တံတားစီမံကိန်းကြောင့် မနှစ်ကဈေးတက်ခဲ့သည့် ဒလမြေနေရာ များ ဖွံ့ဖြိုးမှုနည်းပါးနေသေးခြင်းကြောင့် စိတ်ဝင်စာ - Property News in Myanmar from iMyanmarHouse.com
746 Views

တံတားစီမံကိန်းကြောင့် မနှစ်ကဈေးတက်ခဲ့သည့် ဒလမြေနေရာ များ ဖွံ့ဖြိုးမှုနည်းပါးနေသေးခြင်းကြောင့် စိတ်ဝင်စာ

ဒလ မြစ်ကူးတံတားစီမံကိန်းကြောင့် လွန်ခဲ့ သောနှစ်က မြေဈေးများရုတ်တရတ်တက်ခဲ့ သော
ဒလမြို့နယ်သည် တံတားစီမံကိန်းအကောင်အထည် မပေါ်သေးသောကြောင့် မြေဈေးများ
မြင့်တက်နေမှုများရှိနေသော် လည်း အိမ်ခြံမြေဈေးကွက် အလွန်အေးနေကြောင်း မြို့ခံအိမ်ခြံမြေ
အကျိုးဆောင်များက ပြောသည်။

"ဒလမြို့ကို အ၀ယ် မဆင်းတော့တာ တော်တော်ကြာနေပြီ။ မြေ၀ယ်ဖို့အတွက် လာ တော့ ကြည့်
ကြတယ်၊ ဒါပေမဲ့ ဒီကဈေးတွေနဲ့ မကိုက်တော့ ပြန်လှည့်ကြတယ်။ ဒီမှာက လည်း ဈေးတွေက
အရင်တစ်ခေါက် အရမ်း မြင့်ထားကတည်းက ပြန်မကျဘူး။ ပေ ၄၀ ပေ ၆၀ အကွက်ကြီးဆိုရင်
သိန်း ၅၀၀ ကနေ ၇၀၀ လောက်ထိရှိတယ်။ အဲဒါတွေက မြို့ အလယ်ပိုင်းလောက်မှာ။ လမ်းမကြီး
ဘေးက မြေတွေဆို သိန်းထောင်ချီတုန်းပဲ" ဟု အိမ်ခြံမြေအကျိုးဆောင် ဦးလှချစ်က ပြောသည်။

ယခင်က အိမ်ခြံမြေဈေးကွက်တွင် စိတ်ဝင်စားမှုနည်းခဲ့သော်လည်း ၂၀၁၃ ခုနှစ်အတွင်း နိုင်ငံတော်
အစိုးရမှ တောင်ကိုရီးယားနိုင်ငံ၏ အကူအညီဖြင့် ရန်ကုန်-ဒလ မြစ်ကူးတံတားတည်ဆောက်မည့်
စီမံကိန်းဂယက်ကြောင့် မြေယာဈေးများမြင့်မားခဲ့ကာ အိမ်ခြံ မြေအရောင်းအ၀ယ် လုပ်ကိုင်သူများနှင့်
စည်ကားခဲ့သည်။

သို့သော် အဆိုပါ မြစ်ကူးတံတားစီမံကိန်း နှင့်ပတ်သက်သည့်သတင်းများမှာ ဆက်လက်ထွက်ပေါ်
မှုမရှိပဲ ယခုအချိန်ထိ ငြိမ်သက်နေခြင်းများကြောင့် ဒလမြို့၏ အိမ်ခြံမြေလုပ်ငန်း များမှာလည်း
ရပ်ဆိုင်းလုနီးပါး ဖြစ်လာခဲ့ကြောင်း အိမ်ခြံမြေအကျိုးဆောင်များက ပြောသည်။

"ရန်ကုန်-ဒလ မြစ်ကူးတံတား တည် ဆောက်မယ်ဆိုတဲ့ သတင်းတွေကြောင့် မြေဈေး တက်သွား
ပေမယ့် တကယ်တမ်း တံတားတည်ဆောက်ဖို့ အကောင်အထည် မပေါ်လာတဲ့အခါ တက်သွား
တဲ့မြေဈေးတွေ က ဟိုအရင်ဈေးပြန်မကျတော့ဘူး။ တက်ဈေး ကိုလည်း ဘယ်သူမှမ၀ယ်ကြတော့
ဘူး။ ဗိုက်နာလို့ ရောင်းတဲ့သူလောက်ပဲ ရှိတယ်။ အခု ဒလမြို့ အိမ်ခြံမြေဈေးက အရောင်းအ၀ယ်
မရှိသလောက်ကို အေးနေတယ်"ဟု ဦးလှချစ် က ပြောသည်။

