အမှန်တကယ်မြေမဲ့ယာမဲ့ပြည်သူများအား မြေယာချထားပေးခြင်းကို အစိုးရအနေဖြင့် အလေးထားဆောင်ရွက် သွားမည်ဟု နိုင် - Property News in Myanmar from iMyanmarHouse.com
1142 Views

အမှန်တကယ်မြေမဲ့ယာမဲ့ပြည်သူများအား မြေယာချထားပေးခြင်းကို အစိုးရအနေဖြင့် အလေးထားဆောင်ရွက် သွားမည်ဟု နိုင်

အစိုးရ အနေဖြင့် အမှန်တကယ်မြေယာမဲ့ နေ သည့် ပြည်သူများအား မြေယာ များချထားပေးကာ ဆင်းရဲ မှုလျှော့ ချရေးကို အစိုးရအနေဖြင့် အလေး ထားဆောင်ရွက်သွားမည်ဖြစ်ကြောင်း နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က ပြော ကြားခဲ့သည်။

ဩဂုတ် ၁၅ရက် နံနက်ပိုင်း တွင် နေပြည်တော် (MICC-2) ၌ ကျင်းပသည့် မြို့ပြကျေးရွာဖွံ့ဖြိုးတိုး တက်ရေးစီမံကိန်းများ အား မြေအ သုံးချမှုမူဝါဒနှင့်အညီ စီမံခန့်ခွဲရေး ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲတွင် အ ဖွင့်မိန့်ခွန်းပြောကြားရာ၌ ထည့် သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

''အမှန်တကယ်မြေမဲ့ယာမဲ့ဖြစ် နေသည့်ပြည်သူများအား မြေယာ ချထားပေးခြင်း သည် ပြည်သူတို့၏ လူမှုစီးပွားတိုးတက်ရေးနှင့် ဆင်းရဲမှု လျှော့ချရေး လုပ်ငန်းစဉ်တွင်အရေး ပါသည့်လုပ် ငန်းဖြစ်ပြီး ပြည် သူဗဟို ပြုဖွံ့ဖြိုးတိုး တက်ရေး၊ ပြည်သူတို့၏ လူမှုစီးပွား တိုးတက်ရေးဦး စားပေး ဆောင်ရွက်နေသည့် မိမိတို့အစိုးရ အနေဖြင့် ယင်းလုပ်ငန်းကို အလေး ထားဆောင် ရွက်သွား မည်ဖြစ်ပါတယ်'' ဟု နိုင်ငံတော်သမ္မတဦးသိန်းစိန်က ပြောကြားခဲ့သည်။

၎င်းအပြင် နိုင်ငံတော်သမ္မတ က အိုးပိုင်အိမ်ပိုင်မရှိသေးသည့် ဝင်ငွေနည်းပြည်သူများအတွက် တန် ဖိုးနည်းအိမ်ရာစီမံကိန်းများ ထည့်သွင်းစီမံသွားရမည်ဖြစ်ကြောင်း၊ အစိုးရ ပိုင်မြေများ အသုံးပြုရာမှာ စုပေါင်း ရုံးများအဖြစ် ဖွဲ့စည်းတည်ဆောက် ပြောင်း လဲခြင်း၊ စာသင်ကျောင်း၊ ဆေးရုံ၊ ရဲစခန်း၊ မီးသတ်၊ ဈေးနေရာ များတိုးချဲ့ရန်လိုအပ်လာခြင်းကြောင့် အထပ်မြင့်စဉ်းစား ရတော့မည်ဖြစ် ကြောင်း၊ သို့မဟုတ်ပါက မြေနေရာ ခက်ခဲမှုကြောင့် မြို့ပြင်ပသို့ ပြောင်း ရွှေ့ဆောက်လုပ်ပါက ပြည်သူများ အတွက် သွားလာရေးခက်ခဲမှုပေါ် ပေါက်လာမည်ဖြစ်ကြောင်း၊ မြို့ပြတွင် ဖြစ်စေ ၊ ကျေးလက်တွင်ဖြစ်စေ မြို့ပြ ကျေးရွာဖွံ့ဖြိုး တိုးတက်ရေးစီမံကိန်း များရေးဆွဲပါက ယာယီတာဝန်ကျ သောဌာနဆိုင်ရာ များကသာ ရေး ဆွဲခြင်းမျိုးမဖြစ်စေဘဲ မြို့မိမြို့ဖ၊ မြို့လူထုနဲ့ လွှတ်တော်ကိုယ်စား လှယ်များအပါအဝင် ပူးပေါင်း ညှိနှိုင်း ရေးဆွဲ မှုမျိုးဖြစ်စေရန်လိုအပ်ပါ ကြောင်း၊ ကျေးရွာတွင်လည်း အလား တူပြည်သူလူထုပူးပေါင်းပါဝင်မှုနှင့် ညှိနှိုင်းရေးဆွဲရမှာဖြစ်ပါကြောင်း၊ မြို့ပြကျေးရွာစီမံကိန်းများကို ပွင့် လင်းမြင်သာမှု ရှိအောင် မြို့လူထု အား ချပြအသိပေးခြင်း၊ ဆိုင်းဘုတ် ကြီးများ စိုက်ထူကြေညာထားခြင်း တို့ကို ပြုလုပ်ရမည့်အပြင် လက်တွေ့ မြို့ကွက်ရွာကွက်ချဲ့ထွင်ပါက လည်း ပြည်သူလူထုနဲ့ပူးပေါင်းညှိနှိုင်းပြီး အ များဆန္ဒဖြင့် မြေယာပြဿ နာများ မရှိအောင် ဆောင်ရွက်ကြရမည်ဖြစ် ကြောင်း ပြောကြားခဲ့သည်။

