ရန်ကုန်မြို့သစ်စီမံကိန်း အကောင်အထည်ဖော်ရန်ဆန္ဒဖော်ထုတ် - Property News in Myanmar from iMyanmarHouse.com
892 Views

ရန်ကုန်မြို့သစ်စီမံကိန်း အကောင်အထည်ဖော်ရန်ဆန္ဒဖော်ထုတ်

ရန်ကုန်မြို့သစ်စီမံကိန်း အကောင်အထည်ဖော်ရန် ကြည့် မြင်တိုင်တစ်ဖက်ကမ်းရှိ ဒေသခံ၁,၅၀၀ ကျော်က အောက်တိုဘာ၁၈ရက်နံနက်တွင်ဆန္ဒဖော်ထုတ် တောင်းဆိုခဲ့ကြသည်။ ကြည့်မြင်တိုင်တစ်ဖက် ကမ်းရှိကျေးရွာပေါင်း ၁၁ ရွာ ပူးပေါင်းကာတောင်းဆိုခဲ့ကြခြင်း ဖြစ်သည်။

‘‘ကျေးရွာကလုပ်သားပြည် သူတွေ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေးစတဲ့အဘက်ဘက်နိမ့်ကျနေတဲ့အတွက် ဒေသမှာဖွံ့ဖြိုး လာစေဖို့အတွက် အခုလိုတောင်းဆိုရတာဖြစ်ပါတယ်’’ဟု ဆန္ဒဖော်ထုတ်ရာတွင်ပါဝင်သူဖရုံဆိတ် ကျေးရွာသားဦးတင်စိန်ကပြော သည်။


အဆိုပါဆန္ဒပြပွဲကို မိမိတို့ ဆန္ဒအရ ပြုလုပ်ခြင်းလား(သို့မ ဟုတ်)တစ်စုံတစ်ယောက်အဖွဲ့အစည်းတစ်ခုခုက ညွှန်ကြားစေ ခိုင်း၍ပြုလုပ်ခြင်းဖြစ်ပါသလားဟု7Dayက မေးမြန်းခြင်းကို ‘‘ဘယ်သူ့အထောက်အပံ့ကူညီမှုမျိုးကိုပါဝင်ထားတာမဟုတ်ပါ ဘူး။ ဒါကျေးရွာကစုပေါင်းပြီး သီး သန့်လုပ်ကြတာပါ။ ဘယ်ကုမ္ပဏီ၊ဘယ်အဖွဲ့အစည်းကမှတိုက်တွန်းချက်တွေကြောင့်လုပ်ရတာမဟုတ်ပါဘူး’’ဟုဆန္ဒဖော်ထုတ် တောင်းဆိုရာတွင် ဦးဆောင်ပါ ဝင်သူသုံးဦးကပြောသည်။

‘မြို့သစ်စီမံကိန်းအကောင် အထည်ဖော်ရေး’၊ ‘သမ္မတကြီး ဦးသိန်းစိန်ကျန်းမာပါစေ’၊လက်လုပ်လက်စားဘဝကိုစာနာပါ’၊ ‘လယ်သမားများဘဝကိုသနားပါ’၊‘ဒေသဖွံ့ဖြိုးတိုးတက်ဖို့ မြို့သစ် စီမံကိန်းဖော်ထုတ်စို့’၊ ‘မြို့သစ် စီမံကိန်းအမြန်ဆုံး အကောင်အထည်ဖော်ပေးပါ’၊‘စီမံကိန်းကိုလှိုက်လှိုက်လှဲလှဲထောက်ခံပါ သည်’၊ ‘မြို့သစ်စီမံကိန်းဖျက်ဆီး သူအလိုမရှိ’။ စသောဆိုင်းဘုတ်များ ကိုင်ကာ ကျေးရွာတစ်လျှောက် လှည့်လည်တောင်းဆိုခဲ့ကြသည်။

‘‘နဂိုကတည်းက ပြင်ဆင်ထားခဲ့ပြီးမှအကြောင်းအမျိုးမျိုး ကြောင့် ရွှေ့ဆိုင်းလိုက်တာ။ဖျက်သိမ်းလိုက်တာဟာ ဒေသခံ ပြည်သူတွေအတွက် အကြီးမား ဆုံး ဆုံးရှုံးမှုကြီးတစ်ရပ်ဖြစ်ပါ တယ်’’ဟုလွှတ်တော်တွင်စီမံကိန်းနှင့်ပတ်သက်၍ ထောက်ခံအဆို တင်ရန် စီစဉ်ထားခဲ့သူတစ်ဦးဖြစ် သော ကြည့်မြင်တိုင်မြို့နယ် မဲဆန္ဒနယ်အမှတ်(၁) လွှတ်တော် ကိုယ်စားလှယ်ဒေါ်ကြည်ကြည် မာကပြောသည်။

