ပန်းဆိုးတန်း လူကူးခုံးကျော်တံတား လာမည့်လအတွင်း စတင်အသုံးပြုနိုင်အောင် အမြန်ဆုံးတည်ဆောက်မည် - Property News in Myanmar from iMyanmarHouse.com
936 Views

ပန်းဆိုးတန်း လူကူးခုံးကျော်တံတား လာမည့်လအတွင်း စတင်အသုံးပြုနိုင်အောင် အမြန်ဆုံးတည်ဆောက်မည်

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာဌာန (လမ်းနှင့် တံတား) မှပန်းဆိုးတန်း လူသွား ခုံးကျော် တံတားအား နန်းသီတာဆိပ်ကမ်းအနီး ကမ်းနားလမ်းနှင့် လမ်းသစ်လမ်းတို့ကိုဖြတ် ကာ တည်ဆောက်လျက်ရှိပြီး ယခုအခါတွင် စီမံကိန်း၏ ၅၀ ရာခိုင်ရာခိုင်နှုန်းခန့်ပြီးစီး နေပြီး လာမည့် အောက်တိုဘာလ ဒုတိယပတ်ခန့်တွင် စတင်အသုံးပြုနိုင်ရန် ရည်မှန်းထား
ကြောင်း အဆိုပါဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးတင်ထွန်းဦးက မြန်မာတိုင်း(မ်) ကိုပြောသည်။

"ပန်းဆိုးတန်း ခုံးကျော်တံတားက တစ် ၀က်လောက်ပြီးစီးနေပါပြီ။ အဲဒီနေရာက ယာဉ်ကြောသွားလာမှုရော လူသွားလာမှု ရော အရမ်းရှုပ်ထွေးတဲ့အတွက် သွားလာ သူ တွေ အန္တရာယ်ကင်းအောင် တည်ဆောက်ပေး တာပါ။ ကျွန်တော်တို့ စည်ပင်သာယာကပဲဦးစီးပြီး ဒီဇိုင်းရောတည်ဆောက်မှုပိုင်းပါ တာဝန်ယူဆောက်နေတာပါ။ အောက်တိုဘာ ဒုတိယပတ်လောက် ပြီးမယ်
လို့ မှန်းထားပါ တယ်" ဟု ၎င်းကပြောသည်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ ၂၀၁၄ ခုနှစ်အတွင်း ရန်ကုန်မြို့တွင်းရှိ ယဉ်လမ်းကြောရှုပ်ထွေးသည့် နေရာသုံးနေရာတွင် လူသွားခုံးကျော် တံတား သုံးစင်းကို အပြီးတည်ဆောက်သွားမည် ဖြစ်ပြီး မင်္ဂလာဒုံမြို့နယ်အတွင်း ပြည်လမ်းမ ပေါ်ရှိ ခရေပင်လမ်းခွဲအနီး လှသောင်းကျောင်းရှေ့တွင် လူသွားခုံးကျော်တစ်စင်း အား ဇူလိုင်လတွင် တည်ဆောက်ပြီးစီးခဲ့ပြီး ပန်းဆိုးတန်းခုံးကျော်တံတားနှင့် ကမ္ဘာ့အေးလမ်းမပေါ်ရှိ ကမ္ဘာအေးဘုရားအနီး ဂမုန်းပွင့်ဈေးဝယ်စင်တာရှေ့တွင် ခုံးကျော်တံတားများ ဆက်လက်တည်ဆောက်နေခြင်းဖြစ်သည်။ ခုံးကျော်တံတားများအနက် ပန်းဆိုးတန်းခုံးကျော်တံတားမှာ အရှည်ဆုံးဖြစ်ပြီး ၂၁၁ ပေအရှည်ရှိကာ စက်လှေကားနှစ်စင်းနှင့် ရိုးရိုးလှေကား လေးစင်းတို့အား ထည့်သွင်းတည်ဆောက်သွားမည် ဖြစ်သည်။

ကမ္ဘာအေးခုံးကျော်တံတားမှာ အရှည် ၉၅ ပေခန့်သာရှိပြီး စက်လှေကားပါရှိပြီး နိုဝင်ဘာလအတွင်း ပြီးစီးရန် ခန့်မှန်း ထားသည်။ သို့သော် မင်္ဂလာဒုံ ပြည်လမ်းပေါ်ရှိ လူကူးခုံးကျော်တံတားမှာ စက်လှေကားမပါရှိဘဲ ရိုးရိုးလှေကားလေးစင်းဖြင့် တည်ဆောက်ထားသည်။

"စည်ပင်သာယာက ဒီလိုမျိုး လူသွား ခုံးကျော်တံတားတွေ တည်ဆောက်ပေးရတာ ကတော့ရန်ကုန်မြို့က ယဉ်ကြောရှုပ်ထွေးတဲ့ နေရာတွေမှာ လမ်းသွားလမ်းလာတွေ အန္တရာယ်ကင်းကင်းသွားလာနိုင်အောင်နဲ့ တံတားပေါ်ကနေ သွားလာရတဲ့အတွက် အချိန်ကုန်လည်း သက်သာစေအောင်လို့ပါ။ အဓိကကတော့ သွားလာတဲ့ ပြည်သူတွေ ရှုပ်ထွေးတဲ့နေရာတွေမှာ လမ်းကူးတဲ့အခါ
အန္တရာယ်မရှိဘဲ သွားလာနိုင်ဖို့ရည်ရွယ်ပြီး စည်ပင်သာယာရဲ့ဘဏ္ဍာနဲ့ လူသွားခုံးကျော် တံတားသုံးစင်း ဆောက်ပေးဖို့ စီစဉ်ခဲ့တာပါ" ဟု ဦးအောင်ထွန်းဦးက ပြောသည်။

စည်ပင်သာယာမှ တံတားတည်ဆောက်မှု ပိုင်းနှင့် ဒီဇိုင်းပြင်ဆင်မှုများကြောင့် ဘဏ္ဍာ သုံးစွဲမှုကိုမတွက်ချက်ရသေးသည့်အတွက် ကုန်ကျစရိတ်ကို လက်ရှိတွင် မခန့်မှန်းနိုင်သေးကြောင်းနှင့်ယင်းတံတားသုံးစင်းတည်ဆောက်ပြီးစီးပါက လာမည့်နှစ်အတွင်း နောက်ထပ် လူကူးခုံးကျော်တံတားတည်ဆောက်ရန် လျာထားမှုများ မရှိသေးကြောင်း ၎င်းက ပြောသည်။

Credit : MM Times

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမ
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမ
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ

Upcoming Property Events

From 02 Aug To 03 Aug

Inno City Special Sales Event

From 02 Aug To 03 Aug

Emerald Bay Luxury Condo

From 08 Jul To 08 Aug

Central Shophouse

INNO CITY Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service