လယ်ယာမြေ ပိုင်ဆိုင်ခွင့်လက်မှတ် ထုတ်ပေးမှု ၉၆ ရာခိုင်နှုန်းကျော် ပြီးစီး - Property News in Myanmar from iMyanmarHouse.com
947 Views

လယ်ယာမြေ ပိုင်ဆိုင်ခွင့်လက်မှတ် ထုတ်ပေးမှု ၉၆ ရာခိုင်နှုန်းကျော် ပြီးစီး

လယ်သမားများ မိမိပိုင်လယ်မြေကို ပေါင်နှံ ခွင့်၊ ရောင်းချခွင့်၊ ပေးကမ်းအမွေဆက်ခံခွင့် စသည့်အခွင့်အလမ်းများ ရရှိစေရန် လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်း ၀န်ကြီးဌာနက လယ်ယာမြေမှတ်ပုံတင် များပြုလုပ်ပေးပြီး ပိုင်ဆိုင်ခွင့်လက်မှတ် များထုတ်ပေးလျက်ရှိရာ ယခုလ ၁၄ ရက် နေ့အထိ ၉၆ ဒသမ ၂၁ ရာခိုင်နှုန်း ထုတ်ပေးပြီးဖြစ်ကြောင်း ကြေးတိုင်နှင့် မြေ စာရင်းဦးစီးဌာနညွှန်ကြားရေးမှူး ဦးလွှမ်းမိုး က ပြောသည်။

ထိုသို့ လယ်ယာမြေမှတ်ပုံတင်ခြင်းဆောင်ရွက်ပေးရာတွင် လမ်းပန်းဆက်သွယ်ရေးနှင့် လုံခြုံရေးအခြေအနေပေါ်မူတည်ကာ အဆင့်နှစ်ဆင့်ခွဲဆောင်ရွက် ပေးလျက်ရှိရာ ပထမအဆင့်တွင် ၉၉ဒသမ ၈၃ ရာနှုန်းနှင့် ဒုတိယအဆင့်တွင် ၂၄ ဒသမ ၈၀ ရာခိုင်နှုန်း ဆောင်ရွက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း၎င်းက ပြောသည်။

"မနေ့ကအထိ စုစုပေါင်း ၉၆ ဒသမ ၂၁ ရာခိုင်နှုန်း ပြီးစီးခဲ့ပါပြီ" ဟု ဦးလွှမ်းမိုးက ပြောသည်။ဆောင်ရွက်ပြီးစီးခဲ့သော အချက်အလက် များအရ ပထမအဆင့်တွင် တောင်သူပေါင်း ၅ ဒသမ ၂ သန်းကျော်နှင့် ဦးပိုင် လုပ်ကွက် ပေါင်း ၈ ဒသမ ၆ သန်းကျော်၊ ဒုတိယ အဆင့်တွင် တောင်သူပေါင်း သုံးသိန်းကျော် နှင့် ဦးပိုင်လုပ်ကွက်ပေါင်း လေးသိန်းကျော် စုစုပေါင်း တောင်သူ ၅ ဒသမ ၅သန်းကျော် နှင့် ဦးပိုင်လုပ်ကွက်ပေါင်း ကိုးသန်း ကျော်တို့ကို မှတ်ပုံတင်ဆောင်ရွက်ပေး ခဲ့ပြီးဖြစ်သည်။

အဆိုပါ ကိန်းဂဏန်းများသည် လွယ်ကူ စွာရရှိခဲ့ခြင်းမဟုတ်သကဲ့သို့ တောင်သူများ ကလည်း၂၀၁၂ ခုနှစ်လယ်ယာမြေဥပဒေပါ အခွင့်အရေးများ ရရှိလိုလျှင် မှတ်ပုံတင် ပြုလုပ်သင့်ကြောင်း၎င်းကပြောသည်။

သို့သော် လယ်သမားများသည် ဥပဒေကိုနားလည်ယုံကြည်အားကိုးမှု နည်းပါးနေသေးကြောင်း ဦးလွှမ်းမိုးက ပြောသည်။ လယ်ယာမြေများကို မှတ်ပုံတင်ပြုလုပ် ပြီး တရားဝင်အရောင်းအ၀ယ်ပြုလုပ်နိုင် သော်လည်း လယ်သမားအများစုသည် အန္တရာယ်ရှိသည့် တရားမ၀င်အရောင်း အ၀ယ်ကိုသာ ပြုလုပ်နေကြခြင်းဖြစ်သည်။ "တရားဝင်ရောင်းကြ ၀ယ်ကြပါ ဆို ပေမယ့် အခွန်ကဘယ်လိုဆောင်ရမှာလဲ၊ ဈေးနှုန်းကို ဘယ်လိုသတ်မှတ်ပေးမှာလဲ၊ နောက်ပြီး ဘယ်မှာမှတ်ပုံတင်ရမှာလဲ၊ကြားလူကိုခေါ်ပြီး ငွေပိုကုန်ရင်လည်း အလုပ်မဖြစ်ဘူး" ဟု နေပြည်တော် ပျဉ်းမနား မြို့မှတောင်သူကိုမျိုးလင်းအောင်က ပြောသည်။

