ကန်ထရိုက်တိုက် အရည်အသွေး ညံ့ဖျင်းကြောင်း တိုင်ကြားမှုများနေ - Property News in Myanmar from iMyanmarHouse.com
745 Views

ကန်ထရိုက်တိုက် အရည်အသွေး ညံ့ဖျင်းကြောင်း တိုင်ကြားမှုများနေ

ရန်ကုန်မြို့ရှိ ကန်ထရိုက်တိုက်ခန်းများ အရည်အသွေး ညံ့ဖျင်းမှုများရှိနေသဖြင့် စည်ပင် သို့ လာရောက်တိုင်ကြားမှုများ ရှိသောကြောင့် သွားရောက်စစ်ဆေးနေရကြောင်း ရန်ကုန်မြို့ တော်စည်ပင်သာယာရေးကော်မတီအင်ဂျင်နီယာ နှင့် အဆောက်အအုံဌာန ဌာနမှူးဦးသန်းဌေးက ပြောသည်။

‘‘ဌာနကို လာတိုင်နေကြတာ အရေအတွက် တွေအရမ်းများနေလို့ သွားရောက်စစ်ဆေးမှုတွေ လုပ် နေရတယ်’’ဟု အဆိုပါဌာနမှူးက ဆိုသည်။

အများစုမှာ ပတ်ဝန်းကျင်မှ လာရောက် တိုင်တန်းခြင်း၊ မူလနေထိုင်သူက နေထိုင်စဉ် ကန်ထရိုက်တိုက်များ၏ အရည်အသွေး ညံ့ဖျင်းမှု ကြောင့် လာရောက်စစ်ဆေးပေးရန် တောင်းဆို ခြင်း၊ ကန်ထရိုက်နှင့် မြေရှင်တို့အကြား အပေး အယူမတည့်သဖြင့် တစ်ဖက်နှင့်တစ်ဖက် တိုင် တန်းမှုများရှိနေသောကြောင့် ယခု ရက်ပိုင်းအတွင်း ကွင်းဆင်းစစ်ဆေးမှုများ ပြုလုပ်နေပြီဖြစ်ကြောင်း

သွားရောက်စစ်ဆေးရာတွင် ပါဝင်သူ အင်ဂျင်နီယာနှင့် အဆောက်အအုံဌာနမှ အရာရှိတစ်ဦးကပြောသည်။

ထို့အပြင် ပြီးခဲ့သည့်လက မြေငလျင်ကြောင့် တိမ်းစောင်း သွားသည်ဆိုသော သင်္ဃန်းကျွန်း စံပြဈေးအနီးမှ တိုက်ဆောက်လုပ် သူ ကန်ထရိုက်တာများ၊ မေတ္တာ ညွန့်ရပ်ကွက်တွင် အရှေ့ဆန်း ရှိတ်ပြိုကျ၍အနောက်ဘက်ခြမ်း တိမ်းစောင်းသွားသည့် တိုက်ကို ဆောက်လုပ်ခဲ့သူ ကန်ထရိုက်တာ များ၊ မရမ်းကုန်း မြို့နယ်တွင် တိုက်ဆောက်နေစဉ် အုတ်စီရာမှ ဘေးအိမ်သို့ ပြိုကျသည့်ဖြစ်စဉ် များအတွက်တည်ဆောက်ခဲ့သည့် ကန်ထရိုက်တာများ၏ နောက် ပိုင်းတည်ဆောက်မည့် တိုက်များ ကို စစ်ဆေးမှုများ ဆက်တိုက်ပြု လုပ်နေကြောင်း အထက်ပါအရာ ရှိကဆိုသည်။

အထူးသဖြင့် နာမည်ပျက် စာရင်းဝင်သွားသည့် ကန်ထရိုက် တာများ နောက်ပိုင်း တည် ဆောက်နေသည့် တိုက်များကို ကြပ် မတ်စစ်ဆေးနေသည်ဟုဆို သည်။ ယခုနှစ်သည် ရန်ကုန်မြို့တွင် အဆောက်အအုံ တည်ဆောက်ခွင့်ပြုမိန့်အများဆုံး နှစ်တစ်နှစ် ဖြစ်လာနိုင်၍ တည် ဆောက်ခွင့်ပြုလိုက်သည့် တိုက် များ၏ အရည်အသွေးကိုဌာနက ပိုမိုအလေးထားစစ်ဆေးလျက်ရှိ သည်။

