ရန်ကုန်မြို့သစ်စီမံကိန်းတည်ဆောက်ခွင့် တင်ဒါပြန်လည်ခေါ်ယူမည်ဟု ကြေညာ - Property News in Myanmar from iMyanmarHouse.com
906 Views

ရန်ကုန်မြို့သစ်စီမံကိန်းတည်ဆောက်ခွင့် တင်ဒါပြန်လည်ခေါ်ယူမည်ဟု ကြေညာ

ပွင့်လင်းမြင်သာမှုမရှိဘဲ ဝေဖန်မှုများ ကြုံတွေ့နေရသည့် ရန်ကုန်မြို့သစ်စီမံကိန်းမှ မြေဧ က ၃၀,၀၀၀ ကျော် လုပ်ကိုင်ခွင့် ကို တင်ဒါပြန်လည်ခေါ်ယူသွား မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေ သကြီး အစိုးရအဖွဲ့က သြဂုတ် ၂၈ ရက်ညတွင် နိုင်ငံပိုင်ရုပ်သံ လိုင်း၌ ထုတ်ပြန်ကြေညာသွား သည်။

သြဂုတ် ၂၂ ရက်က ရန်ကုန် တိုင်းဒေသကြီး လွှတ်တော် အ စည်းအဝေးတွင် ရန်ကုန်မြို့တော် ၀န်ဦးလှမြင့်က မြို့သစ်စီမံကိန်း သ၀ဏ်လွှာကို အသိပေး ပြောကြားခဲ့သည်။

ကျပ် ၇,၀၀၀ ဘီလီယံနှင့် ဒေါ်လာ ၈ ဘီလီယံ ကုန်ကျမည့် စီမံကိန်းကို မြန်မာ့စေတနာ မြို့ သစ်အများပိုင် ကုမ္ပဏီက တည် ဆောက်လုပ်ကိုင်ခွင့်ကို ပေးခဲ့ရာ ခြောက်ရက် အကြာတွင် တည် ဆောက်လုပ်ကိုင်ခွင့်ရမည့် ကုမ္ပ ဏီကို တင်ဒါပြန်လည် ခေါ်ယူ သွားမည်ဖြစ်ကြောင်း ပြန်လည် သတင်းထုတ်ပြန်ခြင်းဖြစ်သည်။

ရန်ကုန်မြို့၏ အနောက် ဘက် လှိုင်မြစ်နဲ့ လှိုင်သာယာ၊ တွံ တေးကားလမ်းကြားကို လျာထား သည့် အဆိုပါ မြို့သစ်စီမံကိန်းမှာ ကနဦးက တိုင်းဒေသကြီးအစိုးရ အဖွဲ့က တင်ဒါမခေါ်ယူဘဲ ၎င်းနှင့် နီးစပ်သည့် ကုမ္ပဏီကို လက်သိပ် ထိုးပေးခဲ့သည်ဟု ပြင်ပတွင် ဝေ ဖန်မှုများ ထွက်ပေါ်လာသဖြင့် တိုင်းဒေသကြီး အစိုးရအဖွဲ့က ယခုလို တင်ဒါ ပြန်လည်ခေါ်ယူခြင်းဖြစ်နိုင်ကြောင်း ဆောက် လုပ်ရေး လုပ်ငန်းရှင်အချို့က ပြောကြားသည်။

‘‘တင်ဒါခေါ်မယ်လို့ပဲ ပြော တာ။ ဘာမှ အသေးစိတ်မပြော သွားဘူး။ အသစ်ပြန်ခေါ်မယ့် တင်ဒါက သံသယတွေ ရှိစရာပဲ’’ ဟု မြင့်နှင့်စိုး ဆောက်လုပ်ရေး ကုမ္ပဏီ မန်နေဂျင်းဒါရိုက်တာ ဦးဝင်းမော်စိုးက ဆိုသည်။

မြို့ပြစီမံကိန်းအတွက် တင် ဒါပြန်လည်ခေါ်ယူမည်ဆိုပါက လုပ်ကိုင်လိုသည့် ကုမ္ပဏီများ ၏ ငွေကြေးအင်အား၊ လူအင်အား အတွေ့အကြုံတို့ကို သေချာစိစစ် သင့်ပြီး နီးစပ်ရာကို လက်သိပ်ထိုး ခေါ်ယူလုပ်ကိုင်စေမှုမျိုး မရှိစေ ရန်လိုအပ်ကြောင်း မြို့ရွာနှင့် အိုး အိမ်ဖွံ့ဖြိုးမှု ဦးစီးဌာန အငြိမ်း စားညွှန်ကြားရေးမှူး ဦးမြင့်ဆွေ က ပြောသည်။

