မြေပိုင်ဆိုင်မှု အငြင်းပွားနေသော မင်္ဂလာဒုံမြို့နယ် မြသဇင်ခြံအတွင်းရှိ နေအိမ်များကို သက်ဆိုင်ရာက အင်အားသုံး - Property News in Myanmar from iMyanmarHouse.com
1114 Views

မြေပိုင်ဆိုင်မှု အငြင်းပွားနေသော မင်္ဂလာဒုံမြို့နယ် မြသဇင်ခြံအတွင်းရှိ နေအိမ်များကို သက်ဆိုင်ရာက အင်အားသုံး

မြေပိုင်ရှင်ဆိုသူနှင့် လက်ရှိနေထိုင်သူတို့ မြေပိုင်ဆိုင်မှု အငြင်းပွားမှုဖြစ်နေသော မင်္ဂလာဒုံမြို့နယ် နွယ်ခွေကျေးရွာ န၀ဒေးလမ်းရှိ မြသဇင်ခြံအတွင်း နေအိမ်များကို သက်ဆိုင်ရာက ဇွန် ၂၅ ရက်တွင် အင်အားသုံးဖယ်ရှားရန် ရောက်ရှိလာမှုကြောင့် ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယင်းသို့ ရုန်းရင်းဆန်ခတ် ဖြစ်ပွားမှုများကြောင့် တာဝန်ရှိသူများက မြေအပ်ဝရမ်း ဆောင်ရွက်မှုကို ကန့်ကွက်သူများအား လက်မှတ်ရေးထိုးခိုင်းခဲ့ကာ ပြန်လည်ထွက်ခွာသွားခဲ့ကြသည်။

အဆိုပါ ၆ ဒသမ ၅၅ ဧက အကျယ်အ၀န်းရှိ မြသဇင်ခြံအတွင်း နေအိမ်များကို အင်အားသုံးဖယ်ရှားရန် ရောက်ရှိလာသူများမှာ မြို့နယ်တရားရုံး ဘီလစ်စာရေးနှင့် မြို့နယ်ရဲတပ်ဖွဲ့ဝင်များဖြစ်ပြီး မြို့နယ်တရားရုံးမှ ထုတ်ပြန်သော မြေပိုင်ရှင်အား ပြန်လည်အပ်နှံရမည့် မြေအပ်ဝရမ်းအရ လာရောက်ဆောင်ရွက်ရခြင်းဖြစ်ကြောင်းလည်း သိရသည်။

ယင်းကဲ့သို့ အင်အားသုံး လာရောက်ဖယ်ရှားရန် ရောက်ရှိလာမှုနှင့် ပတ်သက်၍ အဆိုပါခြံဝင်းအတွင်းနေ မရီရီချိုက “သူဌေးရဲ့ခြံစောင့်က သူ့ကို သူ့သူဌေးက ရောင်းချခိုင်းတဲ့ပုံစံနဲ့ ကျွန်မတို့ကို ရောင်းတယ်။ ပေ ၂၀ ပတ်လည်ကို နှစ်သိန်း၊ သုံးသိန်းဝန်းကျင်နဲ့ ရတယ်။ ပထမ ဒီခြံထဲမှာ ၀ယ်ပြီးနေတဲ့သူ ၂၃ ဦးဘဲရှိတယ်။ နောက်မှ တဖြည်းဖြည်း များလာတာ။ ကျွန်မ ဒီမှာနေလာတာ နာဂစ်မုန်တိုင်း တိုက်ပြီးကတည်းက နေလာတာ” ဟု ပြောပြခဲ့သည်။ ဆက်လက်၍ အဆိုပါခြံစောင့်ဖြစ်သည့် ဦးဝင်းသိန်းဆိုသူမှာ ယင်းသို့ နေအိမ်များ ရောင်းချနေမှုများအတွက် မြေပိုင်ရှင်ဆိုသူက တရားစွဲဆိုမှု ရင်ဆိုင်ခဲ့ရကာ စုစုပေါင်း ထောင်ဒဏ်တစ်နှစ်ကျော် ကျခံခဲ့ရပြီး နောက်တွင်လည်း ယင်းခြံအတွင်း၌ပင် လက်ရှိအချိန်အထိ နေထိုင်နေကြောင်းလည်း အဆိုပါခြံအတွင်း နေထိုင်သူများ၏ ပြောပြချက်အရ အသိရသည်။

ယင်းမြေပိုင်ဆိုင်မှုနှင့် ပတ်သက်၍ မြေပိုင်ရှင်ဟုဆိုသူ ဦးမောင်မောင်အုန်းက “ကျွန်တော်ဒီခြံကို လွန်ခဲ့တဲ့ ၁၅ နှစ်လောက်ကတည်းက ၀ယ်ထားတာ။ ခြံစောင့်ထားတယ်။ အဲဒီခြံစောင့်ကပဲ မြေတွေကို ရောင်းစားထားတဲ့အတွက် ဒီလိုဖြစ်ရတာ။ အဲဒါကြောင့် သက်ဆိုင်တဲ့ မြို့နယ်တရားရုံးကနေ ကျွန်တော့်မြေကို ပြန်လည်ရရှိဖို့အတွက် ဆောင်ရွက်တာပါ” ဟု ပြောကြားခဲ့သည်။