ထို့ပြင် လယ်မြေများကို တန်ဖိုးကြီးကြီး ပေးကာဈေးဖျက်ခြင်းသည်လည်း လုပ်ပိုင်ခွင့်ရှိသူများနှင့်ဆက်စပ်သူများ၊ စီးပွားရေးလုပ်ငန်းရှင်များသာဖြစ်ကြောင်း တောင်သူများက ပြောသည်။

"တစ်နေရာရာမှာ မြေဈေးကောင်းနေပြီ ဆိုရင် အဲဒီမြေက မူလလယ်သမားရဲ့ လက်ထဲမှာမရှိတော့ဘဲ သူတို့ရဲ့လက်ထဲမှာရောက်နှင့်နေပြီ။ သူတို့က ဘယ်နေရာ မှာဘာလုပ်တော့မယ်ဆိုတာကို သာမန် ပြည်သူတွေထက် ဦးအောင်သိနေကြ တယ်" ဟု နေပြည်တော် ဒေသခံတောင်သူလယ်သမားများကို နည်းပညာပိုင်းဆိုင်ရာ အကူအညီများပံ့ပိုးလျက်ရှိသူ စိုက်ပျိုးရေးပညာရှင်ဦးနေစိုးက ပြောသည်။

ထို့ပြင် အဆိုပါပိုင်ဆိုင်ခွင့်လက်မှတ်ရရှိပါက ယင်းလက်မှတ်ဖြင့် ဘဏ်တွင်လယ်ယာမြေအပေါင်ထားကာ စိုက်ပျိုး စရိတ်ရယူနိုင်ကြောင်း သက်ဆိုင်ရာတာဝန် ရှိသူများက ပြောဆိုနေကြသော်လည်း လက်တွေ့တွင်မူ ထိုကဲ့သို့ပြုလုပ်နိုင်ခြင်း မရှိသေးဘဲ အမှန်တကယ်ပြုလုပ်နိုင်ရန် တာဝန်ရှိသူများက ပြုလုပ်ပေးသင့်ကြောင်း တောင်သူများက ပြောသည်။

ပြည်ထောင်စုဝန်ကြီး ဦးမြင့်လှိုင်ကမူ ရေးဆွဲလျက်ရှိသော တောင်သူလယ်သမားအခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွား မြှင့်တင်ရေးနည်းဥပဒေ ပြဋ္ဌာန်းပြီးမှသာ ထိုကဲ့သို့ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ဇမ္ဗူသီရိမြို့နယ်မှ လယ်သမားများနှင့်တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

Credit : MM Times

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
အိမ်ထောင်သက် နှစ် ၅၀ ပြည့်အတွက် ဇနီးကို surprise လုပ်ရန် မြေဧကပေါင်း ၈၀ တွင် နေကြာပန်းပင်ပေါင်း ၁ ဒသမ ၂ သန်းစိုက်ပျိုးပေ
အိမ်ထောင်သက် နှစ် ၅၀ ပြည့်အတွက် ဇနီးကို surprise လုပ်ရန် မြေဧကပေါင်း ၈၀ တွင် နေကြာပန်းပင်ပေါင်း ၁ ဒသမ ၂ သန်းစိုက်ပျိုးပေ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ကြေးနီနဲ့ ပြုလုပ်ထားတဲ့ ရေဘူးကို သုံးခြင်းရဲ့ ကောင်းကျိုးများ
ကြေးနီနဲ့ ပြုလုပ်ထားတဲ့ ရေဘူးကို သုံးခြင်းရဲ့ ကောင်းကျိုးများ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ

Upcoming Property Events

From 02 Aug To 03 Aug

Inno City Special Sales Event

From 02 Aug To 03 Aug

Emerald Bay Luxury Condo

From 08 Jul To 08 Aug

Central Shophouse

From 09 Aug To 10 Aug

THADAR CONDOMINIUM

YADANAR BON

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service