တည်ဆောက်မှုများကို တားမြစ် ထားသော်လည်း ပုဂံယဉ်ကျေးမှုဇုန် အတွင်း ဟိုတယ်များ ဆက်ဆောက်နေ - Property News in Myanmar from iMyanmarHouse.com
1057 Views

တည်ဆောက်မှုများကို တားမြစ် ထားသော်လည်း ပုဂံယဉ်ကျေးမှုဇုန် အတွင်း ဟိုတယ်များ ဆက်ဆောက်နေ

ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ် များကို ထိခိုက်စေမည့် တည်ဆောက်မှု များကို ယဉ်ကျေးမှု ဝန်ကြီးဌာန မှ တားမြစ် ထားသော်လည်းပုဂံယဉ်ကျေးမှုဇုန်တွင်ဆက်လက်လုပ်ကိုင်မှုများ ရှိနေသေး ကြောင်း ပုဂံချစ်သူများ အဖွဲ့ မှ ဦးဝင်းမောင် ၏ ပြောကြားချက် အရ သိရသည်။

အဆိုပါပုဂံယဉ်ကျေးမှုဇုန်အတွင်း၌ ရှေးဟောင်း စေတီပုထိုး၊ ကျောင်းကန်၊သိမ်၊ဇရပ်များ နှင့် ပေ၉ဝအကွာတွင်အဆောက်အအုံ များကို ဆောက်လုပ် ရမည် ဖြစ်ကြောင်း၊ ၁၉၉၈ ခုနှစ် ကယဉ်ကျေးမှုအမွေအနှစ် ဒေသများကာကွယ်ထိန်းသိမ်းရေး ဥပဒေ ၉/၉၈ ကို ပြဋ္ဌာန်း ခဲ့ရာ၌ အဆိုပါ အချက်ကို ဖော်ပြ ထားသော်လည်းလက်ရှိအချိန်တွင်ပုဂံယဉ်ကျေးမှုအမွေအနှစ် များကို မျက်ကွယ် ပြုကာ တည်ဆောက် နေသည့် ဟိုတယ် အလုံးရေ ၂ဝ ခန့်ရှိ နေသည်။

ထို့ကြောင့်ထိရောက်စွာအရေးယူ နိုင်ရန်တင်ပြထားကြောင်း သိရသည်။၂ဝ၁၄ခုနှစ် အောက်တိုဘာလကုန်အထိ ဆောက်လုပ်ပြီးဟိုတယ်များတွင် ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ် စေတီ၊ ဂူ၊ ကျောင်း နှင့် ဘုရားကုန်း များ ပါဝင်လျက် ရှိပြီး အဆောက်အအုံ ဆောက်လုပ်ခြင်းမပြုရန်တားမြစ်ထားသည့် နေရာများတွင်စီးပွားရေးလုပ်ငန်းလုပ်ကိုင် နေမှုများကို တွေ့မြင် နေရကြောင်း၊ ဟိုတယ်နှင့်တည်းခိုခန်းများတည်ဆောက် မည့် နေရာများသည်ယဉ်ကျေးမှုအမွေအနှစ်များနှင့်မလွတ်ကင်းသဖြင့်လွတ်ကင်းသော နေရာများ၌တည်ဆောက်ခွင့်များ ပြုသင့်ကြောင်း သိရသည်။

ထို့ကြောင့် ဟိုတယ်ဝင်း အတွင်း ပါဝင်နေသော ယဉ်ကျေးမှု အမွေအနှစ် ရှေးဟောင်း ဘုရားများ၊ ဂူများ နှင့် ဘုရားကုန်း များကိုအများပြည်သူ နှင့် နိုင်ငံတကာခရီးသွားများကြည့်ရှု လေ့လာ ဖူးမြော်နိုင်ရန် ဒေသခံများ လိုလားလျက် ရှိနေကြပြီး ခွင့်မပြုပါကဟိုတယ်အဆောက်အအုံများကိုဖျက်သိမ်း ပေးရန် ဒေသခံများ က တောင်းဆို ထားကြောင်း သိရသည်။

ထို့အပြင်ပုဂံဒေသအတွင်းရှိတရားမဝင် ဆောက်လုပ်ထားသော ဟိုတယ်များနှင့် တိုးချဲ့ဆောင်များ သည်ပုဂံ ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ် များကို ထိခိုက်ပျက်စီး စေကြောင်း သိရှိရသည်။

Credit : Themyawadydaily

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ကြေးနီနဲ့ ပြုလုပ်ထားတဲ့ ရေဘူးကို သုံးခြင်းရဲ့ ကောင်းကျိုးများ
ကြေးနီနဲ့ ပြုလုပ်ထားတဲ့ ရေဘူးကို သုံးခြင်းရဲ့ ကောင်းကျိုးများ
Mark Zuckerberg နဲ့ Jay-Z တို့လို ဒိတ်ဒိတ်ကြဲ အမေရိကန်ဘီလျံနာသူဌေးတွေ ဘာကြောင့် အိမ်ခြံမြေချေးငွေနဲ့ အိမ်ဝယ်ကြတာလဲ
Mark Zuckerberg နဲ့ Jay-Z တို့လို ဒိတ်ဒိတ်ကြဲ အမေရိကန်ဘီလျံနာသူဌေးတွေ ဘာကြောင့် အိမ်ခြံမြေချေးငွေနဲ့ အိမ်ဝယ်ကြတာလဲ
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်

Upcoming Property Events

From 26 Jul To 27 Jul

Emerald Bay Luxury Condo

From 26 Jul To 27 Jul

ERC Luxury Condo

From 26 Jul To 27 Jul

Magical World Apartment

From 08 Jul To 08 Aug

Central Shophouse

ERC Luxury Condo
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service