အဆိုပါ မြေပိုင်ဆိုင်မှုနှင့်ပတ်သက်၍ ယင်းခြံဝင်းတွင် နေသူများက လယ်ယာမြေနှင့် အခြားမြေများ စီမံခန့်ခွဲမှု ဗဟိုကော်မတီသို့ တိုင်ကြားစာ၌ “ကျွန်တော်၊ ကျွန်မတို့မှာ ၄/၂၉၊ န၀ဒေးလမ်း၊ မြသဇင်ခြံဝင်းအား ဒေါ်ခင်မြမြတင်မှ ဦးဝင်းသိန်းအား လွှဲပြောင်းပေးအပ်ထားခဲ့ပြီး ဦးဝင်းသိန်းထံမှပင် လွန်ခဲ့သော ၁၅ နှစ်ကာလပိုင်းကပင် အသီးသီးဝယ်ယူ၍ ခြံဝန်းများ ပြုလုပ်နေထိုင်ကာ စိုက်ပျိုးရေးလုပ်ငန်းများ လုပ်ကိုင်စားသောက် နေကြသူများဖြစ်ကြောင်း၊ ထို့အပြင် မြေယာခွန်များကိုလည်း ဒေါ်မြမြတင်အမည်ဖြင့် နှစ်စဉ် စည်ပင်သာယာသို့ ပေးသွင်းထားပြီး လျှပ်စစ်မီတာကိုလည်း မြို့နယ်လျှပ်စစ်မှ နည်းစနစ်ကျစွာ သွယ်တန်းရယူထားကာ လျှပ်စစ်မီတာ အလုံး ၃၀ ခန့် ရှိထားပြီဖြစ်ကြောင်း” ထည့်သွင်းတိုင်ကြားထားသည်ကို တွေ့ရှိရသည်။

ယင်းနောက်ပိုင်းတွင် မြေပိုင်ရှင်ဟုဆိုသည့် ဦးမောင်မောင်ဦးဆိုသူ ပေါ်လာပြီး ၂၀၁၃ ခုနှစ် ဒီဇင်ဘာ ၂၀ ရက် နံနက်ပိုင်းတွင် သက်ဆိုင်ရာ တရားရုံးတာဝန်ရှိသူများ၊ အုပ်ချုပ်ရေးတာဝန်ရှိသူများ၊ ရဲတာဝန်ရှိသူများ အပါအ၀င် အခြား လူ ၁၅၀ ခန့်တို့သည် တုတ်၊ ဓား၊ လက်နက်တို့ ကိုင်ဆောင်ပြီး ခြံဝင်းအတွင်းရှိ နေအိမ်နှစ်လုံးအား ဖျက်ဆီးခဲ့ကြောင်း သိရသည်။ ထို့အပြင် ၎င်းတို့မှ ကျန်နေအိမ်များကိုလည်း တစ်နာရီအတွင်း ဖျက်ဆီးပေးရန်နှင့် အားလုံးဖျက်ဆီးပစ်မည်ဟု ပြောဆိုမှုကြောင့် ခြံဝင်းအတွင်းနေသူများမှ ၀ိုင်းဝန်းထားဆီးပိတ်ပင်မှု ပြုလုပ်ခဲ့ခြင်းများကြောင်း တာဝန်ရှိသူများမှာ ပြန်လည်ထွက်ခွာ သွားခဲ့ကြကြောင်းလည်း ယင်းခြံဝင်းနေ ပြည်သူများက လယ်ယာမြေနှင့် အခြားမြေများ စီမံခန့်ခွဲမှု ဗဟိုကော်မတီသို့ တိုင်ကြားစာ၌ တွေ့ရှိရသည်။

“ကျွန်တော်တို့ဆီကို အခုလိုဖျက်ဆီးဖို့ လာရောက်တဲ့ နှစ်ကြိမ်၊ စာလာကပ်တဲ့ တစ်ကြိမ်မှာ မြေပိုင်ရှင်ဆိုတဲ့ ဦးမောင်မောင်အုန်းဆိုတဲ့သူက ပါပါလာတတ်တယ်။ တစ်ကြိမ်မှာလာတဲ့ ဦးမောင်မောင်အုန်းဆိုတဲ့သူနဲ့ နောက်တစ်ကြိမ်မှာလာတဲ့ ဦးမောင်မောင်အုန်းဆိုတဲ့သူက မတူဘူး။ နာမည်ကတူပြီး လူကကွဲပြီး ရောက်လာတယ်။ သူဌေးက ဘယ်သူလဲဆိုတာ မသိဘူး” ဟု ယင်းခြံဝင်းအတွင်းနေ ဦးမြင့်ရွှေကဆိုသည်။

အဆိုပါ မြသဇင်ခြံဝင်းအတွင်းတွင် လက်ရှိအချိန်၌ အိမ်ထောင်စု ၆၀ ကျော် နေထိုင်လျက်ရှိပြီး ယခုကဲ့သို့ အင်အားသုံးဖယ်ရှားရန် လာရောက်သည်မှာ နှစ်ကြိမ်ရှိပြီဖြစ်ကြောင်း သိရသည်။

Credit : Yangon news

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
ပေးကမ်းခြင်းစာချုပ်၊ စွန့်လွှတ်ခြင်းစာချုပ်အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပေးကမ်းခြင်းစာချုပ်၊ စွန့်လွှတ်ခြင်းစာချုပ်အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။

Upcoming Property Events

From 09 Aug To 10 Aug

THADAR CONDOMINIUM

From 09 Aug To 10 Aug

Mingalar Market

From 27 Sep To 28 Sep

18th Property and Car Expo

THADAR CONDOMINIUM

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service