လုံးချင်းတိုက်တစ်လုံး ကျပ်သိန်းတစ်သောင်းကျော်ဖြင့် ဇေကမ္ဘာကုမ္ပဏီ ရောင်းမည် - Property News in Myanmar from iMyanmarHouse.com
1173 Views

လုံးချင်းတိုက်တစ်လုံး ကျပ်သိန်းတစ်သောင်းကျော်ဖြင့် ဇေကမ္ဘာကုမ္ပဏီ ရောင်းမည်

လုံးချင်းတိုက် တစ်လုံး လျှင် ကျပ်သိန်းတစ်သောင်းကျော်ဖြင့် အရစ်ကျရောင်းချမည့် အိမ်ရာစီမံကိန်း Z villa ကို ဇေကမ္ဘာ ကုမ္ပဏီက မင်္ဂလာဒုံဥယျာဉ်မြို့ တော်တွင် ဒီဇင်ဘာ၌ စတင် တည်ဆောက်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

မြေဧက ၅၀ ကျော်တွင် လုံး ချင်းတိုက်အလုံးပေါင်း ၁၉၁ လုံး ကို လေးနှစ်အတွင်းစတင်တည် ဆောက်သွားမည်ဖြစ်ပြီး ငွေရေး၊ ကြေးရေးပြည့်မီပြီးကိုယ်ပိုင်လုံးချင်းခြံဝင်းကျယ်ကျယ်နေထိုင်လိုသူများအတွက်ရည်ရွယ်တည် ဆောက် ရောင်းချသွားမည်ဖြစ် ကြောင်း ဇေကမ္ဘာကုမ္ပဏီဒုဥက္ကဋ္ဌဦးဇေသီဟကပြောသည်။

‘‘လောလောဆယ်ဒီအိမ်ရာ စီမံကိန်းကို ၀ယ်ဖို့ စာရင်းပေး ထားတာ ခုနစ်လုံးရှိနေပြီ’’ဟု ဦး ဇေသီဟကဆိုသည်။ အရစ်ကျစနစ်ဖြင့် ငွေသွင်းရာတွင်၁၈လအတွင်း ပေးသွင်းရမည်ဖြစ်ပြီးပထမဆုံးလအတွက်၁၀ရာခိုင် နှုန်း၊ကျန်လများတွင် ၅ရာခိုင် နှုန်းစီ ပေးသွင်းရမည်ဖြစ်ကာ နောက်ဆုံးအိမ်လွှဲပြောင်းပြီးမှ ၁၀ ရာခိုင်နှုန်းထပ်မံပေးသွင်းရမည် ဖြစ်ကြောင်း သတင်းရရှိသည်။

အဆိုပါစီမံကိန်းကို ဇေကမ္ဘာနှင့်မလေးရှားဆောက်လုပ် ရေးကုမ္ပဏီတို့ ပူးပေါင်း၍ မင်္ဂ လာဒုံမြို့နယ်၊ မင်္ဂလာဒုံဥယျာဉ် မြို့တော်ဝင်းအတွင်း တည် ဆောက်မည်ဖြစ်ကာ Z villa ဟု အမည်ပေးထားကြောင်း သိရ သည်။

ရန်ကုန်မြို့တွင်မြို့ကိုချဲ့ပါကယခုမင်္ဂလာဒုံမြို့နယ်ဘက်ထပ်မံချဲ့ထွင်လာနိုင်သည့်အခြေ အနေရှိသောကြောင့် အဆိုပါ အိမ်ရာစီမံကိန်းကိုမင်္ဂလာဒုံမြို့နယ်တွင် ရွေးချယ်တည်ဆောက် ခြင်းဖြစ်ကြောင်း ဒုဥက္ကဋ္ဌ ဦးဇေ သီဟကဆိုသည်။

