အခွန်လျှော့ဆောင်ရန် လိမ်လည်စာချုပ် ချုပ်ဆိုမှုများကို အရေးယူမည်ဟုဆို - Property News in Myanmar from iMyanmarHouse.com
7079 Views

အခွန်လျှော့ဆောင်ရန် လိမ်လည်စာချုပ် ချုပ်ဆိုမှုများကို အရေးယူမည်ဟုဆို

အခွန်ဆောင်ရန် ပညာ ပေးကာလသတ်မှတ်ထားသော် လည်း ကုန်ပစ္စည်းရောင်းချခြင်း ဖြစ်စေ၊ ဝန်ဆောင်မှုလုပ်ငန်းဖြစ် စေ အခွန်လျှော့ဆောင်ရန် လိမ်လည်ချုပ်ဆိုသော စာချုပ်များ ကို အရေးယူသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးအခွန်ဦးစီး ဌာနမှသတင်းရရှိသည်။

နေအိမ်အပါအဝင် ပစ္စည်း များရောင်းချခြင်း၊ ငှားရမ်းခြင်းတို့ ပြုလုပ်ရာ၌ စာချုပ်များ ချုပ်ဆိုရာတွင် အခွန်ဆောင်ရန် သက်သာစေရန် မူလ တန်ဖိုးထက် လျှော့ချုပ်ဆိုမှုများနေပြီး ယင်းတို့ကို အရေးယူသွားမည် ဖြစ်သည်။

‘‘အိမ်တစ်လုံးငှားတယ်။ စာချုပ်ပါတဲ့အတိုင်း ဈေးနှုန်းက မဖြစ်နိုင်ဘူးဆိုရင် မြို့နယ် အခွန် ဦးစီးမှူးက ခေါ်စစ်လို့ရတယ်။ ဈေးကိုလည်း အခွန်ဦးစီးမှူးက သတ်မှတ်လို့ရတယ်။ ဒီကိစ္စက ကျယ်ကျယ်ပြန့်ပြန့်ဖြစ်နေတယ်။ ဒါကိုကိုင်တွယ်ဖို့ အခွန်ဥပဒေထဲ မှာ အခွန်ဦးစီးမှူးတွေကို လုပ် ကိုင်ခွင့်ပြုထားတာ’’ ဟု ရန်ကုန် တိုင်းဒေသကြီး အခွန်ဦးစီးဌာနဒုတိယဦးစီးမှူးကပြောသည်။

မိမိနေအိမ်အတွက် ငှားရမ်း ခ ၁၀ သိန်းကျော် ပေးရသော် လည်း အိမ်ရှင်ကသုံးသိန်းဟုသာ စာချုပ်တွင်ထည့်ချုပ်ဆိုခဲ့သည်။ ယင်းကိစ္စမှာ အခွန်ရှောင်ခြင်းသာ ဖြစ်၍ မကြိုက်နှစ်သက်ကြောင်း နှင့် ထိုကိစ္စအတွက် မည်သည့် အခွန်ထမ်းမှ စစ်ဆေးခြင်း မရှိ ကြောင်း ရန်ကင်းမြို့နယ်တွင်နေ ထိုင်နေသော အမေရိကန်နိုင်ငံ သားတစ်ဦးကလည်း ၎င်း၏အတွေ့အကြုံကိုပြောသည်။ ‘‘အိမ်ငှားနေလာတာ ၁၀ နှစ်ကျော်ရှိပြီ။ ငှားခအခွန် မဆောင်ခဲ့ဘူး၊ ဆောင်ရမယ်လို့ ပြောတာကြားတယ်။ အခုချိန်ထိ ဘာမှ အကြောင်းကြားလာတာ မရှိသေးဘူး’’ဟု တောင်ဥက္ကလာပ မြို့နယ်မှ အိမ်ပိုင်ရှင်ဦးစိန်ကြိုင် ကပြောသည်။

လက်ရှိအချိန်တွင် အခွန် ရှောင်လုပ်ငန်းများ ရှိနိုင်သော် လည်း အခွန်ပညာပေး လိုအပ် ခြင်း၊ ရှင်းလင်းလွယ်ကူသော အခွန်စနစ်များ လိုအပ်ခြင်းနှင့် အခွန်ဝန်ထမ်းများ ကျွမ်းကျင်မှုလို အပ်တို့ခြင်းကြောင့် ပြည်သူများ အခွန်ပေးချင်စိတ်ရှိလာစေရန် အခွန်ပညာပေးလုပ်ငန်းကို ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာနအနေဖြင့် အချိန်ယူလုပ်ဆောင်နေခြင်းဖြစ်ကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းသိန်းကပြောသည်။

