ဗိုလ်တထောင်၊ ကြည့်မြင်တိုင်၊ မြောက်ဥက္ကလာပ၊ ဒဂုံမြောက်၊ ဒဂုံအရှေ့တို့တွင် မြို့ပြအိမ်ရာ၊ တန်ဖိုးမျှတအိမ်ရ - Property News in Myanmar from iMyanmarHouse.com
2471 Views

ဗိုလ်တထောင်၊ ကြည့်မြင်တိုင်၊ မြောက်ဥက္ကလာပ၊ ဒဂုံမြောက်၊ ဒဂုံအရှေ့တို့တွင် မြို့ပြအိမ်ရာ၊ တန်ဖိုးမျှတအိမ်ရ

ဗိုလ်တထောင်၊ ကြည့်မြင်တိုင်၊ မြောက်ဥက္ကလာပ၊ ဒဂုံမြောက်၊ ဒဂုံအရှေ့တို့တွင် မြို့ပြအိမ်ရာ၊ တန်ဖိုးမျှတအိမ်ရာ စီမံကိန်းများ ပုဂ္ဂလိကနှင့် အကျိုးတူပူးပေါင်းဆောင်ရွက်ရန် မကြာမီ တင်ဒါရွေးချယ်မည်

ရန်ကုန်မြို့ရှိ ဗိုလ်တထောင်၊ ကြည့်မြင်တိုင်၊ မြောက်ဥက္ကလာပ၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊ ဒဂုံမြို့သစ် အရှေ့ပိုင်းတို့တွင် တန်ဖိုးမျှတအိမ်ရာ စီမံကိန်းနှင့် မြို့ပြအိမ်ရာ စီမံကိန်းများအား ပုဂ္ဂလိက ကုမ္ပဏီများနှင့် အကျိုးတူပူးပေါင်းဆောင်ရွက်ရန် မကြာမီ တင်ဒါရွေးချယ်တော့မည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ သိရသည်။

အဆိုပါ စီမံကိန်းများကို ပုဂ္ဂလိကနှင့် ပူးပေါင်းဆောင်ရွက်ရန်အတွက် မတ်လအတွင်းက တင်ဒါခေါ်ယူခဲ့ခြင်းဖြစ်ပြီး အကျိုးတူပူးပေါင်း ဆောင်ရွက်လိုသည့် ကုမ္ပဏီ ၅၄ ခုက တင်ဒါတင်သွင်းခဲ့သည်ဟု သိရသည်။

ဗိုလ်တထောင်မြို့နယ် သိမ်ဖြူ လမ်းနှင့် ကုန်သည်လမ်းထောင့်ရှိ မြေဧရိယာ ၃ ဒသမ ၀၆၈ ဧကခန့်တွင် မြို့ပြအိမ်ရာစီမံကိန်း ဆောက်လုပ်ရန်အတွက် ကုမ္ပဏီ ၃၁ ခု၊ ကြည့်မြင်တိုင်မြို့နယ် ဈေးကြီးလမ်းရှိ မြေဧရိယာ ၃၆၄ ဧကခန့်တွင် မြို့ပြအိမ်ရာစီမံကိန်း ဆောက်လုပ်ရန် ကုမ္ပဏီခုနစ်ခု၊ မြောက်ဥက္ကလာပမြို့နယ် ရွှေပေါက်ကံ ပုလဲလမ်းနှင့် ဟံသာဝတီလမ်းထောင့်ရှိ မြေဧရိယာ ၁၀ ဒသမ ၉၃ ဧကခန့်တွင် မြို့ပြအိမ်ရာ စီမံကိန်းများ ဆောက်လုပ်ရန်အတွက် ကုမ္ပဏီလေးခု၊ ဒဂုံမြို့သစ် မြောက်ပိုင်းမြို့နယ် ရာဇာဓိရာဇ်လမ်းရှိ မြေဧရိယာ ၄၀ ဒသမ ၄၉၃ ဧကခန့်တွင် မြို့ပြအိမ်ရာစီမံကိန်း ဆောက်လုပ်လုပ်ရန် ကုမ္ပဏီ ၁၀ ခုနှင့် ဒဂုံမြို့သစ် အရှေ့ပိုင်းမြို့နယ် မင်းရဲကျော်စွာလမ်းရှိ မြေဧရိယာ ၁၁ ဧကခန့်တွင် တန်ဖိုးမျှတအိမ်ရာစီမံကိန်း ဆောက်လုပ်ရန် ကုမ္ပဏီနှစ်ခု တင်ဒါတင်သွင်းခဲ့ခြင်းဖြစ်သည်။ တင်ဒါတင်သွင်းထားသည့် ကုမ္ပဏီစာရင်းများကိုမူ အသေးစိတ်ထုတ်ပြန်ခြင်း မပြုပေ။

အဆိုပါ ကုမ္ပဏီများထဲမှ အကျိုးတူပူးပေါင်း ဆောက်လုပ်ခွင့်ရရှိမည့် ကုမ္ပဏီကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ၀န်ကြီးအချို့၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ တာဝန်ရှိသူများ အပါအ၀င် အဖွဲ့ဝင် ၁၆ ဦးဖြင့် ဖွဲ့စည်းထားသည့် တင်ဒါစိစစ်ရွေးချယ်ရေးအဖွဲ့က ရွေးချယ်သွားမည်ဖြစ်ကြောင်း သိရသည်။

တင်ဒါရွေးချယ်ပြီးသည့်နှင့် လုပ်ငန်းသဘောတူစာချုပ်များ ချုပ်ဆိုကာ လုပ်ငန်းများစတင် ဆောင်ရွက်မည်ဖြစ်ပြီး မြို့ပြအိမ်ရာ လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရန် ရည်ရွယ်၍ အကောင်အထည်ဖော်ရန် စီစဉ်ခြင်းဖြစ်ကြောင်း သိရသည်။

သို့ရာတွင် လက်ရှိအကောင်အထည်ဖော် ပြီးစီးတော့မည့် ဒဂုံမြို့သစ် မြောက်ပိုင်းမြို့နယ်ရှိ ဗိုလ်ဗထူးနှင့် ဗိုလ်မင်းရောင်တန်ဖိုးမျှတအိမ်ရာ စီမံကိန်းများမှ တိုက်ခန်းဈေးနှုန်းများမှာ အခြေခံလူတန်းစား အများပြည်သူ မ၀ယ်နိုင်သည့် ဈေးနှုန်းများ ဖြစ်နေခဲ့ကြောင်း သိရသည်။

Credit: Eleven media

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ

Upcoming Property Events

From 26 Jul To 27 Jul

Emerald Bay Luxury Condo

From 26 Jul To 27 Jul

ERC Luxury Condo

From 26 Jul To 27 Jul

Magical World Apartment

From 02 Aug To 03 Aug

Inno City Special Sales Event

Emerald Bay Condo
ERC Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service