''မြို့ပြကျေးရွာဖွံ့ဖြိုးတိုးတက် ရေးစီမံကိန်းများအား မြေအသုံးချမှု မူဝါဒနှင့်အညီ စီမံခန့်ခွဲရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ဟာ ပြည်သူတို့ ရဲ့လူမှုစီးပွားရေး ရေ ရှည်ဖွံ့ဖြိုးတိုး တက်မှုအတွက် မြေသယံဇာတအ ရင်းအမြစ်အသုံးချရာမှာ မူဝါဒ၊ ဥ ပဒေ၊ လုပ်ထုံးလုပ်နည်းများကိုအခြေ ခံအုတ်မြစ်အဖြစ် ချမှတ်နိုင်စေရန်နှင့် ပြည် သူတို့၏နေ ထိုင်မှုလိုအပ်ချက်၊ သောက်သုံးရေလို အပ်ချက်နှင့် အ လုပ်အကိုင် အခွင့်အလမ်းလိုအပ်ချက်၊ သွားလာရေးလိုအပ်ချက်၊ လျှပ်စစ်၊ ဆက်သွယ်ရေး၊ ပညာရေး၊ ကျန်းမာ ရေး၊ ကူးသန်းရောင်းဝယ်ရေး စတဲ့ လူမှုစီးပွားလိုအပ် ချက်ကိစ္စအဝဝတို့ ကို မြို့ပြကျေးရွာဖွံ့ဖြိုးတိုးတက်မှုစီ မံကိန်းများရေးဆွဲပြီး အကောင်အ ထည်ဖော်ဖြည့်ဆည်းရန် ရည်ရွယ် ကျင်းပခြင်းဖြစ်ပါတယ်''ဟုနိုင် ငံတော် သမ္မတက ပြောကြားခဲ့သည်။

ထို့အပြင် သစ်တောမြေ၊ မြေ လွတ်မြေရိုင်း၊ လယ်ယာမြေ၊ အစိုးရ စီမံခန့်ခွဲပိုင်ခွင့် ရှိသောမြေ၊ မြို့ပြ ကျေးရွာမြေများနဲ့စပ် လျဉ်းပြီး မြေ အ သုံးချရေးစီမံခန့်ခွဲမယ် ဆိုရင် ဌာန ဆိုင်ရာအသီးသီးက သူ့ကဏ္ဍနှင့်သူ ရှိပြီးဖြစ်တဲ့ဥပဒေ၊ လုပ်ထုံးလုပ်နည်း များနဲ့ လုပ်ငန်းအဆင့်ဆင့်ဖြေရှင်း ဆောင် ရွက်ရာမှာ နှောင့်နှေးကြန့်ကြာ နေကြောင်းတွေ့ရှိရကြောင်း၊ ဥပဒေ လုပ်ထုံးလုပ် နည်းတွေ လွယ်ကူရှင်း လင်းအောင်နဲ့ လုပ်ငန်းအဆင့် ဆင့် တွေလျှော့ ချနိုင်မယ့်နည်းလမ်းနဲ့ အ ကြံပြုချက်များကိုလည်း ဆွေးနွေး ညှိ နှိုင်းဖော် ထုတ်ပေးကြစေလိုပါကြောင်း၊ သို့မှသာ လက်ရှိမြေယာပြဿ နာ များ ဖြေရှင်းဆောင် ရွက် ရာမှာ လည်း ကောင်း ၊ မြေမဲ့ ယာမဲ့များအတွက် မြို့ကွက်ရွာကွက် ချဲ့ထွင်ခြင်းနှင့် မြေ ယာအခင်းအကျင်းများ ပြင်ဆင်စီမံ ချထားရာ မှာလည်းကောင်း လွယ် ကူလျင်မြန်ချောမွေ့မှာဖြစ်ပါကြောင်း ကိုလည်း ထည့်သွင်းပြောကြားခဲ့ သည်။

