ရန်ကုန် အိမ်ခြံမြေစည်းကြပ်ခွန် ထပ်တိုးမှု ဈေးကွက်အပေါ် သက်ရောက်မှုရှိနိုင် - Property News in Myanmar from iMyanmarHouse.com
1242 Views

ရန်ကုန် အိမ်ခြံမြေစည်းကြပ်ခွန် ထပ်တိုးမှု ဈေးကွက်အပေါ် သက်ရောက်မှုရှိနိုင်

ပြည်တွင်းအခွန်ဦးစီးဌာနက အခု ပြင်ဆင်လိုက်တဲ့ ရန်ကုန်မြို့ရဲ့ အိမ်ခြံမြေရောင်းဝယ်တဲ့ အပေါ် စည်းကြပ်မယ့် အခွန်နှုန်းထားက ပြီးခဲ့တဲ့နှစ်နဲ့ ယှဉ်ရင် အနည်းဆုံး ၅ ပုံ ၁ ပုံ မြင့်တက်မှု ရှိခဲ့တဲ့အတွက် ရန်ကုန်အိမ်ခြံမြေဈေးကွက်အပေါ် အထိုက်အလျောက် အကျိုးသက်ရောက်မှု ရှိနိုင်တယ်လို့ အိမ်ခြံမြေအကျိုးဆောင်ဝန်ဆောင်မှုလုပ်ငန်းတွေက ပြောပါတယ်။

အဆမတန်မြင့်တက်နေတဲ့ အိမ်ခြံမြေဈေးနှုန်းတွေကို အစိုးရက ထိန်းဖို့အတွက် လွှတ်တော်မှာ ပြီးခဲ့တဲ့နှစ်က အချေအတင် ဆွေးနွေးခဲ့ပြီးနောက် အစိုးရပိုင်းက ပထမအကြိမ် ပြီးခဲ့တဲ့ ၂၀၁၃ ခုနှစ် အောက်တိုဘာ ၁ ရက်မှာ အခွန်နှုန်းထားသစ်တွေကို ကြေညာခဲ့ပါတယ်။

အခု ပြင်ဆင်တာက ဒုတိယအကြိမ် ဖြစ်ပြီး ထူးခြားတာကတော့ တိုက်ခန်းတွေအပေါ် စည်းကြပ်မယ့် အခွန်နှုန်းထားတွေကို ပြောင်းလဲမှု မရှိခဲ့ပေမယ့် မြေယာအပေါ်မှာတော့ ပြောင်းလဲမှုတွေ များစွာ ရှိခဲ့ပါတယ်။

ဒါကြောင့် အခု ပြင်ဆင်လိုက်တဲ့နှုန်းထားတွေက ပြီးခဲ့တဲ့နှစ်နဲ့ ယှဉ်ရင် နေရာဒေသအပေါ် မူတည်ပြီး အနည်းဆုံးက ၅ ပုံ ၁ ပုံ တိုးမြင့်သွားလို့ ဒါဟာ ရန်ကုန် အိမ်ခြံမြေရောင်းဝယ်ရေး ဈေးကွက်အပေါ် အထိုက်အလျောက် အကျိုးသက်ရောက်မှု ရှိနိုင်တဲ့အကြောင်း မဏ္ဍိုင် အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း ဦးသန်းဦးက ဒီဗွီဘီကို ပြောပါတယ်။

ဒါပေမယ့် အခုပြင်ဆင်လိုက်တဲ့နှုန်းထားတွေက ဈေးကွက်မှာ အမှန်တကယ် အရောင်းအ၀ယ် ဖြစ်တဲ့ဈေးနှုန်းတွေထက်တော့ လျော့ကျမှုရှိတဲ့အတွက် ကွာဟနေသေးတယ်လို့ ပြည်တွင်းအခွန်ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ကျော်က ဒီဗွီဘီကို ပြောပါတယ်။

ဒါ့ပြင် အိမ်ခြံမြေအပေါ် အခွန်ကောက်ခံမှု နှုန်းထားတွေကို ပွင့်လင်းမြင်သာမှုရှိအောင် ပြုပြင်ဆောင်ရွက်ပြီးတဲ့နောက် အခွန်ထမ်းဦးရေကလည်း တိုးတက်မှု ရှိလာတယ်လို့ ဆိုပါတယ်။

ကာလတန်ဖိုးစိစစ်ရေးအဖွဲ့က အသစ်ထပ်မံ ပြောင်းလဲလိုက်တဲ့ နှုန်းထားတွေအရ အင်းလျားမြိုင်လမ်း၊ ရွှေတောင်ကြားလမ်း၊ သံလွင်လမ်းနဲ့ တက္ကသိုလ်ရိပ်သာလမ်းတွေမှာ ၁ စတုရန်းပေပတ်လည်ကို ၃ သိန်း ၃ သောင်းကျပ်နှုန်း ရှိပေမယ့် အမှန်တကယ် အရောင်းအ၀ယ် ဖြစ်တဲ့ဈေးနှုန်းတွေက ဒီနှုန်းထက်ပိုတယ်လို့ သိရပါတယ်။

Credit: ဒီဗွီဘီ

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
ကမ္ဘာကျော် ဟောလိဝုဒ်ဆိုင်းဘုတ်ကြီးနှင့် အနီးဆုံးတွင် တည်ရှိသော စံအိမ်ကြီး ကန်ဒေါ်လာ ၂ ဒသမ ၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်
ကမ္ဘာကျော် ဟောလိဝုဒ်ဆိုင်းဘုတ်ကြီးနှင့် အနီးဆုံးတွင် တည်ရှိသော စံအိမ်ကြီး ကန်ဒေါ်လာ ၂ ဒသမ ၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ

Upcoming Property Events

From 02 Aug To 03 Aug

Inno City Special Sales Event

From 02 Aug To 03 Aug

Emerald Bay Luxury Condo

From 08 Jul To 08 Aug

Central Shophouse

INNO CITY Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service