ရန်ကုန်အိမ်ခြံမြေ အခွန်နှုန်းသစ်ကို ဝေဖန်မှုများပေါ်ထွက်လာ - Property News in Myanmar from iMyanmarHouse.com
2535 Views

ရန်ကုန်အိမ်ခြံမြေ အခွန်နှုန်းသစ်ကို ဝေဖန်မှုများပေါ်ထွက်လာ

ရန်ကုန်တိုင်းဒေသကြီး ပြည်တွင်းအခွန်ဦးစီးဌာနမှ အိမ်ခြံမြေအခွန်ဆောင်ရန်အတွက် မြေဈေး
တစ်ပေပတ်လည်စံနှုန်းများကို ၂၀၁၃ ခုနှစ်၊ အောက်တိုဘာလတွင် စတင် သတ်မှတ်ခဲ့ပြီးနောက်
အဆိုပါစံနှုန်းများ အား လက်ရှိဈေးကွက်အတွင်း ဖြစ်ပေါ်နေသည့်ပေါက်ဈေးနှင့်ကွာဟမှုများစွာမရှိ
စေရန် ပြန်လည်ပြင်ဆင်သတ်မှတ်ခဲ့ရာ အောက်တိုဘာလ ၈ ရက်နေ့က တရားဝင်ကြေညာချက်
ထုတ်ပြန်ခဲ့သည်။

ယင်းသို့ ပြန်လည်ပြင်ဆင်ခဲ့ရာတွင် ပြည်တွင်းအခွန်များဦးစီးဌာန မြို့နယ်အဆင့်ကော်မတီများမှ
အဆိုပြုလာသည့် မြေဈေးစံနှုန်းများကို စိစစ်၍ တိုင်းဒေသ ကြီး အစိုးရသို့ တင်ပြခဲ့ပြီး တိုင်းဒေသ
ကြီး အစိုးရက ပြန်လည်စိစစ်သည့်စံနှုန်းများကို သက်ဆိုင်ရာဝန်ကြီးဌာနများသို့တင်ပြပြီး အတည်
ပြုရရှိလာသည့် ဈေးနှုန်းများကို တရားဝင်ထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး
ပြည်တွင်းအခွန် များ ဦးစီးဌာနမှ တာဝန်ရှိသူ ဦးကျော်သန့်လွင်က ပြောသည်။

သို့သော် ပြီးခဲ့သည့်နှစ် တစ်ပေပတ်လည် မြေဈေးစံနှုန်းသတ်မှတ်မှုတွင် ပြည်တွင်းအခွန် များဦးစီး
ဌာနနှင့် မြန်မာနိုင်ငံအိမ်ခြံမြေ၀န်ဆောင်မှုအသင်းနှင့် အိမ်ခြံ မြေလုပ်ငန်းကျွမ်း ကျင်သူများဖြင့်
ပူးပေါင်းလုပ်ဆောင်ခဲ့သော်လည်း ယခုနှစ်ပြင်ဆင်မှုတွင်မှု ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်းများမရှိ
ကြောင်း စိုင်းခွန်နောင် အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်း၏ အမှုဆောင်အရာရှိချုပ် ဦးစိုင်းခွန်နောင်
က ပြောသည်။

"ပြီးခဲ့တဲ့နှစ် စံနှုန်းတွေ သတ်မှတ်တုန်းကတော့ မြန်မာနိုင်ငံအိမ်ခြံမြေ၀န်ဆောင် မှုအသင်းနဲ့ရော
လုပ်ငန်းရှင်တွေနဲ့ပူးပေါင်းပြီး ပွင့်ပွင့်လင်းလင်း သတ်မှတ်ခဲ့တယ်။ သတ်မှတ် ခဲ့တဲ့ ဈေးတွေက
လည်း အခွန်ဆောင်ဖို့အတွက် အဆင်ပြေတဲ့ ဈေးနှုန်းတွေကို သတ်မှတ်ခဲ့ကြ တာ။ ဒါပေမဲ့ ဒီနှစ်
က ကျွန်တော်တို့တွေ မသိ လိုက်ဘူး။ အသင်းနဲ့လည်း ပူးပေါင်းပြီးလုပ်ဖို့ မပြောခဲ့ဘူး။
အဲဒါကြောင့် ဒီတစ်ခေါက် အခွန်စံနှုန်းသတ်မှတ်တာက ပွင့်လင်းမြင်သာ မှု မရှိပါဘူး" ဟု
၎င်းက မြန်မာတိုင်း(မ်)ကို ပြောသည်။

