အဓိကလမ်းမကြီးပေါ်တွင် အခိုင်အမာ ဖွင့်လှစ်ထားသည့် လမ်းဘေးဈေးဆိုင်များအား ယခုလအတွင်း ဖယ်ရှားမည် - Property News in Myanmar from iMyanmarHouse.com
964 Views

အဓိကလမ်းမကြီးပေါ်တွင် အခိုင်အမာ ဖွင့်လှစ်ထားသည့် လမ်းဘေးဈေးဆိုင်များအား ယခုလအတွင်း ဖယ်ရှားမည်

ရန်ကုန်မြို့ အတွင်းရှိ အဓိကလမ်းမကြီးများတွင် အခိုင်အမာ တည်ဆောက်ကာ ဖွင့်လှစ်ထားသည့် လမ်းဘေးဈေးဆိုင် များအား ယခုလ အတွင်း ဖယ်ရှားသွားမည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ သိရသည်။ အခိုင်အမာ တည်ဆောက် ထားသည့် လမ်းဘေး ဈေးဆိုင်များကြောင့် လမ်းသွား လမ်းလာများ စိတ်အနှောင့် အယှက်ဖြစ်စေခြင်း၊ ယာဉ်ကြောပိတ်ဆို့မှုများ ဖြစ်ပေါ်ခြင်း တို့အပြင် စည်းကမ်းမဲ့ အမှိုက်များ စွန့်ပစ်ခြင်းတို့ကြောင့် အမြန်ဆုံး ဖယ်ရှားရန် စီစဉ်ရခြင်း ဖြစ်ကြောင်း သိရသည်။ အဲဒီလို အခိုင်အမာ ဆောက်ထားတဲ့ ဈေးသည်တွေ အပြင် အိမ်တွေမှာ လမ်း၊ နယ်နမိတ်ကို ကျော်ပြီး ဆောက်ထားတဲ့ ဈေးဆိုင်တွေကိုပါ ဖယ်ရှားသွားမှာပါ ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ (ဈေးများဌာန)မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ယင်းကဲ့သို့ ဖယ်ရှားရာတွင် ရန်ကုန်မြို့ ၏ အဓိကလမ်းများ ဖြစ်သော ပါရမီလမ်း၊ ကမ္ဘာအေးဘုရားလမ်း၊ ပြည်လမ်း၊ မြို့တွင်း ခြောက် မြို့နယ်နှင့် ယာဉ်ရပ်နားရာနေရာ တို့ရှိ ဈေးဆိုင်များအား ဖယ်ရှား ရှင်းလင်းသွားမည် ဖြစ်ကြောင်း သိရသည်။ လမ်းနယ်နိမိတ် ကျော်နေတယ် ဆိုလည်း ကြိုပြီးတော့ အကြောင်းကြားသင့်တယ်။ ဒါတွေကလည်း ပြန်ပြီး နောက်ဆုတ်လို့ရတာပါပဲ။ အကြောင်းမကြားဘဲ ဒီလိုအင်အား သုံးဖယ်ရှားမယ် ဆိုရင် တော့ ဈေးသည်တွေကို တမင်နှိပ်ကွပ်နေသလို ဖြစ်နေတယ် ဟု သုဝဏ္ဏမြို့နယ် (၂၄) ရပ်ကွက်တွင် အိမ်ဆိုင် ဖွင့်လှစ်ထားသော ဒေါ်အေးအေးသန်းက ဆိုသည်။

လမ်းနယ်နိမိတ် ကျော်လွန်ကာ အခိုင်အမာ တည်ဆောက်ထားသည့် ဈေးဆိုင်များအား ဖယ်ရှားရုံသာမက ရောင်းချနေသည့် ပစ္စည်း ကိရိယာ များအား သိမ်းဆည်းသွားမည့်အပြင် ဒဏ်ကြေးတစ်သောင်းကျပ်ကိုပါ ပေးဆောင်ရမည် ဖြစ်ကြောင်း၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ သိရသည်။ ထို့ပြင် လာမည့် စက်တင်ဘာလမှ စတင်ကာ ရန်ကုန် စည်ပင်နယ်နိမိတ် အတွင်းရှိ မြို့နယ် (၃၃) မြို့တွင် ရောင်းချ နေသော လမ်းဘေး ဈေးသည် အားလုံးကိုလည်း လုံးဝရောင်းချခွင့်ပြုတော့မည် မဟုတ်ကြောင်း သိရသည်။

Credit: The Messenger

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ

Upcoming Property Events

From 08 Jul To 08 Aug

Central Shophouse

From 09 Aug To 10 Aug

THADAR CONDOMINIUM

From 09 Aug To 10 Aug

Mingalar Market

THADAR CONDOMINIUM

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service