ဆောက်လုပ်ရေး ပစ္စည်းဈေး အနည်းငယ်တက်ပြီး အရောင်းအေး - Property News in Myanmar from iMyanmarHouse.com
1266 Views

ဆောက်လုပ်ရေး ပစ္စည်းဈေး အနည်းငယ်တက်ပြီး အရောင်းအေး

မိုးဦးကာလရောက်ရှိလာ၍ ဆောက်လုပ်ရေးလုပ်ငန်းများ လျော့နည်းလာသည့်အတွက် ယခင်လများနှင့်နှိုင်းယှဉ်ပါက ဆောက်လုပ်ရေး ပစ္စည်းဈေးကွက်တွင် ၀ယ်လိုအားအနည်းငယ် ကျဆင်းလာသော်လည်း ဈေးနှုန်းများမှာ ပြီးခဲ့ သည့်လဈေးထက် အနည်းငယ်တက်လာကြောင်း အိမ်ဆောက်ပစ္စည်း ရောင်းဝယ်ရေးလုပ်ငန်းရှင်များက ပြောသည်။

"အိမ်ဆောက်ပစ္စည်းဈေးတွေက ဒီနှစ်ခန့်မှန်း ရခက်နေတယ်။ ဒီပထမနှစ်ဝက်လောက်ထဲမှာ ပဲအတက်အကျမမှန်ဘူး။ ဧပြီလဆန်းလောက် က ဈေးတက်သွားပေမယ့် မေလဆန်းကျတော့ဈေးပြန်ကျသွားတယ်။ အခု ဈေးပြန်တက်တယ်။ ပစ္စည်းဈေးတွေက အခုတက်လိုက်၊ အခုကျလိုက် ဖြစ်နေတယ်။ ပစ္စည်းဈေးတွေ မမှန်ပေမယ့် ဒီနှစ်ရောင်းအားက အရင်နှစ်တွေထက်စာရင်အများကြီးကောင်းတယ်"ဟု မဟေသီ သဲ၊ ကျောက်၊ ဘိလပ်မြေရောင်းဝယ်ရေးမှ ကိုစိုင်း မျိုးကပြောသည်။

သဲ "သဲဈေးက တစ်ကျင်းကို ကျပ် ၁၉,၀၀၀ ရှိတယ်။ အထိုင်ဈေးကတော့ တစ်ကျင်းကို ၁၂,၀၀၀လောက်ရှိတယ်။ မေလက တစ်ကျင်း ကို နှစ်ထောင်လောက်ဈေးကျ သွားခဲ့ပေမယ့် အခု အရင်ဈေးပြန်ဖြစ်သွားတယ်။ ဒီနှစ်ဆန်း ပိုင်းလောက်ကတည်းက သဲဈေးတွေက အရင် ထက်ဈေးကောင်းနေတယ်" ဟု ကိုစိုင်းမျိုးက ပြောသည်။

ကျောက်စရစ် ကျောက်စရစ်ဈေးမှာ တစ်ကျင်းလျှင် ယခု နှစ်ဆန်းကဈေးဖြစ်သော ကျပ် ၁၁၀,၀၀၀တွင် ဈေးငြိမ်လျက်ရှိသည်။

"ကျောက်စရစ်ဈေးက တစ်ကျင်း တစ်သိန်းတစ်သောင်းနဲ့ ဒီနှစ်ဆန်းပိုင်းလောက်ကစပြီး ဈေးငြိမ်နေတယ်။ ၂၀၁၃ နှစ်ကုန်ပိုင်းလောက် ထိ ကျောင်စရစ်ဈေးက တစ်ကျင်းကို ခြောက်သောင်းကျော်လောက်ပဲ ရှိရာကနေ ၂၀၁၄ နှစ်ဆန်းပိုင်းမှာ နှစ်ဆနီးပါးဈေးတက်သွားပြီး အခုထိ အဲဒီတက်ဈေးအတိုင်း ရှိနေတယ်"ဟု ကိုစိုင်းမျိုးက ပြောသည်။

အုတ် အုတ်ဈေးမှာ မေလထက် တစ်လုံးတစ်ဆယ် ခန့် ဈေးတက်သွားပြီး လက်အုတ်တစ်လုံးဈေးမှာ ကျပ် ၁၁၀ ဖြစ်ပြီး စက်အုတ်တစ်လုံးဈေးမှာ ကျပ် ၁၂၀ ဖြစ်သည်။