ရန်ကုန်မြို့အနောက်ဘက် ခြမ်းတွင်ရှိသော မြေဧက၃,၀၀၀ ပေါ်တွင်မြို့သစ်စီမံကိန်းပြုလုပ်ရန်တိုင်းဒေသကြီးအစိုးရအဖွဲ့ကသြဂုတ်၂၂ရက်တွင်လွှတ်တော်သို့သဝဏ်လွှာပေးပို့ခဲ့သည်။ စက်တင်ဘာ ၂၂ ရက်၌ ရန်ကုန် မြို့တော်ဝန်က စီမံကိန်းဆောင်ရွက်မည့်အစီအစဉ်များကို ပြန်လည်သုံးသပ်ရန်လိုအပ်နေသေး ကြောင်း အဆိုတင်ခဲ့ခြင်းကြောင့် ယခင်တင်ပြသောအဆိုကို ရုပ် သိမ်းခဲ့ခြင်းဖြစ်သည်။

‘‘လက်ရှိအချိန်မှာတော့ မြို့သစ်တစ်မြို့တည်ဆောက်ဖို့ အထိမလိုအပ်သေးဘူးလို့ထင်ပါတယ်။ တောင်ဒဂုံ၊ မြောက်ဒဂုံ၊ တောင်ဥက္ကလာလိုနေရာမျိုးမှာလက်ရှိရှိနေတဲ့လူဦးရေထက် တစ်ဆထပ်ပြီး တိုးလို့၊ နေလို့ရ သေးတာ။ အစိုးရက ဝင်ငွေမြင့် အောင်လုပ်ပေးဖို့သာလိုတာပါ။နဂိုကတည်းကမှ ယောင်တောင် တောင်ဖြစ်နေတာကိုစီမံကိန်းဆိုတာနဲ့သွားဆွလိုက်တော့ အခုလို တောင်းဆိုတာတွေ ဖြစ်လာတာ ပေါ့’’ဟု အိုးအိမ်ဦးစီးဌာနတွင်အနှစ်လေးဆယ်ကြာတာဝန်ထမ်း ဆောင်ခဲ့သူစာရေးဆရာမြင့်မိုရ် ဆွေကသုံးသပ်ပြောကြားသည်။

ရန်ကုန်မြို့သစ်စီမံကိန်းမှာထပ်မံလေ့လာသုံးသပ်ရန်လိုအပ် နေ၍ ဖျက်သိမ်းလိုက်ခြင်းဖြစ်သည်။ စီမံကိန်းကို ၂၀၄၀တွင် အကောင်အထည်ဖော်နိုင်ရန်ဂျပန်အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ(JICA)နှင့်ပူးပေါင်းဆောင်ရွက်ရန် ဆွေးနွေးထားပြီးဖြစ်သည်။စီမံကိန်းအတွက်မည်သည့်ပုံစံဖြင့်အကောင်အထည်ဖော်သွားမည်ကိုစီမံချက်လုပ်ငန်းတစ်ရပ်လုံးပြန်လည် လေ့လာသုံးသပ်သွားရန်လိုအပ်နေခြင်းဖြစ်ကြောင်းစက်တင်ဘာ၂၇ရက်တွင်ရန်ကုန်မြို့တော်ဝန်ဦးလှမြင့်က7Dayသတင်းစာ၏မေးမြန်းခြင်းကိုပြန်လည်ဖြေကြားထားသည်။

Credit : 7Day Daily

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ပိုင်ဆိုင်မှုအထောက်အထား စာရွက်စာတမ်းများ ပျောက်ဆုံးနေသော ပါမစ်မြေအား ဂရန်(မြေငှားစာချုပ်) လျှောက်ထားလိုလျှင် သိရှိရမည့်အ
ပိုင်ဆိုင်မှုအထောက်အထား စာရွက်စာတမ်းများ ပျောက်ဆုံးနေသော ပါမစ်မြေအား ဂရန်(မြေငှားစာချုပ်) လျှောက်ထားလိုလျှင် သိရှိရမည့်အ
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ
ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ

Upcoming Property Events

From 02 Aug To 03 Aug

Inno City Special Sales Event

From 02 Aug To 03 Aug

Emerald Bay Luxury Condo

From 08 Jul To 08 Aug

Central Shophouse

From 09 Aug To 10 Aug

THADAR CONDOMINIUM

INNO CITY Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service