Market

From 08 Jul To 08 Aug

Central Shophouse

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service