ကွန်ဒိုဥပဒေတွင် ပါရှိမည့်အချက်များဖြင့် ကွန်ဒိုအများစု ရောင်းချလာဟုဆို - Property News in Myanmar from iMyanmarHouse.com
1193 Views

ကွန်ဒိုဥပဒေတွင် ပါရှိမည့်အချက်များဖြင့် ကွန်ဒိုအများစု ရောင်းချလာဟုဆို

ရန်ကုန်မြို့မှ ကွန်ဒို တိုက်ခန်းအများစုကို မကြာမီပြ ဋ္ဌာန်းမည့် ကွန်ဒိုဥပဒေပါအချက် များ ထည့်သွင်းပြီး ဈေးကွက်တွင် ရောင်းချနေကြောင်း သတင်းရရှိသည်။

ကွန်ဒိုအများစုကို ကြိုပွိင့် စနစ်ဖြင့် ရောင်းချရာတွင် စုပေါင်းပိုင်အဆောက်အအုံအဖြစ် မှတ်ပုံ တင်မည့် ကွန်ဒို၊ နိုင်ငံခြားသားများကိုလွှဲပြောင်းရောင်းချနိုင်မည့် ကွန်ဒိုဟုဆိုကာပြည်တွင်းထုတ် အစိုးရပိုင်သတင်းစာများ၊ သတင်းစာ၊ ဂျာနယ်များတွင် ထည့်သွင်း ကြေ ညာလာကြသည်။

‘‘ဥပဒေက မထွက်သေးပေ မယ့် အဲဒီဥပဒေမှာပါတဲ့အတိုင်း လိုက်နာဆောင်ရွက်မယ့် သဘောပေါ့။ ပုံစံတစ်မျိုးနဲ့ ဈေးကွက်စီး ပွားရေးလုပ်တာဖြစ်မှာပါ။ ဥပ ဒေမထွက်သေးတဲ့အတွက် သူတို့ လုပ်တာ လတ်တလောမှာ အကျုံးမ၀င်သေးဘူး’’ဟု မြို့ရွာနှင့် အိုး အိမ်ဖွံ့ဖြိုးမှုဦးစီးဌာန ညွှန်ကြား ရေးမှူး ဒေါ်အေးအေးမြင့်က သူ၏အမြင်ကိုပြောသည်။

လတ်တလောတွင် မြန်မာ့ အလင်းနှင့် ကြေးမုံသတင်းစာတို့ ၌ ၅၂၃ ဓမ္မသုခကွန်ဒိုကို ရောင်းချ ရာတွင် စုပေါင်းပိုင်အဆောက် အအုံအဖြစ် မှတ်ပုံတင်မည့် ကွန် ဒို၊ နိုင်ငံခြားသားများကို လွှဲပြောင်းရောင်းချနိုင်မည့် အခန်း ၁၀ ခန်း ပါဝင်သည့် ကွန်ဒိုကို စတင်ရောင်းချနေပြီဟု ကြေညာထားသည်။

နိုင်ငံခြားသားများ အပါအ ၀င် ပြည်တွင်းမှ ဆောက်လုပ်ရေး လုပ်ငန်းရှင်များ ကွန်ဒိုတိုက်ခန်း ၀ယ်ယူနေထိုင်လိုသူ အများစု စိတ်ဝင်စားနေသည့် ကွန်ဒိုဥပဒေ မှာ လာမည့် အမျိုးသားလွှတ် တော်တွင် အတည်ပြုပြဋ္ဌာန်းနိုင် ရန် ရည်ရွယ်ထားကြောင်း ဆောက်လုပ်ရေးလုပ်ငန်းရှင်များ အသင်းဒုဥက္ကဋ္ဌက ပြောသည်။

‘‘ဒါကဈေးကွက်ကို ဆွဲ ဆောင်တာပါ။ နောက်ပိုင်း ကွန် ဒိုတွေ ရောင်းရင် အဲဒီလိုလုပ်ဖို့ ပြင်ဆင်နေကြတယ်’’ဟု ဆောက် လုပ်ရေး လုပ်ငန်းရှင် တစ်ဦးက ပြောသည်။

ရန်ကုန်မြို့၌ အစိုးရသစ် လက်ထက် ကွန်ဒိုတိုက်ခန်းတည် ဆောက်မှုသည် မြန်မာနိုင်ငံ၏ သက်တမ်းတစ်လျှောက် အမြင့် မားဆုံးဖြစ်ပြီး ဈေးကွက် သဘော သဘာဝအရ နိုင်ငံခြားသားလုပ် ငန်းရှင်များက ကွန်ဒိုတိုက်ခန်း များ ၀ယ်ယူရန် စောင့်ဆိုင်းနေကြ သည်ဟု အထက်ပါလုပ်ငန်းရှင် ကပြောသည်။

ပြီးခဲ့သည့် ဇူလိုင်က ရန်ကုန် မြို့ရှိ ကွန်ဒိုတိုက်ခန်းများကိုနိုင်ငံခြားသားများဝယ်ယူနေထိုင် ခွင့်ရှိသည်ဟုဆိုကာ မပြဋ္ဌာန်းရ သေးသည့် ဥပဒေတွင် ပါဝင် ကြောင်း သတင်းများထွက်ပေါ် လာသဖြင့် အမည်ခံဝယ်ယူသူ၊ ဈေးကစားလိုသူများ၏ လက်ထဲ တွင် ကွန်ဒိုတိုက်ခန်းအများစုဝယ် ယူစုဆောင်းထားပြီဟု ကွန်ဒို တိုက်ခန်းဈေးကွက်မှ စုံစမ်းသိရှိရ သည်။

ရန်ကုန်တွင် ဆောက်လုပ် ရန် စီစဉ်နေသည့် ကွန်ဒိုတိုက် ခန်းများအပေါ် နိုင်ငံခြားသားများ က ကြိုတင်ဝယ်ယူထားချင်သော် လည်း လတ်တလောအခြေအနေ အရ ၀ယ်ယူခွင့်မရှိသဖြင့် စီမံ ကိန်းပြီးစီးချိန်နှင့် ဥပဒေအတည် ပြုပြဋ္ဌာန်းပြီးချိန်တွင် ချက်ချင်း ၀ယ်ယူနိုင်ရန် ဆောက်လုပ်ရေး ကုမ္ပဏီများထံ ကြိုတင်စာရင်းပေး မှာယူမှုများ ရှိနေသည်ဟု သိရသည်။

Credit : 7day daily

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ

Upcoming Property Events

From 08 Jul To 08 Aug

Central Shophouse

From 09 Aug To 10 Aug

THADAR CONDOMINIUM

From 09 Aug To 10 Aug

Mingalar Market

Myanmar's No. 1 Car Portal
Myanmar's No. 1 C2C E-commerce Portal

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service