လုံးချင်းတိုက်တစ်လုံးလျှင် အထပ် သုံးထပ်ပါရှိမည်ဖြစ်ပြီး ဓာတ်လှေကား၊ ရေကူးကန်များပါဝင်မည်ဖြစ်ကာအဆင့်မြင့်လုံခြုံရေးနည်းပညာများ အသုံးပြုတည်ဆောက်ရန် ကုမ္ပဏီက ရည်ရွယ်ထားကြောင်း သိရသည်။

အစိုးရသစ်လက်ထက်ကွန်ဒိုများ၊တိုက်ခန်းများတည် ဆောက်မှု စံချိန်တင်မြင့်တက်လာ သော်လည်း ယခုကဲ့သို့ လုံးချင်း အိမ်ရာပုံစံမျိုးတည်ဆောက်သည့် ဆောက်လုပ်ရေးလုပ်ငန်းရှင် အလွန်နည်းသည်။

‘‘လုံးချင်းက အရင်းအနှီး ကြီးတယ်။ ဒါကြောင့်တော်ရုံလုပ် ငန်းရှင်ကမဆောက်ရဲကြဘူး’’ဟု မြမြင့်မိုရ်ဆောက်လုပ်ရေးလုပ် ငန်းရှင်ကပြောသည်။

မြို့တွင်း ကျပ်တည်းမှုဖြေ လျှော့ရန်ယခုကဲ့သို့ မြို့ပြင်အနီး တစ်ဝိုက်တွင် အိမ်ရာစီမံကိန်းများတည်ဆောက်သင့်ကြောင်း မြို့ပြစီမံကိန်းပညာရှင် ဦးမြင့် ဆွေကပြောသည်။

သို့သော်လက်ရှိတွင် ပုဂ္ဂလိ ကဆောက်လုပ်ရေးလုပ်ငန်းရှင် အများစုမှာ အဆင့်မြင့်အိမ်ရာ များ၊ ကွန်ဒိုများတွင်သာ ရင်းနှီး မြှုပ်နှံရန်စိတ်ဝင်စားပြီးအိမ်ပိုင်ရာပိုင်မရှိသူလူတန်းစားတို့ အတွက် တန်ဖိုးသင့်တင့်မျှတသော အိမ်ရာများကို တွဲဖက်တည်ဆောက်ပေးစေလိုကြောင်း၎င်းကတိုက်တွန်းပြောကြားသည်။

‘‘လုပ်ငန်းရှင်တွေက ရောင်း ပန်းလှဖို့ပဲကြည့်နေကြတယ်။ အ တွေးအခေါ်တွေ ပြောင်းလဲသင့် နေပြီ’’ဟု၎င်းကဆိုသည်။

လက်ရှိရန်ကုန်တွင် ပြီးခဲ့ သည့်အစိုးရလက်ထက်အဆင့် မြင့် အိမ်ရာများအဖြစ် တည် ဆောက်ခဲ့သည့် အေဒီလမ်းဆုံ အနီးမောင်ဝိတ်အိမ်ရာ၊ဟုမ်းလမ်းအိမ်ရာ၊ကမာကြည်အိမ်ရာ၊ ကမ္ဘာအေးမှ စွယ်တော်အိမ်ရာ၊လှိုင်သာယာတစ်ဖက်ကမ်းမှ FMIပန်းလှိုင်အိမ်ရာတို့သည်စီမံခန့်ခွဲမှုကောင်းပြီး အောင်မြင် သည့် အိမ်ရာများဖြစ်ခဲ့သည်ဟု မြို့ပြပညာရှင်များကသုံးသပ် ထားသည်။

Credit : 7Day Daily

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
ကြေးနီနဲ့ ပြုလုပ်ထားတဲ့ ရေဘူးကို သုံးခြင်းရဲ့ ကောင်းကျိုးများ
ကြေးနီနဲ့ ပြုလုပ်ထားတဲ့ ရေဘူးကို သုံးခြင်းရဲ့ ကောင်းကျိုးများ
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ

Upcoming Property Events

From 08 Jul To 08 Aug

Central Shophouse

From 09 Aug To 10 Aug

THADAR CONDOMINIUM

From 09 Aug To 10 Aug

Mingalar Market

THADAR CONDOMINIUM

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service