ရန်ကုန်တွင် ဘိလပ်မြေဈေး ဆက်တိုက်ကျဆင်း - Property News in Myanmar from iMyanmarHouse.com
2479 Views

ရန်ကုန်တွင် ဘိလပ်မြေဈေး ဆက်တိုက်ကျဆင်း

ယခုရက်ပိုင်းအတွင်း ဘိလပ်မြေဈေးနှုန်းများ ဆက်တိုက်ဆိုသလိုကျဆင်းလျက်ရှိသည်ဟု ရန်ကုန်မြို့ ဘိလပ်မြေအရောင်းဆိုင်များက ဇူလိုင် ၂၀ ရက်တွင် မဇ္ဈိမကို ပြောသည်။

ပြီးခဲ့သည့် ဇွန်လအတွင်းတွင် ဘိလပ်မြေဈေးနှုန်းမှာ တစ်အိတ်လျှင် ၅၈၀၀ ကျပ်ရှိသော်လည်း ယခုဇူလိုင်လတွင် ဘိလပ်မြေ တစ်အိတ်လျှင် ၅,၄၀၀ ကျပ်အထိကျဆင်းသွားသည်ဟု အဆိုပါ အရောင်းဆိုင်များက ပြောသည်။

၂၀၁၄ ခုနှစ် နှစ်ဆန်းပိုင်းတွင် ဘိလပ်မြေတစ်အိတ်လျှင် ၆,၀၀၀ ကျပ်အထိရှိခဲ့ပြီး ခုနစ်လအတွင်း တဖြည်းဖြည်း ဈေးနှုန်းကျဆင်းလာသည်ဟု ရန်ကုန်မြို့ ဒဂုံမြို့သစ်မြောက်ပိုင်းရှိ ဒဂုံမြင့်ဘိလပ်မြေအရောင်းဆိုင်ပိုင်ရှင် ဦးဝင်းကိုက ပြောသည်။

“ မိုးရာသီရောက်လို့ ဘိလပ်မြေဈေးနှုန်းကျတာလည်း ပါပါတယ်။ လတိုင်းလတိုင်း သိသိသာသာကြီးဈေးကျသွားတာမျိုးတော့ မရှိပါဘူး ” ဟု ၎င်းက ပြောသည်။

ဘိလပ်မြေဈေးနှုန်း ကျဆင်းလာသော်လည်း ရန်ကုန်မြို့တွင်း ဘိလပ်မြေ အရောင်းဆိုင်များမှာရောင်းအား တက်လာခြင်းမျိုး မရှိဘဲ ပုံမှန်လောက်သာ အရောင်းအ၀ယ်ဖြစ်နေသည်ဟု ရန်ကုန်မြို့ ဒဂုံမြိ့သစ်မြောက် ပိုင်း ပြည်ကျော်ဘိလပ် မြေဆိုင်ပိုင်ရှင် မဇင်မာလွင် ကပြောသည်။

“ ဒီမိုးတွင်းမှာရောင်းအားတွေကျတယ်။ အိတ် ၅၀၀ ကိုတစ်လခွဲလောက် အထိရောင်းနေရတယ် ” ဟုလည်း ၎င်းက ပြောသည်။

မြန်မာနိုင်ငံဘိလပ်မြေဈေးကွက်တွင် အရောင်းရဆုံး ဘိလပ်မြေတံဆိပ်ဖြစ်သည့် ထိုင်းဆင်တံဆိပ် SCG ဘိလပ်မြေများမှာ လည်းရောင်းအားကျဆင်းမှုရှိနေကြောင်းစော်ဘွားကြီးကုန်းရှိဆင်တံဆိပ် ဘိလပ်မြေ အရောင်းဌာနမှ မသန္တာကဆိုသည်။

“ ဈေးလည်းကျတယ်။ ရောင်းအားလည်းကျတယ်။ ပြီးခဲ့တဲ့လက တစ်အိတ်ကို ၅,၄၀၀ ကျပ် ကနေဒီလမှ ၅,၃၀၀ကျပ် ဈေးဖြစ်သွားတယ် ” ဟု ၎င်းက ပြောသည်။

ဘိလပ်မြေဈေးကွက်သည် ယေဘုယျအားဖြင့် ပွင့်လင်းရာသီရောက်မှသာ ရောင်းအားကောင်းမွန်သည်ဟု ဆိုနိုင်သော်လည်း ဆောက်လုပ်ရေးလုပ်ငန်းများ၏ အခြေအနေကလည်း ဘိလပ်မြေဈေးကွက်ပေါ် သက်ရောက်မှုရှိနိုင်ကြောင်း ရန်ကုန်မြို့ရှိ ဆောက်လုပ်ရေးပစ္စည်းအရောင်းဆိုင်များက ပြောသည်။

Credit : Mizzima Burmese

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ကြေးနီနဲ့ ပြုလုပ်ထားတဲ့ ရေဘူးကို သုံးခြင်းရဲ့ ကောင်းကျိုးများ
ကြေးနီနဲ့ ပြုလုပ်ထားတဲ့ ရေဘူးကို သုံးခြင်းရဲ့ ကောင်းကျိုးများ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က

Upcoming Property Events

From 02 Aug To 03 Aug

Inno City Special Sales Event

From 02 Aug To 03 Aug

Emerald Bay Luxury Condo

From 08 Jul To 08 Aug

Central Shophouse

From 09 Aug To 10 Aug

THADAR CONDOMINIUM

INNO CITY Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service