စံချိန်မမီသည့် အဆောက်အအုံများကို အချက်အလက် စုဆောင်းထားရှိဟု အမျိုးသားလွှတ်တော်အမတ်များပြော - Property News in Myanmar from iMyanmarHouse.com
615 Views

စံချိန်မမီသည့် အဆောက်အအုံများကို အချက်အလက် စုဆောင်းထားရှိဟု အမျိုးသားလွှတ်တော်အမတ်များပြော

မိမိတို့၏မဲဆန္ဒနယ်ရှိ စံချိန် စံညွှန်းမမီသည့် အဆောက်အအုံများကို အချက်အလက်အခိုင်အမာဖြင့် စုဆောင်းရရှိထားပြီ ဖြစ် ကြောင်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များက ပြောသည်။အမျိုးသားလွှတ်တော် ဥက္ကဋ္ဌဦးခင်အောင်မြင့်က မိမိတို့၏ မဲ ဆန္ဒနယ်အတွင်း နိုင်ငံတော်ဘတ်ဂျက်ဖြင့် တည်ဆောက်ထားသောစာသင်ကျောင်း၊ ဆေးရုံ၊ ဆေးခန်းနှင့် လမ်းတံတားများ စံချိန်စံညွှန်းနှင့် ပြည့်စုံမှုမရှိလျှင် အထောက်အထားများဖြင့် လွှတ်တော်သို့တင်ပြရန် ပန်ကြားလွှာထုတ်ပြန်ခဲ့သည်။

လွှတ်တော်ကိုယ်စားလှယ် များက အချက်အလက်အတိအ ကျဖြင့် တင်ပြမှသာ အရေးယူနိုင် မည် ဖြစ်သည်ဟု သမ္မတ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်၏ ပြောကြားခဲ့မှုအပေါ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များက အချက်အလက်စုဆောင်း၍ ပြင်ဆင်လာခြင်း ဖြစ်သည်။

စံချိန်စံညွှန်းနှင့် မကိုက်ညီ သော အဆောက်အအုံဆောက် လုပ်သည့် ကုမ္ပဏီကန်ထရိုက်များ အနေဖြင့် ငွေပြန်ပေးသွင်းရမည် ဖြစ်ပြီး ကန်ထရိုက်ပေးရာတွင် အဂတိလိုက်စားမှုရှိလျှင် မသမာ သည့်သူများကို အရေးယူသွား မည်ဟု သမ္မတ ပြောရေးဆိုခွင့် ရှိသူ ဦးရဲထွဋ်က အမျိုးသားလွှတ် တော်တွင် ပြောကြားခဲ့သည်။

‘‘လုပ်ထုံးလုပ်နည်းနဲ့ မညီ ဘူးဆိုရင် တိုင်းဒေသကြီးက လုပ် တယ်ဆိုရင် တိုင်းဒေသကြီးက ဖြေရှင်းရမယ်။ ပြည်ထောင်စု အစိုးရက လုပ်တယ်ဆိုရင် ပြည်ထောင်စု အစိုးရက ဖြေရှင်းရမှာ ဖြစ်ပါ တယ်’’ဟု ဦးရဲထွဋ်က ပြောသည်။

အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေက ၎င်းအနေ ဖြင့် အထောက်အထား ရှစ်ခုရရှိ ထားပြီး လွှတ်တော်တွင် တင်ပြ သွားမည်ဟုလည်း ပြောသည်။

ဂန့်ဂေါမဲဆန္ဒနယ်ရှိ လောင်ချေကျေးရွာတွင် ကျပ် ၁၀၀၈ သိန်းကုန်ကျခံဆောက်လုပ်ထားသည့် နှစ်ထပ်ကျောင်းဆောင်၌ တိုင်အလုံးငါးဆယ်ကို မူလီစုပ်၍ ဆက်ခြင်းမဟုတ်ဘဲ တေ့ဆက်ဆက်ထားသည်ကို တွေ့ရသည်ဟု ဦးလှဆွေက ပြောသည်။

Credit: 7 Day Daily

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်

Upcoming Property Events

From 02 Aug To 03 Aug

Inno City Special Sales Event

From 02 Aug To 03 Aug

Emerald Bay Luxury Condo

From 08 Jul To 08 Aug

Central Shophouse

INNO CITY Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service