စက်မှုဇုန်မြေဈေးကြီးမြင့်မှု လွှတ်တော်မှာ မေးမြန်း - Property News in Myanmar from iMyanmarHouse.com
1107 Views

စက်မှုဇုန်မြေဈေးကြီးမြင့်မှု လွှတ်တော်မှာ မေးမြန်း

အစိုးရအဖွဲ့အနေနဲ့ စက်မှုဇုန်အတွင်းက လျာထားမြေကွက်တွေကို ချထားပေးရာမှာ အမှန်တကယ် လုပ်ကိုင်မယ့် လုပ်ငန်းရှင်တွေကတင်ပြမှသာ ချထားပေးတော့မှာဖြစ်တယ်လို့ စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသိန်းအောင်က ဒီကနေ့ ပြောပါတယ်။

အမျိုးသားလွှတ်တော် အစည်းအဝေးမှာ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ မြတ်ဥာဏစိုးက စက်မှုဇုန်မြေကွက်တွေမှာ အမှန်တကယ်လုပ်ကိုင်နေတဲ့ လုပ်ငန်းရှင်တွေဟာ မြေပါမစ်ရရှိထားသူတွေထံက ဈေးကြီးပေးပြီး ငှားရမ်းနေရကြောင်း၊ စက်မှုဇုန်မြေဈေးနှုန်းကြီးမြင့်မှုဟာ ပြည်ပက ဝင်ရောက်လာမယ့် ရင်းနှီးမြှုပ်နှံမှုတွေအတွက် အခက်အခဲဖြစ်နေကြောင်းနဲ့ အစိုးရအနေနဲ့ အဲဒီကိစ္စနဲ့ပတ်သက်ပြီး ဖြေရှင်းဆောင်ရွက်နေပုံကို မေးမြန်းခဲ့ပါတယ်။

အဲဒီမေးမြန်းချက်ကို လာရောက်ဖြေကြားခဲ့တဲ့ ဒုတိယဝန်ကြီး ဦးသိန်းအောင်က စီမံကိန်းအကောင်အထည်မဖော်ဘဲ မြေကွက်ဝယ်ယူထားသူတွေမရှိအောင် ဖြေရှင်းဆောင်ရွက်ပေးနေတယ်လို့ သတင်းထောက်တွေကို ပြောပါတယ်။

"ရန်ကုန်ဆိပ်ကမ်း အရှေ့ပိုင်းမြို့နယ်မှာ မြေကွက် ၂၉ ကွက်ကို ဖော်ထုတ်ပြီးတော့ရောင်းတယ်၊ ရောင်းလိုက်တဲ့အခါကျတော့ ဝယ်ချင်တဲ့လူတွေက တအားဝယ်တယ်၊ တင်ဒါတွေက အရမ်းများတယ်၊ ဒီလိုတင်ဒါတင်လို့ရှိရင် ရောင်းမယ်၊ ပိုက်ဆံရှိတဲ့လူက ယူထားမယ်၊ တကယ်အလုပ်မလုပ်ရင် ဒီမြေကွက်က လွတ်နေဦးမှာပဲ၊ ကျနော်တို့က ဘာလုပ်မှာလဲဆိုတော့ ငွေရေးကြေးရေးနဲ့ ပတ်သက်ပြီးတော့ ဘယ်လိုကိုင်တွယ်ပြီး ဆောင်ရွက်မှာလဲ၊ ဘာလုပ်ငန်းတွေလုပ်မှာလဲ၊ လုပ်သားအင်အား ဘယ်လောက်ခန့်မှာလဲဆိုတာကို မေးမြန်းပြီးတော့မှ မြေကွက်ကို ရောင်းတဲ့အခါကျတော့ မြေဈေးတွေကလည်း ကျသွားတယ်၊ အစိုးရအဖွဲ့အနေနဲ့ကလည်း ဒါနဲ့ပတ်သက်ပြီးတော့ ဒုတိယသမ္မတကြီး ဦးဥာဏ်ထွန်း ဦးစီးပြီးတော့ တစိုက်မတ်မတ်လေး ဆောင်ရွက်နေတယ်လို့ ဒါလေး တင်ပြဖို့လာတာပါ"

ဒေါက်တာ မြတ်ဥာဏစိုးက အစိုးရအနေနဲ့ လတ်တလော ဆောင်ရွက်နေတာထက် ပိုတိုးပြီးဆောင်ရွက်ဖို့ လိုအပ်ကြောင်း ပြောပါတယ်။

"အစိုးရအဆက်ဆက် တာဝန်ရှိတဲ့ပုဂ္ဂိုလ်တွေ ရာထူးကြီးတဲ့ပုဂ္ဂိုလ်တွေ သူတို့နဲ့ ဆက်နွယ်နေတဲ့သူတွေပါပါတယ်၊ ဒါကတော့ ငြင်းချက်ထုတ်လို့လည်း မရပါဘူး၊ မျက်မြင်မှာလည်း ဒီအတိုင်းရှိနေတာပဲ၊ ဒုဝန်ကြီးကလည်း ဒါကိုဖြေသွားပါတယ်၊ ကိုယ်စားလှယ်ကြီးပြောတာ မှန်ကန်ကြောင်း ထောက်ခံပါတယ်လို့ ဖြေသွားပါတယ်၊ အဲတော့ ဒါတွေကို ပြန်လည်ဆောင်ရွက်တဲ့နေရာမှာ တော်တော်လေးခက်ခဲမယ့် အနေအထားတော့ရှိတယ်၊ ဒီအစိုးရသက်တမ်းတစ်ရပ်မှာ ပြတ်မလားဆိုရင် ဆောင်ရွက်တဲ့အပေါ်မှာ မူတည်ပါတယ်၊ ရန်ကုန်တိုင်းဒေသကြီးမှာ တကယ်မြေဈေး ပြုတ်ကျသွားအောင် ဆောင်ရွက်ဖို့အချိန်တန်နေပြီ၊ ဒါမျိုးလုပ်နိုင်တာက ပြည်ထောင်စု အစိုးရအဖွဲ့ကပဲ လုပ်နိုင်တယ်၊ ပြတ်ပြတ်သားသား ခံယူထားတယ်ဆိုရင် ညင်ညင်သာသာ ဆောင်ရွက်ခဲ့တာတွေကနေ ရှေ့တစ်လှမ်းတိုးလိုက်ပါတော့လို့ ကျနော် ပြောချင်ပါတယ်"

မြေဈေးနှုန်းတွေ အဆမတန်ကြီးမြင့်တာဟာ မြေဝယ်ရောင်းလုပ်ပြီး ရင်းနှီးမြှုပ်နှံနေသူတွေရှိတဲ့အတွက် မြေဝယ်ယူရာမှာ အခွန်ပေးဆောင်ဖို့နဲ့ ဝယ်ယူပြီး အသုံးမပြုတဲ့မြေတွေကို ပြန်လည်သိမ်းယူသင့်တယ်လို့လည်း ဒေါက်တာ မြတ်ဥာဏစိုးက ဒီကနေ့ ပြောဆိုခဲ့ပါတယ်။

Credit: RFA Burmese

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ

Upcoming Property Events

From 26 Jul To 27 Jul

Emerald Bay Luxury Condo

From 26 Jul To 27 Jul

ERC Luxury Condo

From 26 Jul To 27 Jul

Magical World Apartment

From 08 Jul To 08 Aug

Central Shophouse

ERC Luxury Condo
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service