ကွန်ဒိုတိုက်ခန်းဝယ်လျှင် - Property Knowledge in Myanmar from iMyanmarHouse.com
1761 Views

ကွန်ဒိုတိုက်ခန်းဝယ်လျှင်

Knowledge | Posted by Aye Myat Thu

ခမ်းနားပြီး အဆင့်မြင့်သော အိမ်ရာစီမံကိန်းနှင့် ကွန်ဒိုစီမံကိန်းများစွာက မီဒီယာမျိုးစုံမှတစ်ဆင့် ကြိုပွိုင့်စနစ်ဖြင့် အပြိုင်အဆိုင် ကြော်ငြာရောင်းချနေသည်။မြေပိုင်ဆိုင်မှုအရှုပ်အရှင်းများပြီး ကွန်ဒိုဥပဒေလည်း မထွက်သေး သည့် မြန်မာနိုင်ငံတွင် ကြိုပွိုင့် ဝယ်ယူမည့်သူများက အထောက်အထားခိုင်မာမှန်ကန်မှုများကိုသ တိပြုရမည်ဖြစ်ပြီး အစိုးရအနေဖြင့်လည်း စနစ်တကျကိုင်တွယ်ရန် အရေးတကြီးလိုအပ်သည်။

ရန်ကုန်မြို့တွင် ဘီအိုတီ စနစ်ဖြင့် အဆောက်အအုံများစွာ ကိုခွင့်ပြုမှုများ ရှိနေသည်။ သို့သော် ဘီအိုတီစနစ်ဖြင့် တည် ဆောက်သောအဆောက်အအုံ အများစုမှာ ဟိုတယ်များ၊ ဈေး ဝယ်စင်တာများ၊ service apart -ment များသာ အများစုတည် ဆောက်ကြသည်။ အိမ်ရာစီမံ ကိန်းများဆောက်လုပ်ရာတွင် လည်း ကိုယ်ပိုင်မြေပေါ်တွင် နှစ် ရှည်အငှားစနစ်ဖြင့်သာတည် ဆောက်ခွင့်ပြုသည်။ ဘီအိုတီ စနစ်ဖြင့်အဆောက်အအုံများ တည်ဆောက်ပြီး အခန်းများ အပြတ်ရောင်းချခြင်းမှာ Golden City အိမ်ရာစီမံကိန်းတစ်ခုသာရှိ သေးသည်။

‘‘ကုမ္ပဏီတွေကလည်း ဒါကို ရှင်းလင်းဖြစ်အောင်ရှင်းပြဖို့လို တယ်။ သေချာသိပြီးမှ ၀ယ်ချင် တဲ့ သူက၀ယ်ပေါ့’’ဟု မြို့ပြအိမ် ရာစီမံကိန်းများ အထူးပြုရေးသား နေသော ဆောင်းပါးရှင်ဆရာမြင့် မိုရ်ဆွေကပြောသည်။

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ခွင့်ပြုချက်ဖြင့် တည် ဆောက်နေသော ယင်းအိမ်ရာစီမံကိန်းကို စင်ကာပူအခြေစိုက် Gold-en Landကုမ္ပဏီက ကြယ်ငါးပွင့်အဆင့်ရှိ ဟိုတယ်တစ်လုံးအပါအဝင် ၃၃ ထပ်အမြင့်ရှိအဆောက်အအုံကိုးခုကိုတည်ဆောက်ပြီး အခန်းများ ကို ကြိုပွိုင့်စနစ်ဖြင့်ရောင်းချနေသည်။

ပြည်ပလုပ်ငန်းရှင်များနှင့် အကျိုးတူပူးပေါင်း၍ တည် ဆောက်မှုများကို မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်က ဘီအို တီစနစ်ဖြင့်သာခွင့်ပြုသည်။ ဘီအိုတီစနစ်မှာ နှစ်ရှည်ငှားရမ်း ခွင့်သာဖြစ်ပြီး အဆောက်အအုံ များကို အပြတ်ရောင်းချခွင့်မရှိ ပေ။ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်ကလည်း ဘီအိုတီစနစ် ဖြင့် အဆောက်အအုံများဆောက် လုပ်ခွင့်ပြုရာတွင် အဆောက် အအုံများကို အများပြည်သူအား နှစ်ရှည်ငှားရမ်းခွင့်သာပေးသည်။ အပြတ်ရောင်းချခွင့်မပြုပေ။