ထို့ပြင် ယခုနှစ်အတွက် ပြင်ဆင်သတ်မှတ်ခဲ့သည့် တစ်ပေပတ်လည်မြေဈေးနှုန်း များမှာ ယခင်
အခွန်စံနှုန်းများထက် ဈေးနှုန်းပိုမိုမြင့်မားခဲ့ပြီး အချို့မြို့နယ်များ၏ ဈေးနှုန်းအချို့မှာ ပြင်ပပေါက်ဈေး
များနှင့် ကိုက်ညီ မှုများ မရှိကြောင်း ဏ့သနညငထ အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်းမှ လုပ်ငန်း
ရှင် ကိုထွန်း ထွန်းက ပြောသည်။

"ဒီတစ်ခေါက် သတ်မှတ်တဲ့ မြေစံနှုန်း ဈေးက မနှစ်ကနဲ့ယှဉ်ရင်လေးဆလောက် ပိုမြင့်နေတယ်။
နောက်ပြီး သတ်မှတ်ထား တဲ့ ဈေးတွေကလည်း လွဲမှားနေတာတွေ့ရ တယ်။ ဘာဖြစ်လို့လဲဆို
တော့ တချို့အပြင် မှာ ဈေးကြီးတဲ့နေရာတွေမှာ အခွန်အတွက် သတ်မှတ်ထားတဲ့စံနှုန်းက နည်း
နေပြီး တော့ ဈေးသက်သာတဲ့နေရာတွေမှာကျတော့ အခွန်နှုန်းကမြင့်နေတယ်။ ဒီတစ်ခေါက်မှာ အဲလိုမျိုး ဈေးနှုန်းလေးတွေ ပြင်ပပေါက်ဈေးနဲ့မကိုက်ညီတာကို တွေ့ရတယ်" ဟု ၎င်းက ပြော
သည်။

ပြောင်းလဲပြင်ဆင်ခဲ့သည့် အခွန်စံနှုန်းအသစ်တွင် ဥပမာအားဖြင့် တာမွေမြို့နယ်၊ ဖိုးစိန်လမ်းမရှိ
သတ်မှတ်ထားသည့် တစ်ပေ ပတ်လည် မြေဈေးစံနှုန်းမှာ ကျပ် ၁၈၀,၀၀၀ ဖြစ်ပြီး အင်းစိန်မြို့နယ်
အင်းစိန်လမ်းမ တန်းရှိ တစ်ပေပတ်လည် မြေဈေးစံနှုန်း မှာ ကျပ် ၃၃၀,၀၀၀ သတ်မှတ်ထားသည့်
အတွက် ၎င်းတို့၏ ပြင်ပဈေး နှုန်းများနှင့် နှိုင်းယှဉ်ပါက ဖိုးစိန်လမ်းရှိ အခွန်နှုန်းမှာ လျော့နည်းနေပြီး၊
အင်းစိန်လမ်းမတန်းရှိ အခွန်မှာ မြင့်မားနေကြောင်း ကိုထွန်းထွန်း က ပြောသည်။

"လက်ရှိ ဖိုးစိန်လမ်းရဲ့ ပြင်ပပေါက် ဈေးက အကွက်ကြီးတွေဆို သိန်းကိုသောင်း နဲ့တောင်ချီနေ
တာ၊ ဒါပေမဲ့ အခွန်အတွက် သတ်မှတ်ထားတဲ့ တစ်ပေပတ်လည် ဈေးက အရမ်းကို နည်းနေ
တယ်။ ဒါပေမဲ့ အင်းစိန် မြို့နယ်လို မြို့ပြင်ဘက်ကျတဲ့ နေရာက အခွန်နှုန်းတွေကျတော့ မြို့ထဲက
နှုန်းတွေ ထက် များနေတာတွေ့ရတယ်။ အဲဒီလို ဖြစ်နေတော့ မြို့ပြင်လို နေရာမျိုးက မြေအခွန်နှုန်း
က များနေရင် ၀ယ်တဲ့သူတွေအတွက် အခက်အခဲ ဖြစ်စေနိုင်တယ်" ဟု ၎င်းက ပြောသည်။

ယင်းကဲ့သို့ ယခုနှစ်၏ တစ်ပေပတ်လည် မြေဈေးစံနှုန်းများ ယခင်နှစ်ထက်မြင့်မားသွားရခြင်းမှာ ရန်ကုန်မြို့၏ မြေတန်ဖိုးမှာ နှစ်စဉ်မြင့်တက်လျက်ရှိပြီး ဈေးနှုန်းများမှာ လည်း တစ်နှစ်ထက်တစ်နှစ်
အမြင့်ကိုသာ ရောက်ရှိနေသည့်အတွက် စံနှုန်းများမှာလည်း မြင့်မားရခြင်းဖြစ်ကြောင်း ဦးကျော်
သန့်လွင် က ပြောသည်။

