ကျေးရွာပေါင်း (၆၀၀၀) ခန့်တွင် အင်တာနက် အခမဲ့ သုံးနိုင်မည့် စင်တာများ ဖွင့်လှစ်မည် - Property News in Myanmar from iMyanmarHouse.com
709 Views

ကျေးရွာပေါင်း (၆၀၀၀) ခန့်တွင် အင်တာနက် အခမဲ့ သုံးနိုင်မည့် စင်တာများ ဖွင့်လှစ်မည်

အင်တာနက်အခမဲ့ အသုံးပြုနိုင်သည့် E village Center များကို ကျေးရွာပေါင်း (၆၀၀၀) ခန့်တွင် ယခုနှစ်အတွင်း ဖွင့်လှစ် သွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ကွန်ပျူတာ လုပ်ငန်းရှင်များ အသင်းမှ သိရသည်။ ကျေးလက်ဒေသနေ ပြည်သူများ ဗဟုသုတ ရရှိစေရန်နှင့် ကွန်ပျူတာ အသုံးပြုနိုင်ရန်အတွက် အဆိုပါစင်တာများ ဖွင့်လှစ်ပေးခြင်း ဖြစ်ကြောင်း သိရသည်။

မြို့နဲ့အလှမ်းဝေးတဲ့ ကျေးရွာတွေမှာ အရင်ဆုံး ဖွင့်လှစ်သွားမယ်။ စင်တာစဖွင့်တဲ့ နေ့ကနေ တစ်နှစ်တိတိ အခမဲ့ အသုံးပြုခွင့်ပေးမယ်။ တစ်နှစ်ကျော်ရင်တော့ သင့်တင့်တဲ့ဈေး နှုန်းတစ်ခု ကောက်ခံသွားမှာဖြစ်တယ် ဟု မြန်မာနိုင်ငံ ကွန်ပျူတာလုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌ ဒေါက်တာ ထွန်းသူရက ဆိုသည်။

E village Center တစ်ခုလျှင် ကွန်ပျူတာ ခြောက်လုံးခန့် ထားရှိပေးသွားမည်ဖြစ်ပြီး၊ ယင်းကွန်ပျူတာများတွင် အင်တာနက်လိုင်းများချိတ် ဆက်ထားသည့် အပြင် WiFi စနစ်ကိုပါ ဖြန့်ကျက်ပေးထားမည်ဖြစ်ကြောင်း သိရသည်။ ကျေးရွာတစ်ခုတွင် စင်တာတစ်ခုသာ ထားရှိပေးသွားမည် ဖြစ်ပြီး၊ လက်ရှိတွင် လုပ်ငန်းစဉ်များကို စတင်အကောင်အထည်ဖော် ဆောင်ရွက်နေပြီ ဖြစ်ကြောင်း သိရသည်။

IT ခေတ်ကြီးထဲမှာ လူတိုင်းကွန်ပျူတာသုံးနေကြတဲ့အတွက် တောမှာနေတဲ့သူတွေလည်း သုံးသင့်ပါတယ်။အဲဒီစင်တာတွေကကျေးလက်နေ ပြည်သူတွေအတွက် အသိ ပညာနဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေအပြင် နေထိုင်မှု စရိုက်လဏ္ခပါ ပြောင်းလဲဖို့အတွက် အများကြီး အထောက်အကူပေး နိုင်မှာပါ ဟု သုဝဏ္ဏဈေးအနီးတွင် ဖွင့်လှစ်ထားသော Sky Blue အင်တာနက်ဆိုင်မှ ဆိုင်ရှင်မစန္ဒာကျော်က ဆိုသည်။ E village Center များဖွင့်လှစ်နိုင် ရန် ဂျပန်နိုင်ငံမှ (JTEC) အဖွဲ့အစည်းမှ ငွေကြေးထောက်ပံ့ပေးပြီး၊ ကွန်ပျူတာ လုပ်ငန်းရှင်များမှ နည်းပညာပံ့ပိုးပေးထားကြောင်း မြန်မာနိုင်ငံ ကွန်ပျူတာ လုပ်ငန်းရှင်များအသင်းမှ သိရသည်။

Credit : The Messenger

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
ကြက်ဥအခွံတွေကို အကျိုးရှိရှိ ပြန်လည်အသုံးချနိုင်မည့် နည်းလမ်းများ
ကြက်ဥအခွံတွေကို အကျိုးရှိရှိ ပြန်လည်အသုံးချနိုင်မည့် နည်းလမ်းများ
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
ပိုင်ဆိုင်မှုအထောက်အထား စာရွက်စာတမ်းများ ပျောက်ဆုံးနေသော ပါမစ်မြေအား ဂရန်(မြေငှားစာချုပ်) လျှောက်ထားလိုလျှင် သိရှိရမည့်အ
ပိုင်ဆိုင်မှုအထောက်အထား စာရွက်စာတမ်းများ ပျောက်ဆုံးနေသော ပါမစ်မြေအား ဂရန်(မြေငှားစာချုပ်) လျှောက်ထားလိုလျှင် သိရှိရမည့်အ
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ

Upcoming Property Events

From 08 Jul To 08 Aug

Central Shophouse

From 09 Aug To 10 Aug

THADAR CONDOMINIUM

From 09 Aug To 10 Aug

Mingalar Market

YADANAR BON

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service