မြို့ပြဖွံ့ဖြိုးမှုသည် တိုင်းပြည်ဖွံ့ဖြိုးမှု အတွက် အဓိကကျလာ - Property News in Myanmar from iMyanmarHouse.com
948 Views

မြို့ပြဖွံ့ဖြိုးမှုသည် တိုင်းပြည်ဖွံ့ဖြိုးမှု အတွက် အဓိကကျလာ

တိုးတက်လာသည့် လူဦးရေနှင့်အပြိုင် မြို့ပြ ဖွံ့ဖြိုးမှုမှာလည်း နှစ်ဆမြင့်တက်လျက်ရှိပြီး ၎င်းမှာ
မြန်မာ့စီးပွားရေးအနာဂတ်အတွက် အရေးပါသည့် ကဏ္ဍတစ်ရပ်ဖြစ်လာကြောင်း အာရှဖွံ့ဖြိုးမှုဘဏ်
၏ ဒေသဆိုင်ရာ အကြီး အကဲဟောင်း New Star Light ဆောက်လုပ် ရေး၏ အကြံပေး မစ္စတာ
Putu Kamayana က ပြောသည်။

"တိုင်းပြည် ဖွံ့ဖြိုးတိုးတက်မှုအတွက် မြို့ကြီးတွေနဲ့ သူတို့ရဲ့ဖွံ့ဖြိုးမှုတွေဟာ အရမ်း ကို အရေးပါတဲ့
အရာတွေ ဖြစ်ပါတယ်" ဟု မစ္စတာ Putu Kamayana က ပြောသည်။ မြန်မာနိုင်ငံ ကုန်သွယ်မှု
စုစုပေါင်း၏ ၆၀ ရာခိုင်နှုန်းကျော်ရှိသည့် တရုတ်နိုင်ငံနှင့် အဓိက ကုန်သွယ်မှုဇုန်ဖြစ်သည့် မူဆယ်
ဒေသသည် ရန်ကုန်ကဲ့သို့ပင် မြို့ပြဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးပါသည့် ဒေသတစ်ခုဖြစ်ကြောင်း
မစ္စတာ Putu က ပြောသည်။

"မူဆယ်က အမြဲတမ်းရှုပ်ထွေးနေတဲ့မြို့ဆို ပေမယ့် တခြားတစ်ဖက်နယ်စပ်က လူဦးရေ သန်းဝက်
လောက်နေတဲ့ ရွှေလီမြို့ဖြစ်ပြီး မူဆယ်နဲ့ လုံးဝကွာခြားတာကို တွေ့နိုင်မှာဖြစ် ပါတယ်" ဟု ၎င်းက
ပြောသည်။

မြန်မာနိုင်ငံ၏ အိမ်ခြံမြေလုပ်ငန်းများသို့ ရင်းနှီးမြှုပ်နှံမှုပြုရန်စိတ်ဝင်စားသည့် နိုင်ငံတကာတည်
ဆောက်သူများသည် လက်ရှိအချိန်ထိ စိန်ခေါ်မှုများစွာကို ကြုံတွေ့နေရဆဲဖြစ်ပြီး ပွင့်လင်းမြင်သာ
မှုမရှိသည့် တင်ဒါ စနစ်နှင့် မြေယာဈေးနှုန်း မြင့်မားမှုတို့ ကြောင့် ရင်းနှီးမြှုပ်နှံမှုပြုရန်တွန့်ဆုတ်နေ
ခြင်း ဖြစ်ကြောင်း ႔သာေ ွအမေအနါငခ ံသူိငညါ် အမှုဆောင်ဒါရိုက်တာ မစ္စတာဆိုင်းရပ်စ်ပန် က
ပြောသည်။

မြန်မာနိုင်ငံတွင် အိမ်ခြံမြေ၊ ဟိုတယ်၊ ရုံးခန်းနှင့် အဆောက်အအုံဝန်ဆောင်မှု လုပ် ငန်းတို့ များစွာ
လိုအပ်လျက်ရှိနေပြီး နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသူများမှာ ယင်းကဏ္ဍများ ၌ ရင်းနှီးမြှုပ်နှံမှုပြုလိုသော်
လည်း မြေယာ သိမ်းဆည်းမှုပြဿနာများအပါအ၀င် ပွင့်လင်း မြင်သာမှုမရှိသည့်တင်ဒါစနစ်က
၎င်းတို့ကို ရင်းနှီးမြှုပ်နှံမှုပြုရန် နှောင့်နှေးစေကြောင်း ၎င်းကပြောသည်။

"အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေကို ထုတ် ပြန်မှုမလုပ်ဆောင်ဘူးဆိုရင် ပြည်သူတွေ ရော ရင်နှီး
မြှုပ်နှံလိုသူတွေကပါ အယုံအ ကြည်မဲ့လာမှာ အသေအချာပါပဲ" ဟု မစ္စတာဆိုင်းရပ်စ်ပန်က
ပြောသည်။

လွန်ခဲ့သည့် သုံးနှစ်ကျော်ကာလ အတွင်း က မြန်မာနိုင်ငံအိမ်ခြံမြေလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံ
မှုပြုရန် နိုင်ငံတကာတည်ဆောက်သူုများ လာရောက်ခဲ့သော်လည်း မြေယာဈေးနှုန်းကြီးမြင့်မှုနှင့်
တင်ဒါလုပ်ငန်း စဉ် ပွင့်လင်းမြင်သာမှုမရှိခြင်းကြောင့် ရင်းနှီး မြှုပ်နှံမှုမပြုခဲ့ကြောင်း၊ လက်ရှိအချိန်၌
မြန်မာ နိုင်ငံတွင် အိမ်ခြံမြေဖွံ့ဖြိုး တိုးတက်မှုလုပ်ငန်း များနှင့် အိမ်ရာစီမံကိန်းများဖော်ဆောင်လျက်
ရှိသော်လည်း ပွင့်လင်းမြင်သာမှုမရှိသောတင်ဒါစနစ်ကြောင့် ပြည်တွင်းဆောက်လုပ် ရေးလုပ်ငန်း
များနှင့် တည်ဆောက်သူများသာ စီမံကိန်းများကို တင်ဒါအောင်မြင်လျက်ရှိ ခြင်းဖြစ်ကြောင်း
၎င်းကပြောသည်။

အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ
ကံဇော်က မြန်မာနိုင်ငံတွင် အိမ်ရာ ဈေးကွက်အမြောက်အမြား ဖွံ့ဖြိုး တိုးတက်ရန် လိုအပ်လျက်
ရှိပြီး အစိုးရက ခိုင်မာတိကျသည့် အမျိုးသားအိမ်ရာစီမံကိန်းမူဝါဒကို အကောင် အထည်ဖော်ရန်
လိုအပ်ပြီး ပိုမိုကောင်းမွန် သည့် အိမ်ရာတည်ဆောက်မှုဆိုင်ရာ ချေးငွေစနစ်နှင့် ဆောက်လုပ်ရေး
ကုမ္ပဏီများ ကိုယ်တိုင် ယင်းစနစ်ကို ခိုင်မာစွာအသုံးပြုနိုင် ရန်လိုအပ်ကြောင်း ပြောသည်။

မစ္စတာဆိုင်းရပ်စ်ပန်က ချေးငွေကိစ္စသည် အိမ်ရာတည်ဆောက်သူများကြုံတွေ့ရလျက်ရှိသည့်
အခက်အခဲတစ်ခုပြီး ဘဏ်စနစ်ပြုပြင် ပြောင်းလဲမှု လုပ်ဆောင်ခြင်းက ယင်းထိန်းချုပ်မှုများကို
ပိုမိုလွယ်ကူလာစေမည်ဖြစ်ကြောင်း ပြောသည်။

Credit: Myanmar Times

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
ကြေးနီနဲ့ ပြုလုပ်ထားတဲ့ ရေဘူးကို သုံးခြင်းရဲ့ ကောင်းကျိုးများ
ကြေးနီနဲ့ ပြုလုပ်ထားတဲ့ ရေဘူးကို သုံးခြင်းရဲ့ ကောင်းကျိုးများ
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်

Upcoming Property Events

From 02 Aug To 03 Aug

Inno City Special Sales Event

From 08 Jul To 08 Aug

Central Shophouse

Myanmar's No. 1 Car Portal
Myanmar's No. 1 C2C E-commerce Portal

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service