"ရန်ကုန်မြို့ရဲ့ မြေဈေးက အကျဘက်မှာ ကို မရှိဘူး။ ကျွန်တော်တို့က အခွန်ဆောင်ဖို့ တန်ဖိုးဖြတ်
တဲ့အခါ အရင်ရှိပြီးသားစံနှုန်း ကို အခြေခံပြီး ပြင်ပပေါက်ဈေးက မြင့်နေ ရင် အခွန်စံနှုန်းကိုလည်း
လိုက်ပြီးမြင့်ပေးရပါ တယ်။ ဒါတောင် ကျွန်တော်တို့ စံနှုန်းတွေက ပြင်ပ ပေါက်ဈေးကို မမှီသေး
ပါဘူး။ ဥပမာ ကားတွေအခွန် သတ်မှတ်တဲ့ အခါကျရင် ကားဈေးက ကျနေတဲ့အတွက် အခွန်ကို
လည်း လိုက်ချ ပေးရပါတယ်။ အိမ်ခြံမြေအခွန် သတ်မှတ်တဲ့နေရာမှာလည်း ဒီလိုပါပဲ" ဟု ၎င်းက
ပြောသည်။

မြေဈေးစံနှုန်းမြင့်တက်မှုများမှာ ဥပမာ အားဖြင့် ဗဟန်းမြို့နယ် ရွှေတိဂုံဘုရားလမ်းမ၏ အခွန်နှုန်း
သည် ယခုနှစ်တွင် တစ်ပေပတ်လည်လျှင် ကျပ် ၃၃၀,၀၀၀ ဖြစ်၍ ပြီးခဲ့သည့်နှစ်တွင် ကျပ်
၂၀၀,၀၀၀ ဖြစ်ပြီး ဒဂုံမြို့နယ် ယောမင်းကြီးလမ်း၏ အခွန်နှုန်းမှာ ယခုနှစ်တွင် တစ်ပေပတ်လည်
လျင် ကျပ် ၃၃၀,၀၀၀ ဖြစ်၍ ပြီးခဲ့သည့်နှစ်တွင်မှု ကျပ် ၂၇၅,၀၀၀ ဖြစ်သည်။

ယခုကဲ့သို့ အခွန်ဆောင်ရန်အတွက် မြေဈေးစံနှုန်းများ မြင့်တက်သွားခြင်းများ ကြောင့် ရန်ကုန်မြို့
၏ အိမ်ခြံမြေ ဈေးကွက် ပိုအေးစက်နိုင်ပြီး အခွန်ဆောင်သူများ လည်း လျော့နည်းလာနိုင်ကြောင်း
အိမ်ခြံမြေ အကျိုးဆောင်များက ပြောသည်။

"အရင်ကတည်းက အခွန်ဆောင်တဲ့အလုပ်က ပြည်သူတွေနဲ့ သိပ်အဆင်ပြေသေးတာ မဟုတ်
ဘူး။ အခု သတ်မှတ်ထားတဲ့ အရင်စံနှုန်းနဲ့ အသားကျခါစပဲ ရှိသေးတယ်၊ နောက်ထပ်ပြောင်းလိုက်
တယ်၊ ပိုလည်းများ သွားတယ်ဆိုရင် အခွန်ဆောင်ဖို့ထက် ရှောင် ဖို့က ပိုများလာနိုင်တယ်။ နောက်
ပြီး အိမ်ခြံ မြေဈေးကွက်လည်း အေးသွားနိုင်တယ်။ အစိုးရ အနေနဲ့ကလည်း အခွန်ဆောင်ဖို့
လောက်ပဲ ပြောပေမယ့် တကယ်တမ်းကျတော့ ပြည်သူ တွေ အခွန်ဆောင်ရင် အခွန်ဆောင်
တဲ့သူတွေ ကို ဘာဝန်ဆောင်မှုမှ ကောင်းကောင်း မပေး နိုင်ဘူး။ တခြားနိုင်ငံတွေမှာ အခွန်
ဆောင် ရင် အစိုးရက ၀န်ဆောင်မှုအပြည့်အ၀ပေး တယ်။ အခုတော့ ဒီမှာက အခွန်ဆောင်တာ
ဝန်ထုပ်ဝန်ပိုး တစ်ခုလို ဖြစ်နေတယ်" ဟု ဦးစိုင်းခွန်နောင်က ပြောသည်။

Credit: mmtimes

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
ကြေးနီနဲ့ ပြုလုပ်ထားတဲ့ ရေဘူးကို သုံးခြင်းရဲ့ ကောင်းကျိုးများ
ကြေးနီနဲ့ ပြုလုပ်ထားတဲ့ ရေဘူးကို သုံးခြင်းရဲ့ ကောင်းကျိုးများ
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ

Upcoming Property Events

From 08 Jul To 08 Aug

Central Shophouse

From 09 Aug To 10 Aug

THADAR CONDOMINIUM

From 09 Aug To 10 Aug

Mingalar Market

THADAR CONDOMINIUM

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service