မြို့သစ်စီမံကိန်းအတွက် လူတန်းစားအလွှာအသီးသီးမှ ရင်းနှီးမြှုပ်နှံမည့်သူများ အားလုံးပါဝင်နိုင်မည် - Property News in Myanmar from iMyanmarHouse.com
1253 Views

မြို့သစ်စီမံကိန်းအတွက် လူတန်းစားအလွှာအသီးသီးမှ ရင်းနှီးမြှုပ်နှံမည့်သူများ အားလုံးပါဝင်နိုင်မည်

မြို့သစ်စီမံကိန်းအတွက် နိုင်ငံ့ဘဏ္ဍာငွေအပေါ် မှီခိုခြင်းမပြုဘဲ အလွှာပေါင်းစုံမှ ရင်းနှီးမြှုပ်နှံမည့်သူ
များ အားလုံး ပူးပေါင်းပါဝင်နိုင်ရန် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရ
အဖွဲ့၏ ထုတ် ပြန်ချက်တွင် ပါရှိသည်။

အဆိုပါ စီမံကိန်းတွင် ပုဂ္ဂလိကဏ္ဍဖွံ့ဖြိုးတိုးတက်မှုကို အဓိကထားဖော်ဆောင်ပေးသွားမည်ဖြစ်ပြီး
Developerများ၊ ဒေသခံပြည်သူလူထုများအပြင် လူတန်းစားအလွှာအသီးသီးနှင့် ငွေကြေးရင်းနှီး
မြှုပ်နှံလိုသူ များအားလုံး ပူးပေါင်းပါဝင်နိုင်မည်ဖြစ်ကြောင်း၊ ယခုအခြေအနေအရ မြို့သစ်စီမံကိန်း
အကောင်အထည် ဖော် ရန် နိုင်ငံတော်သို့ ခွင့်ပြုချက်ရယူလျက် မြို့မြေသတ်မှတ်ရေး လုပ်ငန်းစဉ်
များကို တည်ဆဲဥပဒေ၊ နည်းဥပဒေ များ၊ လုပ်ထုံးလုပ်နည်း၊ ညွှန်ကြားချက်များနှင့်အညီ ဆောင်
ရွက်လျက်ရှိနေကြောင်း၊ီနလနူသစနမ တင်ဒါခေါ် ယူခြင်းများအပိုင်းကိုလည်း ပွင့်လင်းမြင်သာ
စွာဖြင့် မကြာမီအချိန်အတိုင်းအတာအတွင်း စီမံဆောင်ရွက်သွား မည် ဖြစ်ကြောင်း ဩဂုတ်လ
၂၈ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ သတင်းထုတ်ပြန်ထား သည်။

မြို့သစ်စီမံကိန်းနှင့်စပ်လျဉ်းပြီး ကြည့်မြင်တိုင်၊ ဆိပ်ကြီးခနောင်တိုနဲ့ တွံတေးမြို့နယ်များရှိ မြေဧက
၃ သောင်းပေါ်မှာ အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်ဝန်
ဦးလှမြင့်က ပြီးခဲ့သော သီတင်းပတ်က ရန်ကုန်တိုင်းလွှတ်တော်တွင် ကျင်ပခဲ့သည့် အစည်းအဝေး
၌ ပြောခဲ့သည်။

မြို့သစ်စီမံကိန်းသည် ရန်ကုန်မြို့၏ လူဦးရေနှင့် လူမှုစီးပွားရေးအခြေအနေအရပ်ရပ်များ လျှင်မြန်စွာ
ဖွံ့ဖြိုးတိုး တက်ပြောင်းလဲလာခြင်းအပေါ် မြို့ပြတိုးချဲ့ရန် လိုအပ်လာမှုတို့ကြောင့် စီမံကိန်းကို
အကောင်အထည်ဖော်ခဲ့ ခြင်းဖြစ်ကြောင်း သိရသည်။

စီမံကိန်းမြေနေရာသည် ရန်ကုန်မြို့၏အနောက်ဘက်၊ ပန်းလှိုင်မြစ်နှင့် တွံတေး တူးမြောင်းအကြား၊
လှိုင်မြစ်နှင့် လှိုင်သာယာတွံတေးကားလမ်းအကြား မြေနေရာများကို လျာထားကြောင်း သိရသည်။

စီမံကိန်း ရုတ်တရက်ထွက်ပေါ်လာခြင်းနှင့်ပတ်သက်ပြီး မီဒီယာပတ်ဝန်းကျင်တွင် ပွင့်လင်းမြင်သာ
မှုရှိရန် လိုအပ်ကြောင်း ဝေဖန်မှုများရှိခဲ့သည်။

Credit: Myanmar Times

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ပျားရည်ကို ကျန်းမာရေးအတွက် အသုံးပြုနည်း (၂၄) မျိုး
ပျားရည်ကို ကျန်းမာရေးအတွက် အသုံးပြုနည်း (၂၄) မျိုး
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
ပိုင်ဆိုင်မှုအထောက်အထား စာရွက်စာတမ်းများ ပျောက်ဆုံးနေသော ပါမစ်မြေအား ဂရန်(မြေငှားစာချုပ်) လျှောက်ထားလိုလျှင် သိရှိရမည့်အ
ပိုင်ဆိုင်မှုအထောက်အထား စာရွက်စာတမ်းများ ပျောက်ဆုံးနေသော ပါမစ်မြေအား ဂရန်(မြေငှားစာချုပ်) လျှောက်ထားလိုလျှင် သိရှိရမည့်အ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ

Upcoming Property Events

From 02 Aug To 03 Aug

Inno City Special Sales Event

From 02 Aug To 03 Aug

Emerald Bay Luxury Condo

From 08 Jul To 08 Aug

Central Shophouse

From 09 Aug To 10 Aug

THADAR CONDOMINIUM

INNO CITY Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service