ထားဝယ်မြို့ရှိ မြေနှစ်ဧကပေါ်တွင် BOT စနစ်ဖြင့် ခုတင် ၅၀ ဆံ့ ပုဂ္ဂလိကဆေးရုံ တည်ဆောက်ရန် MIC ခွင့်ပြု - Property News in Myanmar from iMyanmarHouse.com
946 Views

ထားဝယ်မြို့ရှိ မြေနှစ်ဧကပေါ်တွင် BOT စနစ်ဖြင့် ခုတင် ၅၀ ဆံ့ ပုဂ္ဂလိကဆေးရုံ တည်ဆောက်ရန် MIC ခွင့်ပြု

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့ ရှိ မြေ နှစ်ဧကပေါ်တွင် BOT စနစ်ဖြင့် ခုတင် ၅ဝ ဆံ့ ပုဂ္ဂလိကဆေးရုံတည်ဆောက်၍ ဆေးရုံဝန်ဆောင်မှုလုပ်ငန်းကို ပုဂ္ဂလိက ကုမ္ပဏီတစ်ခုက လုပ်ကိုင်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်မှ သိရသည်။

လုပ်ငန်းလုပ်ကိုင်ရန်အတွက် အဆိုပြုတင်ပြချက်အပေါ် အောက်တိုဘာ ၁ဝ ရက်ကပြုလုပ်သည့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် အစည်းအဝေးတွင် Fourteen Star Network Dawei Co.Ltd ကို လုပ်ကိုင်ခွင့် ပြန်လည်ချပေးခဲ့ခြင်းဖြစ်သည်။ Fourteen Star Network Dawei Co.Ltd က ဆေးရုံတည်ဆောက်၍ ဆေးရုံဝန်ဆောင်မှုလုပ်ငန်းကို တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့ ဆန်းချီရပ်ကွက် ကမြောကင်းလမ်း ဦးပိုင်အမှတ် (၉၂၂)၊ အကွက် အမှတ်(၂၄)ရှိ မြေနှစ်ဧကပေါ်တွင် အကောင်အထည်ဖော် လုပ်ကိုင်မည်ဖြစ်ကြောင်း သိရသည်။

မန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်သည် အဆိုပါလုပ်ငန်းကို လုပ်ကိုင်ခွင့်ချထားပေးရာတွင် သက်ဆိုင်ရာတိုင်းဒေသကြီး၊ ပြည်နယ်၊ အစိုးရအဖွဲ့နှင့် လုပ်ငန်းနှင့်ဆက်စပ်သည့် ပြည်ထောင်စုဝန်ကြီးဌာနများ/အဖွဲ့အစည်းများမှ သဘောထားမှတ်ချက်များ စိစစ်ခွင့်ပြုချက်များအပေါ် အခြေခံ၍ ကော်မရှင်အစည်းအဝေးတွင် စိစစ်ခွင့်ပြုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ကျန်းမာရေးဝန်ကြီးဌာန အနေဖြင့် ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်း ပြောင်းလဲဖွံ့ဖြိုးရေးစီမံချက်ကို ရေးဆွဲလျက်ရှိပြီး ဆေးရုံများ၏ အဆင့်အတန်းအလိုက် ကုသမှုစနစ်လမ်းညွှန် ပေါ်ပေါက်လာစေရန် စီစဉ်လျက်ရှိကြောင်းနှင့် ပုဂ္ဂလိကဆေးရုံများနှင့် ပတ်သက်သည့် Standard Treatment Guide Line ကို ရေးဆွဲလျက်ရှိကြောင်း သိရသည်။

အစိုးရအနေဖြင့် ပုဂ္ဂလိက ကျန်းမာရေးဆိုင်ရာ ဥပဒေကို ၂ဝဝ၇ ခုနှစ်ကတည်းက ပြဋ္ဌာန်းခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် နည်းဥပဒေနှင့်အညီ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်း ပြောင်းလဲဖွံ့ဖြိုးလာရန်အတွက် ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်း ပြောင်းလဲဖွံ့ဖြိုးရေး စီမံချက်ကို ရေးဆွဲလျက်ရှိကြောင်းနှင့် အဆိုပါစီမံချက် ပြီးစီးသွားပါက ဥပဒေစည်းကမ်းချက်များနှင့်အညီ လိုင်စင်ထုတ်ပေးခြင်း၊ သတ်မှတ်ထားသည့် စည်းကမ်းနှင့်အညီ လိုက်နာဆောင်ရွက်မှု ရှိမရှိ စစ်ဆေးခြင်း၊ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းများကို ထိန်းသိမ်းမြှင့်တင်ခြင်း အစီအစဉ်များကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ငွေကြေးတတ်နိုင်သူများအတွက် မိမိတို့ဆန္ဒအလျောက် အာမခံကြေး ထည့်ဝင်နိုင်မည့် ပုဂ္ဂလိကကျန်းမာရေး အာမခံစနစ် ပေါ်ပေါက်လာရန် စီစဉ်နေကြောင်းနှင့် လက်ရှိတွင် ကျန်းမာရေးစောင့်ရှောက်မှု လူတိုင်းလက်လှမ်းမီ လွှမ်းခြုံရေး အဆိုပြုစီမံကိန်းမူကြမ်း ၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာနှစ်မှ ၂ဝ၂ဝ-၂ဝ၂၁ ဘဏ္ဍာနှစ်ကို ရေးဆွဲနေကြောင်း သိရသည်။ ကျန်းမာရေးဦးစီးဌာနအောက်၌ ဆေးရုံ ၉၈၂ ရုံရှိပြီး ပုဂ္ဂလိကကဏ္ဍတွင် ဆေးရုံ ၁၆ဝ ကျော်ရှိကြောင်း သိရသည်။

Credit : Eleven

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ

Upcoming Property Events

From 08 Jul To 08 Aug

Central Shophouse

From 09 Aug To 10 Aug

THADAR CONDOMINIUM

From 09 Aug To 10 Aug

Mingalar Market

From 27 Sep To 28 Sep

18th Property and Car Expo

THADAR CONDOMINIUM

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service