ပြီးခဲ့သည့် ၂၀၁၂-၁၃ ဘဏ္ဍာနှစ်တွင် အင်ဂျင်နီယာနှင့် အဆောက်အအုံဌာနက တစ်နှစ် တာလုံးအထပ်နိမ့်၊ အထပ်မြင့် အဆောက်အအုံများအပါအ၀င် စုစုပေါင်းအလုံးရေ ၄,၀၈၅ လုံး ခွင့်ပြုပေးခဲ့ပြီး ယခုဘဏ္ဍာနှစ် သုံးလ (ဧပြီမှ ဇွန်လကုန်အထိ)တွင် ခွင့်ပြုမိန့်ချထားပေးသည့် အလုံးရေမှာ ၂,၀၉၁ လုံးရှိသည်။ ထို့ကြောင့် ဘဏ္ဍာနှစ်ကုန်တွင် ပြီးခဲ့သည့်နှစ်က ခွင့်ပြုမိန့်ပေးခဲ့သည်ထက် ကျော်လွန်သွားမည်ဖြစ်ပြီး သက်တမ်း တစ် လျှောက် အဆောက်အအုံတည် ဆောက်ရာ၌ ခွင့်ပြုမှုစံချိန်တင် နှစ်တစ်နှစ်ဖြစ်လာနိုင်ကြောင်း ကော်မတီက ခန့်မှန်းထားသည်။

အရည်အသွေး မပြည့်ဝမှု စစ်ဆေးတွေ့ရှိပါက ကန်ထရိုက် (သို့မဟုတ်) မြေရှင်၊ အခန်းရှင်တို့စုစည်းပြီး ပြင်ပပညာရှင်တစ် ဦး ငှားရမ်းကာ ပြန်လည်ပြင် ဆင်ရမည့်အပိုင်းကို စာတမ်းပြု စု၍ စည်ပင်သို့ ပြန်လည်တင်ပြ ရကြောင်း စစ်ဆေးရေးအရာရှိက ပြောသည်။

‘‘အဓိက,ကတော့ ပြန်လည် အားဖြည့်တဲ့စနစ်ကို ပြန်သုံးခိုင်း ဖို့ တိုက်တွန်းခဲ့တယ်’’ဟု အထက် ပါအရာရှိကဆိုသည်။

ပြန်လည်အားဖြည့်စနစ်ဆို သည်မှာ အင်ဂျင်နီယာနည်းပညာ အရ သံချောင်း၊ ဘိလပ်မြေတို့ကို ဖြည့်သွင်းတည်ဆောက်စေခြင်း ဖြစ်သည်။

Credit: 7 Day Daily

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
ပျားရည်ကို ကျန်းမာရေးအတွက် အသုံးပြုနည်း (၂၄) မျိုး
ပျားရည်ကို ကျန်းမာရေးအတွက် အသုံးပြုနည်း (၂၄) မျိုး
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
ပိုင်ဆိုင်မှုအထောက်အထား စာရွက်စာတမ်းများ ပျောက်ဆုံးနေသော ပါမစ်မြေအား ဂရန်(မြေငှားစာချုပ်) လျှောက်ထားလိုလျှင် သိရှိရမည့်အ
ပိုင်ဆိုင်မှုအထောက်အထား စာရွက်စာတမ်းများ ပျောက်ဆုံးနေသော ပါမစ်မြေအား ဂရန်(မြေငှားစာချုပ်) လျှောက်ထားလိုလျှင် သိရှိရမည့်အ

Upcoming Property Events

From 02 Aug To 03 Aug

Inno City Special Sales Event

From 02 Aug To 03 Aug

Emerald Bay Luxury Condo

From 08 Jul To 08 Aug

Central Shophouse

From 09 Aug To 10 Aug

THADAR CONDOMINIUM

YADANAR BON

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service