ယင်းအပြင် ''မိမိတို့နိုင်ငံ စီးပွား ရေးတံခါးဖွင့်ပြီးတဲ့အချိန်ကစပြီး ကုန် သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေ တိုးတက်လာသ လို မြေကစားမှု (Land Speculation) နဲ့အတူ မြေဈေးနှုန်း များ အဆမတန်တက်လာတာကိုတွေ့ ရမှာဖြစ်ပါ တယ်။ ငွေကြေြး ကွယ် ဝ သူများအနေနဲ့ နိုင်ငံရဲ့ကုန်ထုတ်လုပ် မှုတိုးတက်အောင် ကုန်ထုတ်လုပ်မှု လုပ်ငန်းတွေမှာ ရင်းနှီးမြှုပ်နှံကြရမယ့် အစား ကားအရောင်းအဝယ်၊ မြေ အရောင်းအဝယ်၊ ဘဏ်လုပ်ငန်း၊ အ ဆောက်အအုံ ဆောက်လုပ်ရောင်း ချတဲ့လုပ်ငန်းတွေမှာ ပိုမိုရင်းနှီးမြှုပ် နှံလာကြတဲ့ အတွက် မြေဈေးနှုန်းများ ကြီးမြင့်လာခြင်း၊ ရင်းနှီးမြှုပ်နှံမှုလုပ် ငန်းများခက်ခဲတုံ့ဆိုင်း လာခြင်း ၊ ငွေ ကြေးဖောင်း ပွမှုအန္တရာယ်ရှိလာခြင်း တို့နဲ့ကြုံတွေ့လာနိုင်တဲ့အတွက် ကိုယ် ကျိုးနဲ့ အမျိုးသားအကျိုးစီးပွားကို ချိန်ဆလုပ်ကိုင် ကြဖို့ ပြောကြားလို ကြောင်း၊ တချို့ကလည်း မြို့စွန်၊ မြို့ ပြင်တွေမှာ လယ်ယာမြေတွေဝယ်ပြီး ကိုယ်တိုင်စက်ရုံအလုပ်ရုံထူထောင် ဖို့၊ စိုက်ခင်းထူထောင်ဖို့၊ ဟိုတယ်နဲ့ စားသောက်ဆိုင်၊ စက်သုံးဆီဆိုင်ထူ ထောင်ဖို့ ရည်ရွယ်ချက်အမျိုးမျိုးနဲ့၊ ကြိုတင်ရင်းနှီးမြှုပ်နှံကြ ပြီး လယ်ယာ မြေကို တခြားနည်းနဲ့ ပြောင်းလဲသုံး စွဲခွင့်ရအောင် နည်းမျိုးစုံနဲ့ ကြိုးပမ်း ဆောင်ရွက်ကြလို့ လာဘ်ပေးလာဘ် ယူနဲ့ ဥပဒေနဲ့မညီသောလုပ်ရပ်များ ပါဝင်လာတာကိုတွေ့ရှိရပါတယ်။ အရေးကြီးဆုံးကတော့ မြို့ပြစီမံကိန်း နဲ့မညီညွတ်ခြင်းဖြစ်ပါ တယ်။ ဒါ ကြောင့် သက်ဆိုင်ရာ ပြည်ထောင်စု ဝန်ကြီးဌာနများနှင့် တိုင်းဒေသကြီး ပြည်နယ် အစိုးရများက ဥပဒေနှင့် အညီ ကြပ်ကြပ်မတ်မတ်စိစစ်ပြီး မြို့ပြစီမံကိန်းနှင့် အညီဖြစ်စေရန် တည့်မတ်သွားရန် မှာကြားလိုပါ ကြောင်း တစ်ယောက် တစ်မျိုးဆောက် ချင်တဲ့နေရာမှာ ဆောက်နေကြ လျှင် နောင်တစ်ချိန် မှာ ပြန်ဖျက်၊ ပြန်ပြင် ရ သည့်အခြေအနေမျိုးဆိုက်ရောက် နိုင်တာကို ကရုပြုကြရမှာဖြစ်ပါတယ်'' ဟု ထပ်လောင်းပြောကြားခဲ့သည်။

အလုပ်ရုံဆွေးနွေးပွဲဒုတိယပိုင်း တွင် ဒုတိယသမ္မတဦးဉာဏ်ထွန်း လည်း တက်ရောက်ဆွေးနွေးခဲ့ပြီး အလုပ်ရုံဆွေးနွေး ပွဲ ပြည်ထောင် စု ဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ သက် ဆိုင်ရာကဏ္ဍအလိုက် ပညာရှင်များ နှင့် တာဝန်ရှိသူများတက်ရောက်ကြ ကာ အလုပ်ရုံဆွေးနွေးပွဲကို အပိုင်း ခုနစ်ပိုင်းခွဲ၍ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

Credit: YMG

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
ပိုင်ဆိုင်မှုအထောက်အထား စာရွက်စာတမ်းများ ပျောက်ဆုံးနေသော ပါမစ်မြေအား ဂရန်(မြေငှားစာချုပ်) လျှောက်ထားလိုလျှင် သိရှိရမည့်အ
ပိုင်ဆိုင်မှုအထောက်အထား စာရွက်စာတမ်းများ ပျောက်ဆုံးနေသော ပါမစ်မြေအား ဂရန်(မြေငှားစာချုပ်) လျှောက်ထားလိုလျှင် သိရှိရမည့်အ

Upcoming Property Events

From 08 Jul To 08 Aug

Central Shophouse

From 09 Aug To 10 Aug

THADAR CONDOMINIUM

From 09 Aug To 10 Aug

Mingalar Market

Myanmar's No. 1 Car Portal
Myanmar's No. 1 C2C E-commerce Portal

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service