‘‘နိုင်ငံခြားသားရှယ်ယာနဲ့ တည်ဆောက်ထားတဲ့အဆောက် အအုံအခန်းတွေကို လုံးဝရောင်း ချခွင့်မရှိဘူး။ ဥပဒေအရကိုခွင့်ပြု ထားခြင်းမရှိဘူး’’ဟု မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် ညွှန် ကြားရေးမှူးဦးသန့်စင်ကြိုင်က ပြောကြားသည်။

နိုင်ငံခြားသားနှင့်အကျိုးတူ ပူးပေါင်း တည်ဆောက်သော အိမ်ရာစီမံကိန်းများ၊ ကွန်ဒိုများ ကို မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်က အပြတ်ရောင်းချရန် ခွင့်မပြုဟုပြောကြားထားသော် လည်း Golden City အိမ်ရာ စီမံကိန်းသည်အစိုးရသတင်းစာ များ၊ပုဂ္ဂလိကသတင်း စာများတွင် ကြော်ငြာများထည့်သွင်းဖော်ပြ နေကြဆဲဖြစ်သည်။

‘‘ကွန်ဒိုဥပဒေမှာတော့ မြေ ပိုင်ရှင်ကဆောက်လုပ်ရေးကုမ္ပဏီ ကို လုံးဝလွှဲပေးမှ ကွန်ဒိုမီနီယံလို့ သတ်မှတ်မှာ။ ကုမ္ပဏီက ကိုယ် ပိုင်မြေဝယ်ပြီးတည်ဆောက်တဲ့ ပုံစံမျိုးပေါ့’’ဟု တော်ဝင်မိသားစု ဆောက်လုပ်ရေးကုမ္ပဏီဥက္ကဋ္ဌ ဦးကိုကိုထွေးကရှင်းပြသည်။

မြေရှင်နှင့်ဆောက်လုပ်ရေး ကုမ္ပဏီက အဆောက်အအုံတစ်ခု ကို အကျိုးတူတည်ဆောက်ပြီး မြေယာပိုင်ဆိုင်မှုကို တည် ဆောက်ရေးကုမ္ပဏီအား လုံးဝ လွှဲပြောင်းပေးရမည်။ ယင်းကိစ္စ ကိုမပြုလုပ်နိုင်ပါက ကွန်ဒိုမီနီယံ အဖြစ်မသတ်မှတ်ဘဲ လူနေထိုင် သောအဆောက်အအုံတစ်ခု အဖြစ်သာရှိရန် ဥပဒေတွင်ပါဝင် ကြောင်း ၎င်းကရှင်းပြသည်။

ကွန်ဒိုဥပဒေမှာ လက်ရှိ အချိန်တွင် လွှတ်တော်၌ဆွေးနွေး ဆဲအခြေအနေတွင်ရှိနေပြီး လာမည့်လွှတ်တော်တွင်အတည် ပြုနိုင်မည်ဟု ဆောက်လုပ်ရေး လုပ်ငန်းအချို့က ခန့်မှန်းကြ သည်။

မြေရှားပါးခြင်း၊ မြို့ပြလူနေ ထိုင်မှုပုံစံပြောင်းလဲလာခြင်းတို့ ကြောင့် တိုက်ခန်းကွန်ဒိုများလို အပ်ချက်မှာ နှစ်စဉ်မြင့်တက်လာ သည်။ ရန်ကုန်တွင် အိမ်ခန်း ပေါင်း သုံးသိန်းခန့်လိုအပ်သော်လည်း ပုဂ္ဂလိက က နှစ်စဉ်အခန်းပေါင်း ခုနစ်ထောင်ခန့်သာတည်ဆောက် နိုင်ကြောင်း ဆောက်လုပ်ရေး ဝန်ကြီးဌာနဒုတိယဝန်ကြီး ဦးစိုးတင့်ကပြောကြားဖူးသည်။ အိမ်ခန်းများလိုအပ်မှုကိုဖြည့် ဆည်းရန် နိုင်ငံခြားလုပ်ငန်းရှင် များကို ပြည်တွင်းဆောက်လုပ် ရေးကုမ္ပဏီများနှင့်ပူးပေါင်း၍ ရင်းနှီးမြှုပ်နှံခွင့်ပြုသည်။

