ပုဂံကို ကမ္ဘာ့အမွေအနှစ် သတ်မှတ်ဖို့ ယဉ်ကျေးမှု ဝန်ကြီးဌာန ကြိုးပမ်း - Property News in Myanmar from iMyanmarHouse.com
904 Views

ပုဂံကို ကမ္ဘာ့အမွေအနှစ် သတ်မှတ်ဖို့ ယဉ်ကျေးမှု ဝန်ကြီးဌာန ကြိုးပမ်း

စစ်အစိုးရ လက်ထက်က ရှေးဟောင်း ဘုရားတွေကို ပညာရှင်တွေနဲ့ မတိုင်ပင်ပဲ ပြန်လည် ပြုပြင် တည်ဆောက်မှုတွေ ရှိခဲ့ ပုဂံကို ကမ္ဘာ့အမွေအနှစ်တခုအဖြစ် သတ်မှတ် နိုင်ရေးအတွက် မြန်မာနိုင်ငံ ယဉ်ကျေးမှု ဝန်ကြီးဌာနက ကြိုးပမ်း ဆောင်ရွက်နေပါတယ်။

ယူနက်စကိုက ချမှတ်ထားတဲ့ ကမ္ဘာလုံး ဆိုင်ရာ စံတန်ဘိုး သတ်မှတ်ချက် ၆ချက်ထဲမှာ ဘယ်အချက် တွေနဲ့ ကိုက်ညီမှု ရှိနေသလဲ၊ ဘယ်လို တင်ပြကြမလဲ ဆိုတာတွေကို အစိုးရ၊ ပြည်တွင်း ပြည်ပ ပညာရှင် တွေနဲ့ အရပ်ဖက် အဖွဲ့အစည်းတွေ ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၀ရက်နေ့ကနေ ၁၂ရက် နေ့အထိ ပုဂံမှာ ဆွေးနွေး ပြောဆိုခဲ့ကြပါတယ်။

ပုဂံကို ကမ္ဘာ့ ယဉ်ကျေးမှု အမွေအနှစ် စာရင်းထဲ ထည့်သွင်း သတ်မှတ်ပေးဖို့ ၁၉၉၆ခုနှစ်တုန်းက ယူနက်စကိုကို တင်ခဲ့ဖူးပေမယ့် အချက်အလက် မပြည့်စုံခဲ့တာကြောင့် ပယ်ချခံခဲ့ရကြောင်း၊ မြန်မာနိုင်ငံမှာ ရှေးဟောင်း ဝတ္ထု ပစ္စည်း ဥပဒေသာ ရှိခဲ့ပြီး ယူနက်စကိုရဲ့ ထောက်ပြချက်အရ ရှေးဟောင်း အမွေအနှစ် ဒေသတွေကို ကာကွယ် စောင့်ရှောက်တဲ့ ဥပဒေကို ၁၉၉၈ ခုနှစ်မှာ ပြဌာန်းခဲ့ကြောင်း၊ အဲဒီ ဥပဒေအရ ရှေးဟောင်း အမွေအနှစ် ကာကွယ် စောင့်ရှောက်ဖို့ ဇုံ ၃ဇုံ သတ်မှတ် ထားရှိခဲ့ကြောင်း ရှေးဟောင်း သုတေသနနဲ့ အမျိုးသား ပြတိုက် ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးသိန်းလွင်က ဘီဘီစီကို ပြောပါတယ်။

ဟိုတယ်တွေအတွင်းမှာ ရှေးဟောင်း ဘုရားတွေ ရောက်ရှိနေတဲ့အတွက် ရှေးဟောင်း အမွေအနှစ် ဘုရားတွေ ပျောက်ဆုံး ပျက်စီးကုန်မယ့် အန္တရာယ်ကို ကာကွယ်ဖို့ သုတေသန လုပ်ငန်းတွေ၊ ထိန်းသိမ်းရေး လုပ်ငန်းတွေ၊ ရှေးဟောင်း အမွေအနှစ် စာရင်း ကောက်ယူမှု လုပ်ငန်းတွေ ဆောင်ရွက်နေတယ် လို့လည်း ပြောပါတယ်။

စစ်အစိုးရ လက်ထက်တုန်းက ပုဂံဘုရားတွေကို ကျွမ်းကျင်သူ ပညာရှင်တွေနဲ့ မတိုင်ပင်ပဲ ပြုပြင် တည်ဆောက်ခဲ့မှုတွေကြောင့် ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ် စာရင်းဝင် ဖြစ်လာရေးမှာ ပြဿနာ အခက်အခဲ တခု ဖြစ်နေရတယ်လို့လည်း ရှေးဟောင်း သုတေသနနဲ့ အမျိုးသား ပြတိုက် ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးသိန်းလွင်က ပြောပါတယ်။

Credit: ဘီဘီစီ (မြန်မာပိုင်း)

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်

Upcoming Property Events

From 02 Aug To 03 Aug

Inno City Special Sales Event

From 02 Aug To 03 Aug

Emerald Bay Luxury Condo

From 08 Jul To 08 Aug

Central Shophouse

YADANAR BON

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service