ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ် ပြည်ပဘဏ်များနှင့် ပူးပေါင်းလုပ်ကိုင်ရန် စီစဉ်နေ - Property News in Myanmar from iMyanmarHouse.com
783 Views

ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ် ပြည်ပဘဏ်များနှင့် ပူးပေါင်းလုပ်ကိုင်ရန် စီစဉ်နေ

ဆောက်လုပ်ရေး နှင့်အိမ်ရာဖွံ့ဖြိုးရေးဘဏ်သည် နိုင်ငံခြားဘဏ် ၃၄ ခုနှင့် ချိတ်ဆက်ထားပြီး ပူးပေါင်းလုပ်ဆောင်ရန် စီစဉ်ဆောင်ရွက်နေကြောင်းယင်းဘဏ်ဥက္ကဋ္ဌဦးစိုးမောင်က ပြောကြားသည်။

‘‘ဗဟိုဘဏ်က နိုင်ငံခြားဘဏ်များကို နိုင်ငံခြားရင်းနှီးမြှုပ် နှံမှုကုမ္ပဏီနဲ့ပြည်တွင်းဘဏ်များကိုသာ ငွေချေးဖို့ခွင့်ပြုထားတယ်။ ပြည်တွင်းကုမ္ပဏီများကိုတော့ ပြည်တွင်းဘဏ်နဲ့ပူးပေါင်းပြီးငွေထုတ်ချေးပေးနိုင်ဖို့သတ်မှတ်ထားတဲ့အတွက်ကျွန်တော်တို့လည်း နိုင်ငံခြားဘဏ်တွေနဲ့ပူးပေါင်းဖို့စီစဉ်နေတယ်’’ဟု ဆောက်လုပ် ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးစိုးမောင်က ပြောကြားသည်။

လက်ရှိတွင်အဆက်အသွယ်ဘဏ်အဖြစ်အိန္ဒိယ၊တရုတ်၊ ဟောင်ကောင်၊ မလေးရှား၊ ကို ရီးယား၊ ထိုင်းနိုင်ငံတို့တွင် ဖွင့် လှစ်ထားသောOCBCဘဏ်အပါအ၀င်ဘဏ်ခုနစ်ခုနှင့်ချိတ်ဆက်ထားသောကြောင့် နိုင်ငံခြားဘဏ်လုပ်ငန်းများနှင့် ငွေလွှဲခြင်း လုပ် ငန်းများလည်း ဆောင်ရွက်နိုင် တော့မည်ဟု ၎င်းကဆိုသည်။

ဆောက်လုပ်ရေးနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဘဏ်သက်တမ်း ကိုးလ အတွင်းဘဏ်ခွဲငါးခုဖွင့်လှစ်နိုင်ခဲ့ သည်။ ဘဏ်၏ မ,တည်ငွေရင်း၈၃ဒသမ၇၁ဘီလီယံရှိလာပြီဖြစ်ကြောင်း ဆောက်လုပ်ရေးနှင့်အိမ်ရာဖွံ့ဖြိုးရေးဘဏ်ကထုတ်ပြန်ခဲ့သည်။

ရန်ကုန်မြို့နှင့် မန္တလေးမြို့ အနီးတွင် ဆောင်ရွက်နေသော တန်ဖိုးနည်းအိမ်ရာစီမံကိန်းများကိုစတင်ချေးငွေထုတ်ချေးပေးလျက်ရှိပြီးအနာဂတ်တွင်ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ဆောင်ရွက်ရန်စီစဉ်နေသည့်တန်ဖိုးနည်းအိမ်ရာစီမံကိန်းများကိုထုတ်ချေးပေး နိုင်ရန် စီစဉ်နေကြောင်းသတင်း ရရှိသည်။

ပြည်သူများအိမ်မပိုင်ဆိုင်ဘဲချို့တဲ့စွာနေထိုင်ရခြင်းမှလွတ် မြောက်စေရန်တန်ဖိုးနည်းအိမ်ရာများ ဆောက်လုပ်ရာတွင်လိုအပ်မည့် ငွေကြေးများပံ့ပိုးကူညီနိုင်စေရန် ဆောက်လုပ်ရေးနှင့် အိမ်ရာ ဖွံ့ဖြိုးရေးဘဏ်ကိုတည်ထောင်ခဲ့ခြင်းဖြစ်သည်ဟု ၎င်းကဆိုသည်။

Credit : 7Day Daily

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
ပိုင်ဆိုင်မှုအထောက်အထား စာရွက်စာတမ်းများ ပျောက်ဆုံးနေသော ပါမစ်မြေအား ဂရန်(မြေငှားစာချုပ်) လျှောက်ထားလိုလျှင် သိရှိရမည့်အ
ပိုင်ဆိုင်မှုအထောက်အထား စာရွက်စာတမ်းများ ပျောက်ဆုံးနေသော ပါမစ်မြေအား ဂရန်(မြေငှားစာချုပ်) လျှောက်ထားလိုလျှင် သိရှိရမည့်အ
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀

Upcoming Property Events

From 02 Aug To 03 Aug

Inno City Special Sales Event

From 02 Aug To 03 Aug

Emerald Bay Luxury Condo

From 08 Jul To 08 Aug

Central Shophouse

INNO CITY Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service