‘‘လုပ်ကိုင်ခွင့်ပေးမယ်လို့ ပြောတဲ့ ကုမ္ပဏီကို ကြေညာထား တာ ခြောက်ရက်ပဲ ကြာသေး တယ်။ အခု တင်ဒါပြန်ခေါ်မယ်ဆိုတော့ ကစဥ့်ကလျားတွေ ဖြစ်မှာ စိုးရိမ်မိတယ်’’ ဟု ၎င်းကဆိုသည်။

လက်ရှိတွင် မြန်မာနိုင်ငံ၌ မြို့ပြစီမံကိန်း ဖော်ဆောင်ရာတွင် အတွေ့အကြုံရှိသည့် ပြည်တွင်း ကုမ္ပဏီမှာ လွန်စွာနည်းပါးပြီး ပြည်ပမှ အတွေ့အကြုံရှိ ကုမ္ပဏီ များနှင့် ပူးပေါင်းလုပ်ဆောင်သင့် ကြောင်း ဦးမြင့်ဆွေက အကြံပြု သည်။

အဆိုပါ စီမံကိန်းတွင် အ ဆင့်မြင့် တန်ဖိုးနည်း အခန်းပေါင်း နှစ်သောင်း၊ မိဘမဲ့ကလေး နှစ် ထောင်ဆံ့ အဆင့်မြင့် ကျောင်း တစ်ကျောင်း၊ အဘိုး၊ အဘွားနှစ်ထောင်ဆံ့ အဆင့်မြင့်ရိပ်သာ တစ်ခုနှင့် ဖြတ်သန်းခ တံတား ကြေးကောက်ခံမည့် ခြောက်လမ်း သွား မြစ်ကူးတံတား ငါးစင်းတို့ ပါဝင်မည်ဟု မြို့တော်ဝန်က ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးတွင် ပြောကြားခဲ့သည်။

လူဦးရေနှင့်လူမှုစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုများကြောင့် မြို့သစ်တည်ဆောက်ရန် စီစဉ်ခဲ့ခြင်းဖြစ် ပြီး၊ ယခုမြို့သစ်စီမံကိန်းမှာ အ ခြားစီမံကိန်းများကဲ့သို့ နိုင်ငံတော် ဘဏ္ဍာငွေမသုံးဘဲစီမံကိန်းတည် ဆောက်သူများ၊ ဒေသခံပြည်သူ များအပါအ၀င်အလွှာအသီးသီးမှ ရင်းနှီးမြှုပ်နှံလိုသူများ ပါဝင်နိုင်ရန် ပြင်ဆင်ထားသည်ဟုကြေညာ ချက်တွင်ဖော်ပြထားသည်။

ထိုစီမံကိန်းကို နိုင်ငံတော်သို့ တင်ပြခွင့်ပြုချက်ယူခဲ့ပြီး မြို့မြေ နေရာသတ်မှတ်ရေး တည်ဆဲဥပ ဒေညွှန်ကြားချက်များနှင့်အညီပြု လုပ်ခဲ့သည်ဟုဆိုသည်။

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကြေးနီနဲ့ ပြုလုပ်ထားတဲ့ ရေဘူးကို သုံးခြင်းရဲ့ ကောင်းကျိုးများ
ကြေးနီနဲ့ ပြုလုပ်ထားတဲ့ ရေဘူးကို သုံးခြင်းရဲ့ ကောင်းကျိုးများ
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
ပျားရည်ကို ကျန်းမာရေးအတွက် အသုံးပြုနည်း (၂၄) မျိုး
ပျားရည်ကို ကျန်းမာရေးအတွက် အသုံးပြုနည်း (၂၄) မျိုး
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ

Upcoming Property Events

From 08 Jul To 08 Aug

Central Shophouse

From 09 Aug To 10 Aug

THADAR CONDOMINIUM

From 09 Aug To 10 Aug

Mingalar Market

Myanmar's No. 1 Car Portal
Myanmar's No. 1 C2C E-commerce Portal

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service