မြို့သစ်စီမံကိန်းကြောင့် အခြားမြို့နယ်များ၌ အိမ်ခြံမြေအရောင်းအ၀ယ်အေးလျက်ရှိ - Property News in Myanmar from iMyanmarHouse.com
848 Views

မြို့သစ်စီမံကိန်းကြောင့် အခြားမြို့နယ်များ၌ အိမ်ခြံမြေအရောင်းအ၀ယ်အေးလျက်ရှိ

ရန်ကုန်မြို့တော်၏ လှိုင်မြစ်တစ်ဖက်ကမ်း တွံတေးမြို့နယ်၌ရန်ကုန်­မြို့တော်သစ် စီမံကိန်းကို တည်ဆောက်မည်ဟူသော သတင်းများပေါ်ထွက်လာခဲ့သည့် နောက်ပိုင်းယခင် အရောင်းအဝယ် ပုံမှန်ရှိခဲ့သည့် မြို့နယ်များတွင် အိမ်ခြံမြေအရောင်းအဝယ် အေးလျက်ရှိသည်ဟု အိမ်ခြံမြေအကျိုးဆောင်ကုမ္ပဏီများထံမှ သိရသည်။

”သူတို့ပြောတဲ့အတိုင်း ဖြစ်လာခဲ့ရင်တော့ ကောင်းတယ်။ ဒလဘက်မှာလည်းဒီလိုအဖြစ်မျိုးတွေဖြစ်ခဲ့ဖူး တယ်။ ငါးပွက်ရာ ငါးစာချတဲ့အချိန်ကိုယ့်လက်ထဲမှာ အများကြီးမိထားရင် ခက်နိုင်တယ်”ဟု မြန်မာနိုင်ငံ အိမ်ခြံမြေဝန်ဆောင်မှု အသင်းကအထွေထွေအတွင်းရေးမှူး ဒေါ်မို့မို့အောင်က ပြောသည်။

သြဂုတ်လ ၂၂ ရက်တွင် ကျင်းပခဲ့သည့် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်၌၎င်းစီမံကိန်းကိုမြို့တော်ဝန် ဦးလှမြင့်က ကြေညာခဲ့ပြီးသည့်နောက်ပိုင်း စီးပွားရေးလုပ်ငန်းရှင်များနှင့် မြေဈေးကစားသူများက ယင်းနေရာ များသို့ အလုံးအရင်းဖြင့်သွားရောက် ဝယ်ယူနေကြသည့်အတွက် အခြားမြို့နယ်များတွင်အရောင်းအဝယ်များ တုံ့ဆိုင်းသွားကြောင်း သိရသည်။

”အခုက တွံတေးဘက်မှာအရောင်းအဝယ်လိုက်နေပြီး မြို့တွင်းမှာ အရောင်းအဝယ်အေးနေတယ်။ ဒါကလည်း အဓိကအားဖြင့် ဈေးကစားတဲ့ သူတွေကြောင့်ပဲ” ဟု Lucky Star အိမ်ခြံမြေ အကျိုးဆောင် ကုမ္ပဏီမှ အုပ်ချုပ်မှု ဒါရိုက်တာ ဦးကျော်ညီညီလတ်က ပြောသည်။

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ လုပ်ဆောင်မည့် စီမံကိန်းသစ်ကြီးကြောင့် တွံတေးမြို့နယ်၊ ဒလ မြို့နယ်၊ လှိုင်သာယာမြို့နယ်တို့တွင်အိမ်ခြံမြေ၊ လယ်မြေဈေးနှုန်းများမှာသိသိသာသာ မြင့်တက်ခဲ့သော်လည်း ယခင်ပုံမှန်အတိုင်း အရောင်းအဝယ်ဖြစ်နေသည့် ဒဂုံမြို့သစ်မြောက်ပိုင်း၊ တောင်ပိုင်း၊ အရှေ့ပိုင်း၊ ဒဂုံ ဆိပ်ကမ်းနှင့် တောင်ဥက္ကလာပမြို့နယ်တို့တွင် အရောင်းအဝယ်နည်းသွားကြောင်း သိရသည်။

”တောင်ဥက္ကလာပမှာဆိုရင်ရှေ့တစ်ပတ်လောက်အထိ အဝယ်တွေက လိုက်နေတာ။ ဈေးကလည်း ထိုးတက်လာတာ အဆမတန်ပဲ။ ဒါပေမယ့် အခုတော့ နည်းနည်းအေးသွားတယ်။ အရောင်းအဝယ်ကလုံးဝ မဖြစ်တာတော့ မဟုတ်ဘူး။ တချို့နေရာတွေမှာတော့ ဖြစ်နေသေးတယ်” ဟု အေဝမ်း အိမ်ခြံမြေအကျိုးဆောင် လုပ်ငန်းမှ မသက်သက်က ပြောသည်။

