တံတားဦးမြို့နယ်ရှိ လယ်ယာမြေများ တစ်ဧကကျပ်သိန်းရာချီဈေးပေါက်ပြီး အရောင်းသွက် - Property News in Myanmar from iMyanmarHouse.com
810 Views

တံတားဦးမြို့နယ်ရှိ လယ်ယာမြေများ တစ်ဧကကျပ်သိန်းရာချီဈေးပေါက်ပြီး အရောင်းသွက်

ဟိုတယ်ဇုန်စီမံကိန်း နှင့် မြေကွက်ဝယ်ယူစုဆောင်းမှု များကြောင့် တံတားဦးမြို့နယ်ရှိ လယ်ယာမြေများ တစ်ဧကကျပ် သိန်းရာချီ ဈေးပေါက်ကာ အ ရောင်းအ၀ယ်သွက်နေကြောင်း ဒေသခံ အိမ်ခြံမြေအကျိုးဆောင် များက ပြောသည်။

တံတားဦးဟိုတယ်ဇုန်စီမံ ကိန်းအနီးရှိ လယ်ယာမြေများမှာ မြေတစ်ဧကလျှင် ကျပ်သိန်း ၁၀၀နှင့် ကျပ်သိန်း ၅၀၀ ကြား ဈေးပေါက်ကာ အရောင်းအ၀ယ်သွက်နေသ လို ဈေးနှုန်းများမှာလည်း လွန်ခဲ့ သည့် ခြောက်လခန့်ကထက် နှစ် ဆနီးပါး မြင့်တက်လာသည်ဟု တံတားဦးမြို့မှ အိမ်ခြံမြေအကျိုး ဆောင်တစ်ဦးက ပြောသည်။

‘‘ဟိုတယ်ဇုန်က မကြာခင် ဆောက်တော့မှာဆိုတော့ မြို့က လူတွေ လာဝယ်ကြတယ်။ ဗမာ တွေရော၊ တရုတ်တွေရော လာ ၀ယ်ကြတာ။ အခုဆိုရင် မြေယာ ၀ယ်ချင်တဲ့သူကများပြီး ရောင်းသူ မရှိဘူးဖြစ်နေတယ်’’ဟု တံတား ဦးမြို့မှ အိမ်ခြံမြေအကျိုးဆောင် တစ်ဦးက ပြောသည်။

လွန်ခဲ့သည့် သုံးနှစ်ခန့်မှစ တင်ကာ တံတားဦးမြို့နယ်အ တွင်းရှိ လယ်ယာမြေများ အ ရောင်းအ၀ယ်သွက်နေခြင်း ဖြစ်ပြီးရန်ကုန်-မန္တလေးအမြန်လမ်းမ ဘေးနှင့် ဟိုတယ်ဇုန်စီမံကိန်းအနီး ၀န်းကျင်ရှိ လယ်ယာမြေများကို မန္တလေးမြို့မှ ငွေကြေးတတ်နိုင် သူများက ၀ယ်ယူထားကြသည်ဟု ဒေသခံများက ပြောသည်။

လမ်းမကြီးများနှင့် အနီးအ ဝေး၊ မြေနေရာအကွက်အကွင်း ကောင်းမှုအပေါ် မူတည်ကာ လယ်ယာမြေဈေးနှုန်းများကွာခြားပြီး တံတားဦးမြို့နယ်အတွင်းရှိ လယ် ယာမြေများတွင် မြေတစ်ဧကအ နိမ့်ဆုံးဈေး ကျပ်သိန်း ၁၀၀ ခန့် ဈေးပေါက်သည်ဟု ဒေသခံများ က ပြောသည်။

‘‘ရန်ကုန်-မန္တလေးအမြန် လမ်းမဘေးနဲ့ ကျောက်စိမ်းဈေး သစ်အနီးက လယ်ယာမြေတွေဆို ရင် တစ်ဧကသိန်းတစ်သောင်း ကျော် ပေါက်ဈေးရှိတယ်။ စစ် ကိုင်း-မြစ်ငယ်လမ်းဘေးက မြေ တွေလည်း တစ်ဧကသောင်းချီ ဈေးပေါက်တယ်။ သူဌေးတွေက ၀ယ်ထားပြီး ပြန်မရောင်းတော့ ဘူး။ အခုလည်း တရုတ်တွေက ဧရာဝတီမြစ်ဘေး တံတားဦး မြို့နယ်ထဲက လယ်ယာမြေတွေ ကို ဈေးကောင်းပေးလိုက်ဝယ်နေ တယ်’’ဟု ဒေသခံအိမ်ခြံမြေအ ကျိုးဆောင်တစ်ဦးက ပြောသည်။

တံတားဦးမြို့နယ်အတွင်း ဧရာဝတီမြစ်ကမ်းနဖူးရှိ လယ်ယာမြေများမှာ တစ်ဧကလျှင်ကျပ်သိန်း တစ်ထောင်ခန့်အထိ ဈေးပေါက် နေသည်ဟု ဆိုသည်။ လယ်ယာ မြေများအရောင်းအ၀ယ်ပြုလုပ် ရာတွင် ၂၀၁၂ ခုနှစ် လယ်ယာမြေ ဥပဒေအရ ပိုင်ဆိုင်မှုအထောက် အထားအဖြစ် ထုတ်ပေးသည့် ပုံစံ (၇)၊ ပုံစံ (၁၀၅)တို့ဖြင့် အရောင်းအ၀ယ်ပြုလုပ်ကြခြင်းဖြစ်သည် ဟု ဆိုသည်။တံတားဦးမြို့ပေါ်နှင့် အနီးဝန်းကျင်ရှိ ကျေးရွာများတွင်အိမ်ခြံမြေ ပွဲစားဝိုင်းများရှိပြီး နေ့စဉ်အရောင်းအ၀ယ်ပြုလုပ်နေသူ များရှိကြောင်း ဒေသခံအိမ်ခြံမြေအကျိုးဆောင်များကပြောသည်။

တံတားဦးမြို့နှင့် ဆက်စပ် နေသည့် ငါန်းဇွန်မြို့နယ် မြို့သာ စီမံကိန်းအနီးရှိ မြေကွက်များမှာ လည်း ဈေးနှုန်းမြင့်တက်ကာ အ ရောင်းအ၀ယ်သွက်နေကြောင်း သတင်းရရှိသည်။

မြန်မာခရီးသွားလုပ်ငန်း ဖွံ့ ဖြိုးတိုးတက်မှု အများပိုင်ကုမ္ပဏီ သည် တံတားဦးဟိုတယ်ဇုန်စီမံ ကိန်းကို တံတားဦးမြို့အနီးရှိ မြေ ဧက ၅၀၀၀ခန့်ပေါ်တွင် အကောင်အထည်ဖော်တည်ဆောက်ရန် စီ စဉ်နေသည်။

Credit: 7 Day Daily

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ

Upcoming Property Events

From 26 Jul To 27 Jul

Emerald Bay Luxury Condo

From 26 Jul To 27 Jul

ERC Luxury Condo

From 26 Jul To 27 Jul

Magical World Apartment

From 02 Aug To 03 Aug

Inno City Special Sales Event

Emerald Bay Condo
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service