မြန်မာနိုင်ငံတွင် နှစ်ခြောက် ဆယ်ခန့် နိုင်ငံတကာနှင့်ဆက် သွယ်မှုအားနည်းခဲ့ခြင်း၊ ပြည် တွင်းမှနည်းပညာအားနည်းမှု၊ အခြေခံအဆောက်အအုံလိုအပ် ချက်ကြီးမားနေမှုတို့က ပြည်ပ ဆောက်လုပ်ရေးကုမ္ပဏီများ အတွက် မက်လုံးဖြစ်နေသည်။ ရင်းနှီးမြှုပ်နှံမှုများလည်းပြုလုပ် လာကြသည်။ဆောက်လုပ်ရေး တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုမှာ ၂၀၁၄ မတ်လကုန်အထိ အမေရိ ကန် ဒေါ်လာ ၃၇ သန်းကျော်ရှိပြီး နိုင်ငံသားလုပ်ငန်းရှင်များရင်းနှီး မြှုပ်နှံမှုမှာ ကျပ် ၇၃၃ ဘီလီယံ ကျော်ရှိနေသည်။

ဘီအိုတီစနစ်ဖြင့်တည် ဆောက်သောအဆောက်အအုံ များကို ဝယ်ယူမည်ဆိုပါက ဦးစွာ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော် မရှင်က မည်ကဲ့သို့ခွင့်ပြုထား သည်ကို စာရွက်စာတမ်းများတွင် လေ့လာသင့်သည်။ရင်းနှီးမြှုပ်နှံမှု ကော်မရှင်က နှစ်ရှည်ငှားရမ်းခွင့် ပြုခြင်းလား၊အပြတ်ရောင်းချခွင့် ပြုထားခြင်းလားသိရှိရန်လို သည်။ ထို့အပြင်အစိုးရတင်ပြ ထားသော ပုံစံနှင့်တည်ဆောက်မည့်ပုံစံကို လည်း ကွဲလွဲမှုရှိ၊ မရှိစစ်ဆေး ရမည်ဖြစ်သည်။ အဆောက် အအုံတည်ဆောက်မည့်မြေမှာ လည်း အစိုးရပိုင်မြေမှာလား၊ ပုဂ္ဂလိကပိုင်မြေမှာလားဆိုသည့် အချက်ကို ရှင်းလင်းစွာသိဖို့လို အပ်သည်။

‘‘ဘီအိုတီက နှစ်ရှည်ငှား တာ အပြတ်ရောင်းတာမဟုတ် ဘူး။ ဆောက်ပြီးလည်းအခန်းတွေ ကိုအပြတ်ရောင်းလို့မရဘူး’’ဟု မြန်မာနိုင်ငံဆောက်လုပ်ရေးလုပ် ငန်းရှင်များအသင်း ဒုတိယဥက္ကဋ္ဌ ဦးရန်ဝင်းကပြောကြားသည်။

မြေပိုင်ဆိုင်မှုနှင့်ပတ်သက် ၍ ပုဂ္ဂလိကပိုင်မြေတွင် ဘိုးဘွား ပိုင်မြေ၊ ဂရန်မြေမျိုးတို့ဖြစ်ပြီး အစိုးရက ပုဂ္ဂလိကပိုင်ပြောင်းလဲ ရာတွင် ငှားရမ်းထားသောမြေများ နှင့် တပ်မတော်ကငှားရမ်းထား သောမြေဟူ၍ အကြမ်းဖျင်းခွဲခြား ရနိုင်သည်။

‘‘အိမ်ရာတည်ဆောက်မှုနဲ့ ပတ်သက်ပြီး ရှင်းရှင်းလင်းလင်း မူဝါဒတွေချထားသင့်တယ်။ ပြည် သူတွေအလိမ်မခံရအောင် အစိုးရက စနစ်တကျထိန်းသင့်တယ်’’ ဟု ဆရာမြင့်မိုရ်ဆွေက သူ၏အမြင်ကိုပြောကြားသည်။

