ရပ်ဆိုင်းထားသော ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်းလုပ်ငန်းများ အောက်တိုဘာလတွင် ပြန်လည်စတင်မည် - Property News in Myanmar from iMyanmarHouse.com
850 Views

ရပ်ဆိုင်းထားသော ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်းလုပ်ငန်းများ အောက်တိုဘာလတွင် ပြန်လည်စတင်မည်

ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်းအတွက် လမ်းဖောက်လုပ်နေသည်ကို တွေ့ရစဉ်။ ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်းတွင် ပါဝင်သည့် စီမံကိန်းခုနစ်ခုအတွက် ကန်ဒေါ်လာ ရှစ်ဘီလျံကုန်ကျမည်ဖြစ်သည်။ ဓာတ်ပုံ – မဇ္ဈိမ

ရပ်ဆိုင်းထားသော ထားဝယ်အထူးစီးပွားရေးဇုန် လုပ်ငန်းစီမံကိန်းများကို အောက်တိုဘာလတွင် ပြန်လည် စတင်နိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်သည်ဟု ထားဝယ်အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ရထားပို့ဆောင်ရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးဟန်စိန်က သြဂုတ် ၁၈ ရက်တွင် မီဒီယာအချို့ကို ထုတ်ဖော်ပြောကြားလိုက်သည်။

ထိုသို့ဆောင်ရွက်နိုင်ရေးအတွက် လက်ရှိလုပ်ကိုင်နေသည့် ထိုင်းနိုင်ငံမှ အီတာလျံထိုင်း အများပိုင်ကုမ္ပဏီလီမိတက် ITD နှင့် ဂျပန်နိုင်ငံမှ ကုမ္ပဏီ တစ်ခုတို့ကို ရွေးချယ်ကာ တင်ဒါခေါ်ယူထားပြီး (Selective Tender) လုပ်ကိုင်ခွင့်ရွေးချယ်မှုအဆင့် ပြီးဆုံးသွားပါက လုပ်ငန်းများကို ပြန်လည်စတင်မည်ဟု ပြောသည်။

ဒုတိယ၀န်ကြီး ဦးဟန်စိန်က “ထားဝယ်အထူးစီးပွားရေးဇုန်ရဲ့ ရပ်ထားတဲ့ စီမံကိန်းတွေကို ပြန်စဖို့အတွက် ကုမ္ပဏီတွေကို တင်ဒါခေါ်ထားတယ်။ ကုမ္ပဏီ နှစ်ခုကိုပဲ ရွေးချယ်ပြီး တင်ဒါခေါ်ထားတယ်။ အဲဒါတွေကိုလည်း ပွင့်လင်းရာသီဖြစ်တဲ့ အောက်တိုဘာ၊ နိုဝင်ဘာထဲမှာ ပြန်စနိုင်အောင် လုပ်သွားမှာပါ။ အမြန်ဆုံး ပြန်စနိုင်တာကတော့ အကောင်းဆုံးပေါ့။ အဲဒါမှ ၀င်လုပ်တဲ့သူတွေအတွက် အချိန်များများရမှာ” ဟု ပြောသည်။

အဆိုပါ တင်ဒါမှာမူ ခေါ်ယူထားသည့် တင်ဒါပြိုင်ကုမ္ပဏီနှစ်ခု၏ ဆုံးဖြတ်ချက်ပေါ်မူတည်ကာ လုပ်ကိုင်ခွင့်ပေးသွားမည်ဖြစ်ပြီး ကုမ္ပဏီတစ်ခုတည်းဖြင့် လုပ်ကိုင်ခြင်း သို့မဟုတ် ကုမ္ပဏီ နှစ်ခုပူးပေါင်း လုပ်ကိုင်ခြင်း နှစ်မျိုးစလုံး ဖြစ်နိုင်ဖွယ်ရှိသည်ဟု ၎င်းက ဆက်လက်ပြောသည်။

ဒုတိယ၀န်ကြီး ဦးဟန်စိန်က “ထားဝယ်အထူးစီးပွားရေးဇုန်ထဲမှာပဲ လုပ်ရမယ့် စီမံကိန်းက ခုနစ်မျိုးတောင် ရှိတယ်”ဟု ပြောသည်။

လက်ရှိတွင် ထားဝယ်အထူးစီးပွားရေးဇုန်စီမံကိန်းသည် အီတာလျံထိုင်းကုမ္ပဏီက ခွဲခြမ်းလေ့လာသုံးသပ်မှုလုပ်ငန်းစဉ် Due Diligence Assessment လုပ်ဆောင်နိုင်ရန် လုပ်ငန်းများကို ရပ်နားထားခြင်းဖြစ်သည်ဟု ဆိုသည်။ ထို့အတူ အီတာလျံထိုင်းကုမ္ပဏီကမူ ကနဦး ရင်းနှီးမြှုပ်နှံထားသော ငွေကြေးများကို ပြန်လည်ပေးလျော်သွားရန် တွက်ချက်မှုဆိုင်ရာများကို လုပ်ဆောင်နိုင်ရန်လည်း ပါဝင်သည်ဟု ဆက်လက်ပြောသည်။

ထားဝယ်အထူးစီးပွားရေးဇုန်စီမံကိန်းတွင် ကနဦး အခြေခံအဆောက်အအုံဆောက်လုပ်ခြင်း စီမံကိန်းနှင့် ဆက်လက်အကောင်အထည်ဖော်မည့် စီမံကိန်းဟူ၍ နှစ်ပိုင်းခွဲခြားထားခြင်းဖြစ်ကာ ကနဦးစီမံကိန်းကိုမူ လုပ်ငန်းစီမံကိန်း ခုနစ်ခုဖြင့် ၂၀၁၅ ခုနှစ် နှစ်ကုန်ပိုင်းပြီးစီးရန် လျာထားခြင်းဖြစ်သည်ဟု ဇုန်တည်ဆောက်ရေး အထူးလုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌဖြစ်သူ အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအေးမြင့်က မီဒီယာများကို ပြောထားသည်။

ကနဦး အကောင်အထည်ဖော် စီမံကိန်းတွင် နှစ်လမ်းသွား ကားလမ်း၊ ဆိပ်ကမ်းငယ်၊ ကနဦး စက်မှုဇုန်၊ လျှပ်စစ်ဓာတ်အားပေး စက်ရုံ၊ လူနေအဆောက်အအုံနှင့် မြို့ပြစီမံကိန်း၊ ရေပေးဝေရေးနှင့် ဆက်သွယ်ရေးလိုင်းစသဖြင့် စီမံကိန်း ခုနစ်ခု ပါဝင်ကာ ကုန်ကျစရိတ် အကြမ်းဖျင်းတန်ဖိုးမှာ ကန်ဒေါ်လာ ၈ ဘီလံယံကုန်ကျမည်ဟု ၎င်းက ပြောထားသည်။

Credit: Mizzima

ငှါးရန်ရှိသော အိမ်ခြံမြေများ

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမ
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမ
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
ကြက်ဥအခွံတွေကို အကျိုးရှိရှိ ပြန်လည်အသုံးချနိုင်မည့် နည်းလမ်းများ
ကြက်ဥအခွံတွေကို အကျိုးရှိရှိ ပြန်လည်အသုံးချနိုင်မည့် နည်းလမ်းများ
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး

Upcoming Property Events

From 08 Jul To 08 Aug

Central Shophouse

From 09 Aug To 10 Aug

THADAR CONDOMINIUM

From 09 Aug To 10 Aug

Mingalar Market

Myanmar's No. 1 Car Portal
Myanmar's No. 1 C2C E-commerce Portal

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service