ဧရာဝတီမြစ်ကမ်းပါးပြိုကျမှုကြောင့် လူနေအိမ် များ ပြောင်းရွှေ့ပေးရန်လိုအပ်သည့် နောင်ကာကျေးရွာ - Property News in Myanmar from iMyanmarHouse.com
550 Views

ဧရာဝတီမြစ်ကမ်းပါးပြိုကျမှုကြောင့် လူနေအိမ် များ ပြောင်းရွှေ့ပေးရန်လိုအပ်သည့် နောင်ကာကျေးရွာ

ဧရာဝတီမြစ်ရေ တိုက်စားမှုကြောင့် ကချင်ပြည်နယ် ဗန်းမော်မြို့နယ်အတွင်းရှိ နောင်ကာကျေးရွာမှ လူနေအိမ်များကို ဖျက်သိမ်းနေကြရသည်။ ကချင်ပြည်နယ် ဗန်းမော်ခရိုင် အုပ်ချုပ်ရေးမှူး ဦးစိန်မြင့်၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးစွမ်းထက်ဝေ၊ မြို့နယ်အထောက်အကူပြုအဖွဲ့ဥက္ကဋ္ဌ ဦးလှရွှေနှင့်အဖွဲ့သည် ဇူလိုင် ၂၁ ရက် မွန်းလွဲ ၁ နာရီက ဗန်းမော်မြို့မှ နောင်ကာကျေးရွာသို့ စက်လှေဖြင့် သွားရောက်ခဲ့ကြသည်။

နောင်ကာကျေးရွာသည် ဗန်းမော် မြို့နယ်နှင့် မျက်နှာချင်းဆိုင် ဧရာဝတီမြစ် အနောက်ဘက်မြစ်ကမ်းနား ဘေးတွင် တည်ရှိသည်။ အိမ်ခြေ ၇၀၊ အိမ်ထောင်စု ၇၈ စု၊ လူဦးရေ ၃၈၈ ဦးရှိ၍ လယ်ယာမြေလုပ်ကိုင် စား သောက်သော မြစ်ကမ်းနဖူးရွာကလေးတစ်ရွာဖြစ်သည်။
နောင်ကာကျေးရွာ အရောက်တွင် မြစ်ကမ်းပါးရေတိုက်စားမှု၊ မြေပြိုနေမှု၊ လူနေအိမ်ဖျက်ထားသည့် နေရာများ တွေ့မြင်ရပြီး လူနေအိမ်တစ်လုံး ဖြိုဖျက်နေသည် ကိုလည်းတွေ့ရသည်။ ထို့နောက် ကျေးရွာ ဘုန်းကြီး ကျောင်းတွင် ဆရာတော် ဦးသောဘိတ၊ ကျေးရွာပြည်သူများနှင့် တွေ့ဆုံ၍ ကမ်းပါးပြိုကျမှု၊ လူနေအိမ် ဖြိုပျက်နေမှု၊ လူနေအိမ်ပြောင်းရွှေ့ရေး ကိစ္စတို့ကို ညှိနှိုင်းဆွေးနွေးကြသည်။ "မြစ်ရေတိုက်စားမှုကြောင့် လူ နေအိမ် ၄၀ ဖြိုဖျက်ထားပြီး ကိုးလုံးမှာ ယာယီပြောင်းရွှေ့နေထိုင်ကြတယ်၊ လူနေအိမ်အားလုံးကို ဧရာ ၀တီမြစ်အရှေ့ဘက်ကမ်း ညောင်ပင် သာယာရွာတောင်ဘက်သို့ ပြောင်းရွှေ့ပေးစေလိုပါတယ်" ဟု ဆရာတော် က မိန့်ကြားသည်။

ပြောင်းရွှေ့ မြေနေရာရရှိရေးအတွက် ပြည်နယ်အစိုးရအဖွဲ့ထံတင်ပြပြီး အမြန်ဆုံးပြောင်းရွှေ့နိုင် အောင် စီစဉ်ပေးမည်ဖြစ်ကြောင်း ခရိုင်အုပ်ချုပ်ရေးမှူးက ပြောကြားခဲ့ပြီး ညောင်ပင်သာရွာအနီး ပြောင်း ရွှေ့မည့်မြေနေရာကို သွားရောက် ကြည့်ရှုစစ်ဆေးရန် မြို့နယ်အုပ်ချုပ် ရေးမှူးကိုတာဝန်ပေးလိုက်သည်။ ဧရာဝတီမြစ်ရေ မြင့်တက်သည့် ကာလဖြစ်၍ သွားလာရေးခက်ခဲ ချိန်တွင် မိဘပြည်သူ၊ ကလေးသူငယ်များ ကျန်းမာရေးစောင့်ရှောက်နိုင်ရန်အတွက် ခရိုင်ကျန်းမာရေးဦးစီးမှူးက သူနာပြုဆရာမများကို တာဝန်ပေး စေလွှတ်ထားကြောင်း သိရသည်။

ကောင်းစင့်ရာ အနောက်ဘက်တွင် ကမ်းပါးမြေပြို၍ အောင်ချမ်းသာရွာမှ ပြောင်းရွှေ့လာသော လူနေ အိမ်များကို တွေ့မြင်ရသည်။ အိမ်များ၏တောင်ဘက် ခြောက်ဖာလုံခန့်အကွာ ကုန်းမြေပေါ်သို့ သွားရောက်၍ ပြောင်းရွှေ့နိုင်မည့် မြေနေရာအခြေအနေကို မြေပုံကားချပ်နှင့်တကွ စစ်ဆေးကြည့်ရှုခဲ့သည်။

ဧရာဝတီမြစ်ရေသည် လက်ရှိရေ အမှတ်ထက် ဆက်လက်မြင့်တက်လာပါက အိမ်ခြေ ၇၀ နှင့် လူဦးရေ ၃၈၈ တို့မှာ မြစ်ရေလွှမ်းမိုး ဒဏ်ခံရမည်ဖြစ်သည်။
၎င်းတို့မိသားစုဘဝရှေ့ရေးထိုင်မှုများ အခက်အခဲရှိလာနိုင်သဖြင့် လူနေအိမ်များ အချိန်မီပြောင်း ရွှေ့ပေးရန် လိုအပ်ကြောင်း သိရသည်။

Credit : MOI Webportal Myanmar

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
ပျားရည်ကို ကျန်းမာရေးအတွက် အသုံးပြုနည်း (၂၄) မျိုး
ပျားရည်ကို ကျန်းမာရေးအတွက် အသုံးပြုနည်း (၂၄) မျိုး

Upcoming Property Events

From 08 Jul To 08 Aug

Central Shophouse

From 09 Aug To 10 Aug

THADAR CONDOMINIUM

From 09 Aug To 10 Aug

Mingalar Market

THADAR CONDOMINIUM

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service