မြို့သစ်စီမံကိန်းကြောင့် မြေဈေးများ ကျပ်သိန်းထောင်ချီမြင့်တက် - Property News in Myanmar from iMyanmarHouse.com
817 Views

မြို့သစ်စီမံကိန်းကြောင့် မြေဈေးများ ကျပ်သိန်းထောင်ချီမြင့်တက်

ကလေးမြို့နယ်တွင်မြို့သစ်စီမံကိန်းအကောင်အထည် ဖော်ရန်တိုင်းဒေသကြီးလွှတ် တော်အစည်းအဝေး၌အတည်ပြု ပေးလိုက်ပြီးနောက် ကလေးမြို့ ဝန်းကျင်ရှိ မြေကွက်များသည် ယခင်ကျပ်သိန်းဆယ်ဂဏန်းရှိရာမှကျပ်သိန်းထောင်ချီအထိ ဈေးမြင့်တက်သွားခဲ့ကြောင်း သ တင်းရရှိသည်။

လာမည့်ဘဏ္ဍာရေးနှစ်အတွင်းစတင်အကောင်အထည် ဖော်မည့် မြို့သစ်တည်ဆောက် ရေးတွင် မြေနေရာဧက ၁,၅၀၀ ကျော်လိုအပ်မည်ဖြစ်ကာတည် ဆောက်မည့်နေရာအဖြစ် ကလေးမြို့မြောက်ဘက်ကလေးတမူးကားလမ်းဘေး၊ ကလေးမြို့ အ ထွက်မှ ဖောင်ကူးတံတားကြားနှင့် ကလေးမြို့တောင်ဘက်မြို့လှရပ်ကွက်နှင့် အောင်သစ္စာရပ် ကွက်နှစ်ခုကြားတွင်တည်ဆောက် ရန်ရည်ရွယ်ထားကာ အဆိုပါ နေရာများတွင် မြေလွတ်မြေရိုင်းမရှိဘဲ တောင်သူများပိုင်ဆိုင် သောစိုက်ပျိုးလယ်ယာများသာရှိ သည်။

အဆိုပါ လယ်ယာမြေများ အနီးရှိ လူနေအိမ်များနှင့် ကပ် လျက်ရှိနေသော မြေကွက်များနှင့် မြို့စွန်ရပ်ကွက်များတွင် လွန်ခဲ့သောတစ်လကျော်ကကျပ်သိန်း၅၀ခန့်သာရှိသည့် မြေကွက်ကို ယခုအခါကျပ်သိန်း၅၀၀အထိ ဈေးပေးဝယ်ယူနေပြီး စီမံကိန်းပြုလုပ်မည်ဟုသတင်းထွက်ပေါ် နေသောနေရာများတွင်ကျပ်သိန်း၁,၀၀၀ ကျော်ထိဈေးပေးကာလိုက်လံဝယ်ယူမှုများရှိနေသည်ဟုကလေးမြို့သူ၊မြို့သားများ နှင့်အိမ်ခြံမြေပွဲစားများက ပြော သည်။

‘‘ပေ ၄၀ × ပေ ၆၀ ရှိတဲ့ ကျွန်တော့်အိမ်ဆိုရင် အရင်လက သိန်း ၅၀ လောက်ပဲရှိတာ။ အခု ဆိုရင် သိန်း ၃၀၀ နဲ့လာဝယ်တယ်။တချို့ဆိုရင်အရင်ကဒီအတိုင်းထားတဲ့မြေကွက်ကျဉ်းကျဉ်းလေးကိုခြံစည်းရိုးခတ်ပြီး ဈေးကောင်းရလို့ရောင်းစားတာ တွေတောင်ရှိလာပြီ’’ဟု ဒေသခံပြည်သူတစ်ဦးကပြောသည်။

ကလေးမြို့တွင် လူဦးရေ သုံးသိန်းခန့်ရှိပြီး နောင်အနှစ် ၂၀ တွင် ပျမ်းမျှလူဦးရေ ၁ ဒသမ ၅ သန်းခန့်ရှိလာမည်ဖြစ်သည်။ ထို့ကြောင့် ကလေးမြို့တွင်အိမ်ရာလိုအပ်ချက်တစ်သိန်းခန့်ရှိ မည်ဟု ခန့်မှန်းထားပြီးလက်ရှိကလေးမြို့၏မြို့ပြဖွံ့ဖြိုးမှုပုံစံအ ရ နောင်တစ်ချိန်တွင်ဖွံ့ဖြိုးတိုးတက်လာနိုင်သည့်အခြေအနေ များရှိ၍ ယခုစီမံကိန်းကိုဆောင် ရွက်ရခြင်းဖြစ်ကြောင်း သိရ သည်။

Credit : 7Day Daily

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
Mark Zuckerberg နဲ့ Jay-Z တို့လို ဒိတ်ဒိတ်ကြဲ အမေရိကန်ဘီလျံနာသူဌေးတွေ ဘာကြောင့် အိမ်ခြံမြေချေးငွေနဲ့ အိမ်ဝယ်ကြတာလဲ
Mark Zuckerberg နဲ့ Jay-Z တို့လို ဒိတ်ဒိတ်ကြဲ အမေရိကန်ဘီလျံနာသူဌေးတွေ ဘာကြောင့် အိမ်ခြံမြေချေးငွေနဲ့ အိမ်ဝယ်ကြတာလဲ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်

Upcoming Property Events

From 02 Aug To 03 Aug

Inno City Special Sales Event

From 02 Aug To 03 Aug

Emerald Bay Luxury Condo

From 08 Jul To 08 Aug

Central Shophouse

INNO CITY Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service