"အုတ်ဈေးက အရင်ဆိုမိုးတွင်းနီးရင် ဈေးကျ နေကျဖြစ်ပေမယ့် အခုလမှာ မေလထက် တစ်လုံးကိုတစ်ဆယ် ဈေးတက်သွားတယ်။ အခုစက်အုတ်တစ်လုံး ၁၂၀ ဖြစ်နေပေမယ့် လွန်ခဲ့တဲ့နှစ်လလောက်ကထိ တစ်လုံး ၁၀၀ လောက်ပဲရှိတာဆိုတော့ မကြာခင် အရင်ဈေး ပြန်ဖြစ်လောက်ပါတယ်"ဟု မြတ်မင်း ဆောက်လုပ်ရေးမှ ကိုအောင်ထွေးကပြောသည်။

ဘိလပ်မြေ ဘိလပ်မြေဈေးမှာ ယခုနှစ်ဆန်းပိုင်းမှစ၍ ဈေးငြိမ်လျက်ရှိပြီး ဆင်တံဆိပ်ဘိလပ်မြေတစ်အိတ် ကျပ် ၅,၄၀၀ နှင့် ကြံ့တံဆိပ်ဘိလပ်မြေတစ်အိတ်မှာ ကျပ် ၄,၈၅၀ ဖြစ်သည်။

"ဘိလပ်မြေဈေးက လွန်ခဲ့တဲ့ခြောက်လ လောက်ကစပြီး ဆင်တံဆိပ်တစ်အိတ်ကို ကျပ် ၅,၅၀၀၊ကြံ့တံဆိပ် ကျပ် ၅,၀၀၀ ဆိုပြီးဈေးငြိမ်နေ တာ။ အခု တစ်အိတ်ကို တစ်ရာလောက် ဈေးကျသွားတယ်။ ဈေးကွက်ထဲမှာ ကြံ့တံဆိပ်ကို သုံးတဲ့သူရှားလို့ ပစ္စည်းအသစ်မသွင်းတော့ဘဲပစ္စည်းနည်းနည်းပြတ်နေတယ်"ဟု မဟေသီ သဲ၊ ကျောက်၊ ဘိလပ်မြေရောင်းဝယ်ရေးမှ ကိုစိုင်းမျိုးကပြောသည်။

သံချောင်း သံချောင်းမှာလည်း ဈေးနှုန်းများအနည်း ငယ်ကျဆင်းလျက်ရှိသည်။ "သံချောင်းဈေးကလွန်ခဲ့တဲ့လကထက် တစ်တန်ကို နှစ်သောင်းလောက်ဈေးကျသွား တယ်။ သံဈေးက ဒီနှစ်အစပိုင်းကတည်းက ဈေးနည်းနည်းကျနေတာ။ နိုင်ငံခြားက တင်သွင်း တဲ့ သံချောင်းတွေရော ပြည်တွင်းထုတ်သံချောင်း တွေရော နှစ်ခုစလုံးဈေးကျသွားတာ"ဟု မိဘ မေတ္တာ အိမ်ဆောက်သံထည်ပစ္စည်းရောင်းဝယ် ရေးမှ ကိုကောင်းခန့်က ပြောသည်။

မြန်မာနိုင်ငံထုတ် သုံးမူးနှင့် ငါးမူးသံချောင်းတစ်တန်လျှင် ကျပ် ၄၈၀,၀၀၀၊ ခြောက်မူး သံချောင်းတစ်တန်လျှင် ကျပ် ၅၁၅,၀၀၀ ဖြစ်ပြီး နိုင်ငံခြားမှတင်သွင်းသော သုံးမူးနှင့် ငါးမူးသံချောင်းတစ်တန်လျှင် ကျပ် ၅၆၀,၀၀၀ နှင့် ခြောက်မူးသံချောင်းတစ်တန်လျှင် ၅၈၀,၀၀၀ ကျပ်ရှိသည်။

Credit: MM Times

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား

Upcoming Property Events

From 08 Jul To 08 Aug

Central Shophouse

From 09 Aug To 10 Aug

THADAR CONDOMINIUM

From 09 Aug To 10 Aug

Mingalar Market

Myanmar's No. 1 Car Portal
Myanmar's No. 1 C2C E-commerce Portal

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service