လက်ရှိ အိမ်ခြံမြေဈေးကွက်အခြေအနေအရ တောင်ဥက္ကလာပမြို့နယ်အတွင်းရှိ ပေ ၄ဝ ထ ပေ ၆ဝ မြေကွက် တစ်ကွက် (ဂရန်မြေ)လျှင် တည်နေရာအနေအထားနှင့် အကွက်အကွင်းကျမှုပေါ် မူတည်၍ ကျပ်သိန်းထောင်ဂဏန်းမှ သောင်းဂဏန်းအထိ ဈေးနှုန်းများရှိသော်လည်း ယခုရက်ပိုင်းအတွင်း အရောင်း အဝယ်များ အေးနေကြောင်း အိမ်ခြံမြေအကျိုးဆောင်များထံမှ သိရသည်။

”ကျောက်တန်းဘက်မှာကအရောင်းအဝယ် သိပ်မဖြစ်တော့ပါဘူး။ အေးတာမှ တော်တော်ကြာပြီ ။ သန်လျင်ဘက်လည်း ဒီအတိုင်းပဲ။ သီလဝါဘက်ရောက်တဲ့ တချို့နေရာတွေပဲ အရောင်းအဝယ် ဖြစ်တယ်” ဟု သန်လျင်မြို့နယ်မှ အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း လုပ်ကိုင်နေသူ ဒေါ်မျိုးမျိုးက The Trade Times ကို ပြောသည်။

ရန်ကုန်တိုင်းဒေသကြီး သီလဝါအထူးစီးပွားရေးဇုန် စီမံကိန်းများကြောင့် ယခင် ၂ဝ၁၁ ခုနှစ်ဝန်းကျင်က လယ်မြေတစ်ဧကလျှင် ကျပ် သိန်း ၂ဝ နှင့် သိန်း ၃ဝ ပတ်ဝန်းကျင်သာရှိခဲ့ရာမှ ယခုအခါ နိုင်ငံတော်က ပြန်လည်ချပေးထားသည့် တစ်ယူနစ်ကွက် (၁ ဒသမ ၈ ဧက) တစ်ကွက်လျှင်ကျပ်သိန်း ၂,၅ဝဝ မှ သိန်း ၃,ဝဝဝ ခန့်အထိ ဈေးနှုန်းများ မြင့်တက်ခဲ့သော်လည်း ယခုအချိန်တွင်အရောင်းအဝယ် မရှိသလောက် နည်းပါးနေသည့် အပြင် ယခုအခါ ဈေးနှုန်းများအနည်းငယ် ပြန်လည်ကျဆင်းလျက်ရှိသည်။

”သန်လျင်မှာ ဈေးကွက်ပျက်သွားတဲ့အဖြစ်အပျက်က သင်ခန်းစာယူစရာပါ။ စီမံကိန်းမြေဆိုပြီး လိုက် ဝယ်ကြတယ်။ နောက်ဆုံးတော့အတဲ့လူတွေ ပိုက်ဘောမိကုန်တယ်။ စီမံကိန်းဆိုတိုင်း အရမ်း လိုက်မဝယ် သင့်ဘဲ ငွေချိန်ပြီး သုံးသင့်တယ်” ဟုအိမ်ခြံမြေအကျိုးဆောင် မမျိုးမျိုးကပြောသည်။

ယခုကဲ့သို့ ဈေးအတက်အကျမြန်ဆန်နေသည့် ရန်ကုန်မြို့ အိမ်ခြံမြေ ဈေးကွက်သို့ ဝင်ရောက်ရင်းနှီး မြှုပ်နှံလိုသူများအနေဖြင့် စီမံကိန်းမြေနေရာများ မဟုတ်ဘဲ ရန်ကုန်မြို့တွင်းနေရာများနှင့် ဈေးကွက်တည် ငြိမ်ခိုင်မာနိုင်မည့် နေရာများ၌သာမိမိတို့ တတ်နိုင်သည့် ငွေကြေးပမာဏဖြင့် ဝယ်ယူရင်းနှီးမြှုပ်နှံသင့်သည်ဟု Lucky Star အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းမှ ဦးကျော်ညီညီလတ်က ပြောသည်။

Credit: The Trade Times

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့

Upcoming Property Events

From 02 Aug To 03 Aug

Inno City Special Sales Event

From 02 Aug To 03 Aug

Emerald Bay Luxury Condo

From 08 Jul To 08 Aug

Central Shophouse

From 09 Aug To 10 Aug

THADAR CONDOMINIUM

INNO CITY Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service