ရန်ကုန်တွင် မြို့သစ် ထပ်မံ တည်ဆောက်မည် - Property News in Myanmar from iMyanmarHouse.com
1118 Views

ရန်ကုန်တွင် မြို့သစ် ထပ်မံ တည်ဆောက်မည်

ဆိပ်ကြီးခနောင်တို မြို့နယ်၊ တွံတေးမြို့နယ်နှင့် ကြည့်မြင်တိုင် မြို့နယ်တို့အတွင်း ကျပ်ဘီလီယံ (၇၀၀၀) နှင့် ကန်ဒေါ်လာ(၈) ဘီလီယံ အကုန်ကျ ခံ၍ မြို့သစ်တစ်ခု တည်ဆောက် သွားမည် ဖြစ်ကြောင်း ယမန်နေ့က ပြုလုပ်ခဲ့သည့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်န၀မပုံမှန် အစည်းဝေး (ပထမနေ့ )တွင် ရန်ကုန်မြို့တော်ဝန် ဦးလှမြင့် က ပြောသည်။

ယင်းမြို့သစ်ကို ရန်ကုန်မြို့၏ အနောက်ဘက်ရှိ ပန်းလှိုင်မြစ်နှင့် တွံတေး တူးမြောင်းကြား၊ လှိုင်မြစ်နှင့် လှိုင်သာယာ ကားလမ်းကြား မြေနေရာတွင် လျာထားပြီး ကြည့်မြင်တိုင် မြို့နယ်၊ ဆိပ်ကြီး ခနောင်တို မြို့နယ်၊ တွံတေး မြို့နယ် အတွင်း၌ တည်ဆောက် သွားမည် ဖြစ်သည်။ အဆိုပါ မြေနေရာကို မြို့မြေအဖြစ် သတ်မှတ်ပြီး သွားပါက မြေပိုင်ရှင်များ၊ စီးပွားရေး လုပ်ငန်းရှင်များ၊ စိတ်ဝင်စားသည့် နိုင်ငံသားများဖြင့် စုစည်းထားသည့် မြန်မာ့ စေတနာမြို့သစ် အများပိုင် ကုမ္ပဏီကို တာဝန်ပေးအပ် သွားမည် ဖြစ်ကြောင်း ၎င်းကပြောကြားသည်။ ခုလိုမြို့သစ် စီမံကိန်း ကြိုတင် အကောင် ထည်ဖော်ဆောင်ရွက်တဲ့နေရာမှာ မလိုလားအပ်တဲ့ ရှုပ်ထွေးမှုတွေပေါ် ပေါက် လာနိုင်တာကြောင့် စီမံကိန်း သတင်း လုံခြုံမှုကို ကန့်သတ် ဆောင်ရွက်ခဲ့ ရခြင်း ဖြစ်ပါတယ် ဟု မြို့တော်ဝန်က ဆိုသည်။

အဆိုပါ မြို့သစ် စီမံကိန်းတွင် မိသားစုပေါင်း နှစ်သောင်းနေထိုင်နိုင်မည့် အဆင့်မြင့် တန်ဖိုးနည်း အခန်းများနှင့် ကလေး ကစားကွင်းများ၊ စာသင်ကျောင်းများ ၊ပန်ခြံများ၊ လျှပ်စစ်မီးများ၊ သောက်သုံးရေချိုများ၊ ရေဆိုး စွန့်ပစ်မှု၊ ပတ်ဝန်းကျင် ညစ်ညမ်းမှု မရှိစေရေး တို့ကို ဆောင်ရွက် သွားမည် ဖြစ်ကြောင်းသိ ရသည်။ထိုကဲ့သို့ တည်ဆောက် နိုင်ရန်အတွက် မြို့မြေ အဖြစ် မြေဧက သုံးသောင်းကျော်ကို သတ်မှတ် ထားပြီး စီမံကိန်း ဒေသ အတွင်းရှိ လယ်မြေ လုပ်ကိုင်သူများ၊ ကျေးရွာငယ်များတွင် နေထိုင်သူများ နစ်နာဆုံးရှုံးမှု မရှိစေရန်နှင့် လူနေမှု ဘ၀ အဆင့်မြှင့် တင်ပေးနိုင်ရန် အတွက်လည်း ဒေသခံများနှင့် သဘောတူညီမှု ရရှိပြီး ဖြစ်ကြောင်း သိရသည်။

ယင်းကဲ့သို့ မြို့ သစ် တည်ဆောက်ခြင်း အားဖြင့် ရန်ကုန်မြို့တွင် တိုက်ခန်းများပေါများ လာပြီး အိမ်ငှားခ ဈေးနှုန်းများ လျှော့ကျလာနိုင်သော် လည်း ယင်းမြေနေရာများတွင် အိမ်ရာ တိုက်ခန်းများကို အကြောင်းပြ၍ လုံးချင်း အဆင့်မြင့် တိုက်ခန်းများ ဆောက်လုပ် ရောင်းချမည် ဆိုပါက မြေကွက် များ ဈေးနှုန်း မြင့်တက်လာပြီး မြို့၏ ဖွံဖြိုးမှုများ နောက်ကျလာ နိုင်ကြောင်း အိမ်ခြံမြေ အကျိုးဆောင် အချို့ က သုံးသပ်ကြသည်။

