လေလံအောင် စက်မှုဇုန်မြေကွက်များအား ငါးနှစ်အတွင်း ရောင်းချ အမည်ပြောင်းခြင်း ခွင့်မပြု - Property News in Myanmar from iMyanmarHouse.com
749 Views

လေလံအောင် စက်မှုဇုန်မြေကွက်များအား ငါးနှစ်အတွင်း ရောင်းချ အမည်ပြောင်းခြင်း ခွင့်မပြု

စက်မှုဇုန်မြေကွက်များ ကို အဆင့်ဆင့်ရောင်းချသဖြင့် မြေဈေးမြင့်တက်မှုကို ထိန်းချုပ်ရန် မြေကွက်လေလံအောင်မြင်သူ သည် ငါးနှစ်အတွင်း ရောင်းချ၊အ မည်ပြောင်းလဲခြင်းများ ခွင့်မပြု ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ သတင်းရရှိသည်။

‘‘လေလံတွေမှာ ၀င်ပြိုင်မယ်၊ မြေ၀ယ်ပြီး ကစားမှာစိုးလို့ပါ။ အ မှန်တကယ် လုပ်ငန်းလုပ်လိုပြီး မြေမရှိသူတွေအတွက်အဆင်ပြေ အောင်လုပ်ပေးတာပါ’’ဟု ရန် ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ သစ်တောနှင့်စွမ်းအင်ဝန်ကြီးဦး ကျော်စိုးကပြောသည်။

စက်မှုဇုန်များတွင်မြေကစား မှုကြောင့် ဈေးမြင့်တက်နေမှုကို ထိန်းချုပ်ရန် ရန်ကုန်တိုင်းဒေသကြီးအစိုးရ လေလံများတွင်မြေ ကွက်လွှဲပြောင်းရောင်းချမှုကိုကန့် သတ်ချက်များထားရှိလာသည့်အ ပြင် ပြည်ထောင်စုအစိုးရကလည်း ဒုသမ္မတဦးဆောင်သောကော်မ တီက စက်မှုဇုန်များမှလုပ်ငန်းမ လုပ်သောမြေများကို မူလအစိုးရ ရောင်းဈေးအတိုင်း လျော်ကြေး ပေး၍ ပြန်လည်သိမ်းယူရန်စီစဉ် နေသည်။

‘‘မြေကွက်တွေအရောင်းအ ၀ယ်ဖြစ်နေတာက ငွေကြေး ဖောင်းပွမှုက လုပ်ငန်းရှင်တွေက ကာဗာလုပ်ချင်လို့ပါ။ ငွေကဒီအ တိုင်းထားရင် နှစ်စဉ်ဖောင်းပွဲမှု ကြောင့် ငွေကတန်ဖိုးကျုံ့သွားမှာ စိုးလို့ပါ’’ဟု လှိုင်သာယာစက်မှု ဇုန်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦး မြတ်သင်းအောင်ကပြောသည်။

စက်မှုဇုန်မြေကွက်များကို ပုဂ္ဂလိက လုပ်ငန်းရှင်များအားရောင်းချရာတွင် ငွေကိုအရစ်ကျ ယူ၍ မြေပိုင်ဆိုင်မှုဂရမ် ထုတ် မပေးဘဲ စက်ရုံတည်ဆောက်၍အ မှန်တကယ်လုပ်ငန်းလုပ်ကိုင်ခြင်း ရှိ၊ မရှိကို သက်ဆိုင်ရာအစိုးရ အဖွဲ့အစည်းများ အနေဖြင့် စောင့်ကြည့်လေ့လာပေးရန် လိုကြောင်း ဦးမြတ်သင်းအောင်က အကြံပြုသည်။ စက်မှုဇုန်မြေကွက်များနှင့် ပတ်သက်၍ ပြန်သိမ်းတော့မည်ဟု သတင်းများထွက်လာပြီးနောက် စက်မှုဇုန်မြေရောင်းဝယ်မှုမှာ ပိုမိုအေးလာကြောင်းမဏ္ဍိုင် အိမ်ခြံမြေအကျိုးဆောင်ကုမ္ပဏီ မန်နေဂျင်းဒါရိုက်တာ ဦးသန်းဦးက ပြောသည်။ မြန်မာနိုင်ငံတွင် မြေဈေးမြင့် တက်နေမှုကြောင့် နိုင်ငံခြားရင်း နှီးမြှုပ်နှံမှုများဝင်ရောက်ရန်နှေး ကွေးနေခြင်း၊ ပြည်တွင်းလုပ်ငန်း ရှင်များလုပ်ငန်းတိုးချဲ့ရန်အခက် တွေ့နေခြင်းတို့ကြောင့်အခက်အ ခဲများစွာတွေ့နေသည်။

တစ်နိုင်ငံလုံးတွင် မြေယာ ဈေးနှုန်းကြီးမြင့်နေခြင်းကိုလျှော့ ချထိန်းသိမ်းနိုင်ရန် ပြည်ထောင်စု အစိုးရအနေဖြင့် ၀န်ကြီးဌာနများ၊ အရပ်ဘက်လူ့အဖွဲ့အစည်းများ၊ ပညာရှင်များပါဝင်သောဆွေးနွေးပွဲတစ်ရပ် ကျင်းပရန် စီစဉ်နေ ကြောင်းမြို့ရွာနှင့်အိုးအိမ်ဖွံ့ဖြိုးမှုဦးစီးဌာနမှ သတင်းရရှိသည်။

Credit: 7 Day Daily

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ
ကြေးနီနဲ့ ပြုလုပ်ထားတဲ့ ရေဘူးကို သုံးခြင်းရဲ့ ကောင်းကျိုးများ
ကြေးနီနဲ့ ပြုလုပ်ထားတဲ့ ရေဘူးကို သုံးခြင်းရဲ့ ကောင်းကျိုးများ
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ

Upcoming Property Events

From 02 Aug To 03 Aug

Inno City Special Sales Event

From 02 Aug To 03 Aug

Emerald Bay Luxury Condo

From 08 Jul To 08 Aug

Central Shophouse

From 09 Aug To 10 Aug

THADAR CONDOMINIUM

YADANAR BON

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service