ထားဝယ်အထူးစီးပွားရေးဇုန် အောင်မြင်စွာဆောင်ရွက်နိုင်ရန် ဂျပန်က ဒေါ်လာ ခုနစ်သိန်းခန့် အကုန်အကျခံ၍ သုတေသန သံ - Property News in Myanmar from iMyanmarHouse.com
1204 Views

ထားဝယ်အထူးစီးပွားရေးဇုန် အောင်မြင်စွာဆောင်ရွက်နိုင်ရန် ဂျပန်က ဒေါ်လာ ခုနစ်သိန်းခန့် အကုန်အကျခံ၍ သုတေသန သံ

ထားဝယ်အထူးစီးပွားရေးဇုန် အောင်မြင် စွာလုပ်ဆောင်နိုင်ရန် ဂျပန်နိုင်ငံက ဒေါ်လာ ခုနစ်သိန်းခန့်အကုန်အကျခံ၍ သုတေသန သုံးခုလုပ်ဆောင်ပေးမည်ဖြစ်ပြီး ၂ဝ၁၅ ခုနှစ် ပထမ သုံးလပတ်အတွင်း အပြီးလုပ်ဆောင် ပေးမည်ဖြစ်ကြောင်း ထားဝယ်အထူးစီးပွား ရေးဇုန် အကောင်အထည်ဖော်ရေး အထူးလုပ် ငန်းအဖွဲ့၏ အောက်တိုဘာ ၂ဝ ရက် သတင်း ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါစီမံကိန်းတွင် ဂျပန်နိုင်ငံပါဝင် ကူညီရေးအတွက် အောက်တိုဘာ ၁၄ ရက် က ထားဝယ်အထူးစီးပွားရေးဇုန် အကောင် အထည်ဖော်ရေး အထူးလုပ်ငန်းအဖွဲ့ ဥက္ကဌ ဦးအေးမြင့် ဦးဆောင်သည့် မြန်မာကိုယ်စား လှယ်အဖွဲ့သည် ဂျပန်နိုင်ငံ ဒုတိယဝန်ကြီး H.E.Mr. Ishiguro ၊ ဂျပန်နိုင်ငံစီးပွားရေး၊ ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီးဌာန၊ ဂျပန်-မြန်မာအသင်း ဥက္ကဌနှင့် ဂျပန်နိုင်ငံရှိ စီးပွား ရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးမှု များ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ထားဝယ်အထူးစီးပွားရေးဇုန်စီမံကိန်း အတွက် ဂျပန်နိုင်ငံက လုပ်ဆောင်ပေးမည့် သုတေသနလုပ်ငန်း သုံးခုမှာ မြန်မာနိုင်ငံစက်မှုလုပ်ငန်းဆိုင်ရာစီမံကိန်းနှင့် မဲခေါင်- အိန္ဒိယတောင်ဘက် စီးပွားရေးစကြøဖွံ့ဖြိုးမှု တိုးမြင့်စေရေး သုတေသနလုပ်ငန်း၊ ထားဝယ် အထူးစီးပွားရေးဇုန် ဖွံ့ဖြိုးတိုးတက်စေရေး အတွက် နည်းပညာအထောက်အကူပြုနိုင်မည့် လေ့လာသုံးသပ်ရေး သုတေသနလုပ်ငန်း နှင့် ထားဝယ်အထူးစီးပွားရေးဇုန်အတွက် အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍအကြား ငွေကြေး ပူးပေါင်းဆောင် ရွက်ရေးသုတေသနလုပ်ငန်း သုံးခုတို့အား ဒေါ်လာခုနစ်သိန်းခန့် အကုန် အကျခံဆောင်ရွက်မည်ဖြစ်ပြီး ၂ဝ၁၅ ခုနှစ် ပထမသုံးလပတ်တွင် အပြီးဆောင်ရွက်သွား မည်ဖြစ်ကြောင်း သိရသည်။