မြို့တစ်မြို့တည်တယ် ဆိုတာ အိမ်ဆောက်ရုံနဲ့ မရဘူး၊ ဆေးရုံတွေလို အခြေခံ အဆောက်အဦတွေ ၊ဈေးတွေ၊ အရောင်း ကုန်တိုက်တွေ စသဖြင့်များစွာ တည်ဆောက်ရမှာ ဖြစ်တဲ့အတွက် မြေဈေး ကစားပြီး ဈေးနှုန်းတွေ မြင့်လာမယ် ဆိုရင်တော့မြို့မှာ နောက်ပိုင်း ဆောက်လုပ်ရမယ်အခြေခံ အဆောက်အဦတွေ နှောင့်နှေးသွား နိုင်တယ်။ ဒါကြောင့် စီးပွားရေး သမားအချို့ရဲ့ ဈေးကစားမှုကိုတော့ ထိန်းချုပ်နိုင်မှ မြို့က ဖွံ့ ဖြိုးမှု မြန်လိမ့်မယ် ဟု မြန်မာ့ရောင်ခြည် အိမ်ခြံမြေ အကျိုးဆောင်မှ ဦးခင်မောင်သန်း က သုံးသပ်ပြောကြားသည်။

မြို့တစ်မြို့ တည်ထောင်ခြင်းကို အစိုးရအနေဖြင့် မည်သူကိုမျှ အသိမပေးဘဲ စီစဉ် ဆောင်ရွက်ခဲ့ခြင်းသည် မြေဈေးနှုန်းများ မြင့်တက်မည်ကို စိုးရိမ်းရခြင်းကြောင့်ဟု ဆိုသော်လည်း ဒီမိုကရေစီ နိုင်ငံတစ်နိုင်ငံ အနေဖြင့် မဆောင်ရွက် သင့်ကြောင်း လွှတ်တော်သို့ တက်ရောက်ခဲ့သော လွှတ်တော် ကိုယ်စားလှယ်အချို့ တို့ က ဝေဖန်ခဲ့ကြသည်။

အစိုးရအနေနဲ့ မြို့ တစ်မြို့ တည်မယ့် ကိစ္စကို ပွင့်လင်း မြင်သာစွာချပြ ဖို့တော့ ကောင်းတယ်။ နောက်ပြီး ကုမ္ပဏီကို ရွေးချယ်တာ ကလည်း တင်ဒါ စနစ်နဲ့ ရွေးတာ မဟုတ်ဘဲ သူတို့စိတ်ကြိုက် ရွေးချယ်ထားတာဖြစ် တာကြောင့် အစိုးရက ပွင့်လင်းမြင်သာမှု မရှိဘူးလို့ပဲ ပြောချင်တယ်ဟု ဗဟန်း မြို့နယ် မဲဆန္ဒနယ် အမှတ် (၂) မှ လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ ညိုညိုသင်း က ပြောသည်။

ထိုကဲ့သို့ အများပြည်သူကို အသိမပေးဘဲ ဆောင်ရွက်ခြင်းသည် အစိုးရ အဖွဲ့ ကသာ ယင်းမြေနေရာများကို ၀ယ်ယူပြီး စီးပွားဖြစ် လုပ်ဆောင်ခဲ့ သည့် အင်ဒိုနီရှား၊ ကမ္ဘောဒီယား နိုင်ငံများ သကဲ့သို့ ဖြစ်ပေါ် နေကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။ ထို့ အပြင်ကျယ်ဝန်းလှသည့် မြေဧကပေါင်း သုံးသောင်းကျော်တွင် မိသားစု နှစ်သောင်း အတွက်သာ တည်ဆောက်ပေးမည့် အစီစဉ်မှာလည်းများစွာ နည်းပါးနေသေးကြောင်း ၎င်းက ပြောသည်။

ယင်းစီးမံကိန်းကို တည်ဆောက်ခွင့်ရသည့် ကုမ္ပဏီသည် ဆောက်လုပ်ခွင့် ရရှိသည့် အတွက် နိုင်ငံတော် အကျိုးပြု လုပ်ငန်းများ ဖြစ်သော မိဘမဲ့ကလေး နှစ်ထောင်ခန့် သင်ကြားနိုင်မည့် စာသင်ကျောင်း တစ်ကျောင်း၊ အဘိုးအဘွား နှစ်ထောင်ခန့် ခိုးနားနိုင်မည့် ခေတ်မီ ရိပ်သာတစ်လုံး၊ ခြောက်လမ်းသွား မြစ်ကူး တံတားငါးစင်းကို တံတားကြေး ကောက်ခံခြင်း မပြုဘဲ ဆောက်လုပ်ပေး သွားမည် ဖြစ်ကြောင်း မြို့တော်ဝန် ဦးလှမြင့် က ပြော သည်။ လက်ရှိတွင် ရန်ကုန်တိုင်းဒေသကြီး အတွင်း၌ တစ်နှစ်လျင် မိသားစု နှစ်သောင်းခန့် နှစ်စဉ် တိုးပွားနေပြီး ၎င်းတို့မှာ အိမ်ရာမဲ့ ပြဿနာများနှင့် ရင်ဆိုင်နေရကြောင်း ရန်ကုန်မြို့ တော် စည်ပင်သာယာရေး ကော်မတီ၏ စာရင်းများအရ သိရသည်။

ယခု ဆောက်လုပ်မည့် မြို့ သစ်ကို မည်သည့် နှုန်းထားဖြင့် မည်သည့်အချိန်တွင် စတင် ဆောက်လုပ်မည်ဟု တရားဝင်ထုတ်ဖော် ပြောကြား ခြင်းမရှိသေး သော်လည်း စတင်ဆောက်လုပ်ပြီး သုံးနှစ် အတွင်း (၇၀) ရာခိုင်နှုန်းခန့် ပြီးစီးအောင် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း မြို့ တော်ဝန်က ပြောသည်။

Credit : The Messenger

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး

Upcoming Property Events

From 02 Aug To 03 Aug

Inno City Special Sales Event

From 02 Aug To 03 Aug

Emerald Bay Luxury Condo

From 08 Jul To 08 Aug

Central Shophouse

YADANAR BON

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service