အပျောက်စနစ် - Property Knowledge in Myanmar from iMyanmarHouse.com
2127 Views

အပျောက်စနစ်

Knowledge | Posted by Si Thu Aung

ယခုအခါ နေအိမ် တိုက်ခန်း များကို အပျောက်စနစ်ဖြစ် ဝယ်ယူနေထိုင်လျက် ရှိကြသည်။

အပျောက်စနစ်ဖြင့် ဝယ်ယူသူသည် အပျောက်ငွေကို အခန်းလက်ရှိနေသူသို. ပေးချေကာ အခန်းကို လက်ပြောင်းလက်လွှဲ ရယူနိုင်သည် ။ နေထိုင်ခွင့်အတွက် တန်ရာတန်ကြေးပေး၍ ဥပစာကို လွှဲပြောင်းရယူသည့် စနစ်ဖြစ်သည်။ တိုက်ခန်းကို လုံးဝပိုင်ဆိုင်ခြင်း မဟုတ်ဘဲ တိုက်ခန်းပိုင်ရှင်ရှိပေသည်။ တိုက်ခန်းကို ရောင်းမည်ဆိုလျှင် တိုက်ခန်းပိုင်ရှင်ကို အသိပေးပြီး ရောင်းခွင့်ရှိသည်။ ထိုသို. အခန်းကိုလက်ပြောင်းလက်လွှဲပြုရာတွင် အိမ်ရှင်၏ အသိအမှတ်ပြုခြင်းကို ရယူရန် လိုအပ်သည်။ သတ်မှတ်သည့် အိမ်လခရှိ၍ အဆိုပါ အိမ်လခကို တိုက်ရှင်သို. ဆက်လက်ပေးဆောင်ရသည်။

ထိုကဲ့သို. တိုက်ခန်းကို အပျောက်စနစ်ဖြင့် ရောင်းချရာတွင် အိမ်ရှင်၏ အသိအမှတ်ပြုခြင်းကို ရယူရန်အတွက် ရောင်းသူက အမည်ပြောင်းခအဖြစ် အိမ်ရှင်သို. ပေးရသည်။ ထိုအခါတွင်မှ အိမ်ရှင်က နောက်ဝယ်သူကို အသိအမှတ်ပြုသည်။ အပျောက်စနစ်ဖြင့် ဝယ်ယူသော်လည်း ဝယ်သူသည် အိမ်ဌားသာလျှင် ဖြစ်သည်။

အပျောက်တိုက်ခန်း ပိုင်ဆိုင်သူမှာ နေထိုင်ခွင့်နှင့် ထပ်ဆင့်လွှဲပြောင်းဌားရမ်းပိုင်ခွင့် ရှိသော အိမ်ဌားတစ်ဦးပင် ဖြစ်သည်။ အပျောက်တိုက်ခန်း ဝယ်ယူရာတွင် မြေပိုင်ဆိုင်မှု မပါဝင်သဖြင့် ဝယ်ယူသူသည် မြေပိုင်ရှင် ( တိုက်ပိုင်ရှင်) အား အိမ်လခပေးရသော အိမ်ဌားတစ်ဦး အဆင့်သာ ဖြစ်သည်။ ၂၀၀၃ ခုနှစ် အပျောက်စနစ်ဖြင့် တိုက်ခန်းရောင်းဝယ်လျှင် တို်က်ပိုင်ရှင်သို. ၄၀၀၀၀ နှင့် အထက်ပေးရသည်။ ယခုအခါ တိုက်ခန်းတည်နေရာနှင့် အခြေအနေကိုလိုက်၍ ၁၀၀၀၀၀ မှ ၅၀၀၀၀၀ ထိပေးရပါသည်။ ထိုကဲ့သို. အပျောက်စနစ်ဖြင့် တိုက်ခန်းဝယ်ယူရာတွင် မြေပိုင်ရှင် (တိုက်ပိုင်ရှင်) ၏ လက်မှတ်ပါဝင် ရေးထိုးပေးရန် အရေးကြီးသည်ဖြစ်ရာ မြေပိုင်ရှင် ၊ တိုက်ပိုင်ရှင်ဖြစ်ကြောင်း ၊ ၎င်းကိုင်ဆောင်သည့် မှတ်ပုံတင်နှင့် အတူ ပြသစိစစ်စုံစမ်းနိုင်ရန်နှင့် အရောင်းအဝယ်စာချုပ်တွင် ပါဝင်လက်မှတ်ရေးထိုးပေးနိုင်ရန် ရောင်းချသူအနေဖြင့် ကြိုတင်ညှိနှိုင်းဆောင်ရွက်ထားရန် လိုအပ်ပါသည်။

Credit: winningland

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ

Upcoming Property Events

From 19 Jul To 20 Jul

Royal Theikdi Condo

From 19 Jul To 20 Jul

Mingalar Market

From 08 Jul To 08 Aug

Central Shophouse

Royal Theikdi Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service