၂ဝဝ၈ ခုနှစ်မှ စတင်ခဲ့သည့် ထားဝယ် အထူးစီးပွားရေးဇုန်စီမံကိန်းမှာ လက်ရှိကာလအထိ စီမံကိန်းများလိုအပ်သည့် အတိုင်းအတာ တစ်ခုအထိ လုပ်ဆောင်နိုင်ခြင်းမရှိသည့် အပြင်စီမံကိန်းအား ဦးဆောင်လုပ်ခဲ့သည့် ထိုင်းနိုင်ငံအခြေစိုက် အီတာလျံ-ထိုင်းကုမ္ပ ဏီမှ ငွေစိုက်ထုတ်နိုင်မှု အခက်အခဲကြောင့် နုတ်ထွက်သည့်အနေအထားများနှင့် ရင်ဆိုင် ခဲ့ရကာ စီမံကိန်းအောင်မြင်ရေးအတွက် လိုအပ်သည့်လုပ်ငန်းများ လုပ်ဆောင်နိုင်ရန် ပင်မကုမ္ပဏီဖြစ်သည့် Special Purpose Vehicle-1အား နှစ်နိုင်ငံပူးတွဲတည်ထောင်၍ ကုမ္ပဏီမှတ်ပုံတင်မှုအား ထိုင်းနိုင်ငံတွင် တည်ထောင် မှတ်ပုံတင်ခဲ့သဖြင့် ထားဝယ်အထူးစီးပွားရေး ဇုန်အား ထိုင်းနိုင်ငံမှ အလုံးစုံ ချုပ်ကိုင်မည် ဟု ပြည်သူအများ စိုးရိမ်မှုများဖြစ်ပေါ်ခဲ့သော် လည်း အဆိုပါစီမံကိန်းအား မြန်မာနိုင်ငံမှသာ ချုပ်ကိုင်မည်ဖြစ်ကြောင်း ဦးအေးမြင့် က ပြောကြားထားသည်။

ကာလရှည်ရပ်နားထားသော ထားဝယ် အထူးစီးပွားရေးဇုန်စီမံကိန်းတွင် ကနဦးအခြေခံအဆောက်အအုံ ဆောက်လုပ်ခြင်းစီမံကိန်းနှင့် ဆက်လက်အကောင်အထည်ဖော်မည့် စီမံကိန်းဟူ၍ နှစ်ပိုင်းခွဲခြားလုပ်ဆောင်ရန်စီစဉ်ထားပြီး လုပ်ငန်းစီမံကိန်း ခုနစ်ခုဖြင့် ၂ဝ၁၅ ခုနှစ် နှစ်ကုန်ပိုင်းတွင် ပြီးစီးရန် လျာထားကြောင်း သိရသည်။

အဆိုပါလုပ်ငန်း ခုနစ်ခုမှာ နှစ်လမ်းသွား ကားလမ်း၊ ဆိပ်ကမ်းငယ်၊ ကနဦးစက်မှုဇုန်၊ လျှပ်စစ်ဓာတ်အားပေးစက်ရုံ၊ လူနေ အဆောက်အအုံနှင့် မြို့ပြစီမံကိန်း၊ ရေပေးဝေရေးနှင့် ဆက်သွယ်ရေးလိုင်း တို့ဖြစ်ပြီး ခန့်မှန်းကုန်ကျစရိတ်မှာ ဒေါ်လာ ရှစ်ဘီလျံ ခန့် ကုန်ကျနိုင်မည်ကြောင်း သိရသည်။

Credit: Eleven Media Group

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ
ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
Mark Zuckerberg နဲ့ Jay-Z တို့လို ဒိတ်ဒိတ်ကြဲ အမေရိကန်ဘီလျံနာသူဌေးတွေ ဘာကြောင့် အိမ်ခြံမြေချေးငွေနဲ့ အိမ်ဝယ်ကြတာလဲ
Mark Zuckerberg နဲ့ Jay-Z တို့လို ဒိတ်ဒိတ်ကြဲ အမေရိကန်ဘီလျံနာသူဌေးတွေ ဘာကြောင့် အိမ်ခြံမြေချေးငွေနဲ့ အိမ်ဝယ်ကြတာလဲ

Upcoming Property Events

From 26 Jul To 27 Jul

Emerald Bay Luxury Condo

From 26 Jul To 27 Jul

ERC Luxury Condo

From 26 Jul To 27 Jul

Magical World Apartment

From 08 Jul To 08 Aug

Central Shophouse

ERC Luxury Condo
Emerald Bay Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service