အိမ်ခြံမြေနှင့် မြို့ပြတည်ဆောက်မှုဆိုင်ရာ ဆွေးနွေးပွဲကျင်းပခဲ့ - Property News in Myanmar from iMyanmarHouse.com
717 Views

အိမ်ခြံမြေနှင့် မြို့ပြတည်ဆောက်မှုဆိုင်ရာ ဆွေးနွေးပွဲကျင်းပခဲ့

စင်္ကာပူနိုင်ငံ Singapore Press Holdings (SPH) ၏လက်အောက်ခံကုမ္ပဏီဖြစ်သော Sphere Conferenceကုမ္ပဏီက မြန်မာနိုင်ငံတွင် အိမ်ခြံမြေနှင့် မြို့ပြတည်ဆောက်မှုဆိုင်ရာ ပထမဦးဆုံး အကြိမ်ဆွေးနွေးပွဲအား မေလ ၂၆ ရက်နေ့မှ ၂၇ ရက်နေ့ထိ ရန်ကုန်မြို့ ဆူးလေရှန်ဂရီလာ ဟိုတယ်တွင် ကျင်းပခဲ့သည်။

အဆိုပါ ဆွေးနွေးပွဲအား ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံစက်မှုလက်မှုအသင်းချုပ် (UMFCCI) တို့မှ ကူညီပံ့ပိုးခဲ့ ပြီး နိုင်ငံတကာမှ ပညာရှင်များနှင့် ပြည်တွင်းပညာရှင်များ ဆွေးနွေး ဟောပြောခဲ့ကြပြီး မြို့ပြဆောက်လုပ်ရေး ပညာရှင် ၂၀၀ ကျော်၊ ဗိသုကာ ပညာရှင်များ၊ ဆောက် လုပ် ရေး ကုမ္ပဏီများ၊ ရင်းနှီးမြှုပ်နှံသူများနှင့် လုပ်ငန်းရှင်များ အပြင် ဒေသတွင်း အိမ်ခြံမြေ ဈေးကွက်နှင့် သက်ဆိုင်သူများပါ တက်ရောက်ခဲ့ကြသည်။

ယင်းဆွေးနွေးပွဲ၌ အိမ်ခြံမြေ ဈေးကွက်အတွင်း ရင်းနှီးမြှုပ်နှံနိုင်မည့် အခွင့်အရေးများနှင့် မြို့ပြ တည်ဆောက်ရေးနှင့် သက်ဆိုင်သည့် အဓိကအကြောင်းအရင်းများကို ပညာရှင်များမှ ဆွေးနွေး တင်ပြခဲ့သည်။

"ဒီပွဲကို ဆောက်လုပ်ရေးဝန်ကြီးဌာနက ပူးပေါင်းပါဝင်ခွင့်ရတဲ့အတွက် ကျေနပ်မိပါတယ်။ ပြီးခဲ့တဲ့ တစ်နှစ်တာကာလအတွင်း မှာလည်း အစိုးရကနေပြီး ရန်ကုန်မြို့တော်ဖွံ့ဖြိုးတိုးတက်ရေး အတွက် အဆောက်အအုံ အဆင့်မြှင့်တိုးချဲ့တာတွေ၊ ကျူးကျော် မြေပြဿနာ ဖြေရှင်းတာတွေ၊ ပြည်သူ တွေ လျှပ်စစ်မီးပုံမှန်ရရှိရေး တို့အတွက် ကျွန်တော်တို့တွေ ကြိုးစား လုပ်ဆောင်ခဲ့ပါတယ်။ ဆောက်လုပ်ရေးနဲ့ အိမ်ရာဖွံ့ဖြိုးရေးဘဏ်ကိုလည်း တည်ထောင်ခဲ့ပါတယ်။ ဒါပေမယ့် လုပ်စရာ တွေက တော့ အများကြီးကျန်သေးတယ်။ ဒီဆွေးနွေးပွဲမှာ တက်ရောက်လာတဲ့ ပညာရှင်တွေနဲ့ အသိပညာ ခြင်း ဖလှယ်နိုင်ခဲ့ပါတယ်" ဟု ဆောက်လုပ်ရေးဝန်ကြီးဌာန ၀န်ကြီး ဦးကျော်လွင်က ပြောသည်။

ထို့ပြင် ဆွေးနွေးပွဲကျင်းပသည့် အချိန်အတွင်း ပြည်တွင်း အိမ်ခြံမြေ နှင့် ဆောက်လုပ်ရေး ကုမ္ပဏီ ၁၅ ခုခန့် ၎င်းတို့၏ လုပ်ငန်းပိုင်းဆိုင်ရာအား ပါဝင်ပြသခဲ့ပြီး ဆွေးနွေးပွဲသို့ တက်ရောက် လာသူများနှင့်လည်း လုပ်ငန်းဆိုင်ရာ အသိပညာများ ဖလှယ်ခဲ့ကြကြောင်း အဆိုပါပွဲစီစဉ်သည့် ကုမ္ပဏီမှ တာဝန်ရှိသူများက ပြောသည်။

"ကျွန်တော်တို့ ကျင်းပတဲ့ ဒီပြပွဲမှာ လုပ်ငန်းဆိုင်ရာ ကျွမ်းကျင်သူများနဲ့ နိုင်ငံတကာ မှ အတွေ့ အကြုံရင့်ပညာရှင်များနဲ့ ဆွေးနွေးပြောဆိုနိုင်တဲ့ အခွင့်အရေးတွေ ၊ အချင်းချင်း အသိပညာ ဖလှယ်ပြီး ပူးပေါင်းဆောင်းရွက်နိုင်မယ့် အခွင့်အရေး မျိုးတွေကို ဖန်တီးပေးတဲ့ပွဲလေး ဖြစ်ပါ တယ်။ ကျွန်တော်တို့ကို ပြည်တွင်းက ကူညီပံ့ပိုးပေးခဲ့ပြီးပူးပေါင်းပါဝင်ခဲ့တဲ့ အတွက်လည်း အရမ်းကို ၀မ်းသာမိပါတယ်" ဟု Sphere ကုမ္ပဏီ၏ ဥက္ကဌ Mr.Chua Wee Phone က ပြောသည်။

Credit: MM TIMES

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
ပိုင်ဆိုင်မှုအထောက်အထား စာရွက်စာတမ်းများ ပျောက်ဆုံးနေသော ပါမစ်မြေအား ဂရန်(မြေငှားစာချုပ်) လျှောက်ထားလိုလျှင် သိရှိရမည့်အ
ပိုင်ဆိုင်မှုအထောက်အထား စာရွက်စာတမ်းများ ပျောက်ဆုံးနေသော ပါမစ်မြေအား ဂရန်(မြေငှားစာချုပ်) လျှောက်ထားလိုလျှင် သိရှိရမည့်အ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမ
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမ
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး

Upcoming Property Events

From 02 Aug To 03 Aug

Inno City Special Sales Event

From 02 Aug To 03 Aug

Emerald Bay Luxury Condo

From 08 Jul To 08 Aug

Central Shophouse

From 09 Aug To 10 Aug

THADAR CONDOMINIUM

YADANAR BON

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service