ဒလမြို့နယ်၏ အိမ်ခြံမြေ ဈေးကွက်သည် မြေယာများဝယ်ယူကာ ရင်းနှီးမြှုပ်နှံမှုများ၊ မြေယာ
အရောင်းအ၀ယ်လုပ်ကိုင်ခြင်းများ ကြောင့် မြို့နေဒေသခံများ၏ ဈေးခေါ်မှုများ နှင့်အတူ ဒလမြို့၏
မြေဈေးနှုန်းများမှာ အဆမတန် မြင့်တက်ခဲ့ရသည့် အခြေအနေ များ ဖြစ်ပေါ်ခဲ့သော်လည်း ယခု
အခါတွင် နိုင်ငံတော်အစိုးရ၏ မြို့သစ်စီမံကိန်းများနှင့် အခြားမြို့နယ်များတွင်ပြုလုပ်မည့် စီးပွားရေး
ဆိုင်ရာ မဟာစီမံကိန်းကြီးများကြောင့် ဒလ မြို့သစ်အပေါ်သို့ ရင်းနှီးမြှုပ်နှံသူများနှင့် ၀ယ်ရောင်း
သမားများ၏ အာရုံစိုက်ခြင်းများ သိသိသာသာ လျော့နည်းခဲ့ကြောင်း အိမ်ခြံမြေ အကျိုးဆောင်များ
က ပြောသည်။

ယင်းကဲ့သို့ ဒလမြို့နယ်တွင် နိုင်ငံတော် အဆင့် စီမံကိန်းအသံများကြောင့် အိမ်ခြံမြေ ဈေးကွက်များ
ဖြစ်ပေါ်ခဲ့သော်လည်း မြို့ပြဖွံ့ဖြိုးတိုးတက်မှုများမှာတော့ သိသိသာသာ မပြောင်းလဲခဲ့ဘဲ မြေပိုင်မရှိ
ခြင်းများကြောင့် ကျူးကျော်နေထိုင်သူများ၊ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများ၊ မဖွံ့ဖြိုးသည့်
အခြေခံအဆောက်အအုံများ ရပ်ကွက် အတွင်း ရေကြီးရေလျှံမှုများနှင့်သာ ယခင် အတိုင်း မပြောင်း
လဲဘဲ ရှိနေသေးကြောင်း မြို့ခံများက ပြောသည်။

"မြို့နဲ့ ပတ်သက်ပြီးတော့ ဘာမှတိုးတက် ပြောင်းလဲသွားတာ မရှိသေးပါဘူး။ ဒီဘက် ကမ်းမှာ
အဆောက်အအုံကောင်း ကြီးကြီး တောင်မရှိပါဘူး။ တိုက်ဆိုရင်လည်း သုံးထပ် တိုက်က အမြင့်
ဆုံးပါ။ ဒါတောင် နှစ်လုံးသုံး လုံးပဲရှိတယ်။ လမ်းပန်းဆက်သွယ်ရေး ကလည်း လောလောဆယ်
တံတားမထိုးထားတော့ သင်္ဘောတို့ သမ္ဗန်တို့ပဲ ရှိတယ်။ ညရေးညတာ အကြောင်းရှိရင် အခက်
အခဲ ဖြစ်ပါတယ်။ သင်္ဘောကလည်း တစ်ညလုံးမဆွဲပေးပါဘူး" ဟု ဒလမြို့၊ ရာဇသင်္ကြန်ရပ်ကွက်၊
ဗိုလ်မင်းရောင်လမ်းတွင်နေထိုင်သူ ဒေါ်ပန်းလှက ပြောသည်။

Credit: Myanmar Times

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ
ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမ
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမ
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ

Upcoming Property Events

From 02 Aug To 03 Aug

Inno City Special Sales Event

From 08 Jul To 08 Aug

Central Shophouse

Myanmar's No. 1 Car Portal
Myanmar's No. 1 C2C E-commerce Portal

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service