၂၀၁၅ ခုနှစ် စက်တင်ဘာ တွင် ဝင်ငွေခွန် ဥပဒေနှင့် ကုန် သွယ်လုပ်ငန်းခွန် ဥပဒေထဲမှ အထူးကုန်စည်အတွက် အထူးအခွန်ကို ဆွဲထုတ်ပြင်ဆင်ပြီးသွားပါက အခွန်ရှောင်ပြဿနာကို ကိုင်တွယ်ဖြေရှင်းသွားမည်ဟု ၎င်းကဆက်ပြောသည်။ ‘‘လက်ရှိ ဥပဒေအရဆိုရင် ထောင်ဒဏ် ၁၀ နှစ်အထိချလိုက် ရတယ်။ ဒါပေမဲ့ အခုအခွန်စနစ် တွေ၊ အခွန်ဝန်ထမ်းတွေ အား နည်းနေလို့ ပညာပေးကာလသတ် မှတ်ထားတာ။ ပညာပေးတွေဝန် ဆောင်မှုတွေ ကောင်းလာရင် အခွန်အတွက် အားစိုက်ဆောင် ရွက်သွားမယ်’’ဟု ဦးမင်းသိန်းက ပြောသည်။

နိုင်ငံတော်တွင် အခွန်ရငွေ ၂၀၁၂-၁၃ ဘဏ္ဍာနှစ်တွင် ကျပ် ငွေ ၂၇၁၀ ဘီလီယံရှိပြီး ၂၀၁၃- ၁၄ ဘဏ္ဍာနှစ်တွင် ကျပ်ငွေ ၃,၅၂၁ ဘီလီယံအထိ တိုးတက် လာသည်။ ပြည်တွင်းအခွန် ကောက်ခံရငွေသည်လည်း ဂျီဒီပီ၏ ၆ ရာခိုင်နှုန်းပမာဏသာရရှိပြီး တစ်ဦးချင်းဝင်ငွေသည် ၂၀၁၄-၁၅ တွင် အမေရိကန်ဒေါ်လာ ၁,၁၄၀ မှ ၁,၁၈၀ ကြားတွင်သာ ရှိနေသေးသည်ဟု အမျိုးသား စီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာနကထုတ်ပြန်ထားသည်။

လိမ်လည်ချုပ်ဆိုသည်ဟု အထောက်အထား တွေ့ရှိပါက မြို့နယ်ဦးစီးမှူး သတ်မှတ်သော အခွန်နှုန်းကို ပေးဆောင်ရမည်ဖြစ်ပြီး ဒုတိယအကြိမ် တွေ့ရှိပါက ဒဏ်ငွေဆောင်ရမည် ဖြစ်သည်။


Credit: 7 Day Daily

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
ပိုင်ဆိုင်မှုအထောက်အထား စာရွက်စာတမ်းများ ပျောက်ဆုံးနေသော ပါမစ်မြေအား ဂရန်(မြေငှားစာချုပ်) လျှောက်ထားလိုလျှင် သိရှိရမည့်အ
ပိုင်ဆိုင်မှုအထောက်အထား စာရွက်စာတမ်းများ ပျောက်ဆုံးနေသော ပါမစ်မြေအား ဂရန်(မြေငှားစာချုပ်) လျှောက်ထားလိုလျှင် သိရှိရမည့်အ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
ပျားရည်ကို ကျန်းမာရေးအတွက် အသုံးပြုနည်း (၂၄) မျိုး
ပျားရည်ကို ကျန်းမာရေးအတွက် အသုံးပြုနည်း (၂၄) မျိုး
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို

Upcoming Property Events

From 02 Aug To 03 Aug

Inno City Special Sales Event

From 02 Aug To 03 Aug

Emerald Bay Luxury Condo

From 08 Jul To 08 Aug

Central Shophouse

From 09 Aug To 10 Aug

THADAR CONDOMINIUM

INNO CITY Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service