လက်ရှိရန်ကုန်မြို့တွင် ဘီအိုတီစနစ်ဖြင့် အဆောက် အအုံများတည်ဆောက်ပြီး ပြည် သူများအား ရောင်းချမှုများကို အစိုးရက ထိရောက်စွာအရေးယူ ပေးရန် မြန်မာနိုင်ငံဆောက်လုပ် ရေးလုပ်ငန်းရှင်များအသင်းက ဝန်ကြီးဌာနသို့ တင်ပြထား ကြောင်းဦးရန်ဝင်းကပြောကြား သည်။ အခန်းလိုအပ်ချက်ကြီးမား လာခြင်းနှင့် စီးပွားရေးလက်လွှဲ ရောင်းချခြင်းက တွက်ခြေကိုက် လာခြင်းတို့ကြောင့် ကြိုပွိုင့်စနစ် ဖြင့်ရောင်းချခြင်းများ တွင်ကျယ် လာခဲ့သည်။ ဖွံ့ဖြိုးရေးလုပ်ငန်းရှင် ကန်ထရိုက်က အဆောက်အအုံ ပုံစံရေးဆွဲပြီး သက်ဆိုင်ရာအာ ဏာပိုင်များထံမှ ခွင့်ပြုချက်ရယူ ၍ အဆောက်အအုံမတည်ဆောက် သေးမီ အခန်းကြိုတင်ရောင်းချ နေကြခြင်းဖြစ်သည်။

ယင်းစနစ်မှာ ရိုးသားစွာလုပ် ကိုင်သည့်ကန်ထရိုက်တာများထံ မှဝယ်ယူလျှင် ပြဿနာမရှိသော် လည်း လိမ်လည်သူများထံမှဝယ် ယူပါက ငွေကြေးများစွာဆုံးရှုံးခံ ရမှာဖြစ်သည်။ ကြိုပွိုင့်စနစ်ဖြင့် ရောင်းချနေပြီဖြစ်သော Golden City ကုမ္ပဏီအား အကြိမ်ကြိမ် ဆက်သွယ်မေးမြန်းသော်လည်း ဖြေကြားခဲ့ခြင်းမရှိပေ။

ဘီအိုတီစနစ်ဖြင့် တည် ဆောက်ခွင့်ရထားသော အ ဆောက်အအုံကို နိုင်ငံခြားသား နှင့်အကျိုးတူပူးပေါင်းထားသည့် ကုမ္ပဏီတစ်ခုက ကြိုပွိုင့်စနစ်ဖြင့် ရောင်းချရာတွင် ဈေးသက်သာ သဖြင့် ငွေကြေးရင်းနှီးမြှုပ်နှံသူ များက ဝယ်ယူမှုများရှိနေသည်။ ယင်းအဆောက်အအုံမှာ တပ် မတော်ပိုင်မြေတွင် နှစ်ရှည်ငှား ရမ်းပြီး ကွန်ဒိုမီနီယံများ၊ ဟိုတယ် များပါသည့် အိမ်ရာစီမံကိန်းကို တည်ဆောက်ရန်စီစဉ်နေသည်။ ကြော်ငြာအားကောင်းစွာဖြင့် အဆောက်အအုံများကို အများ ပြည်သူအားရောင်းချမှုများရှိလာ သဖြင့် ဆောက်လုပ်ရေးလုပ်ငန်း ရှင်များက စိုးရိမ်နေကြသည်။

‘‘နိုင်ငံခြားသားအကျိုးတူ ရင်းနှီးမြှုပ်နှံထားတဲ့ အိမ်မြေနဲ့ ပတ်သက်ပြီး ပိုင်ဆိုင်ခွင့်၊ ရောင်း ချခွင့်၊ လွှဲပြောင်းခွင့်မရှိသေးဘူး။ ၁၉၈၇ကပြဋ္ဌာန်းထားတဲ့ မရွှေ့ ပြောင်းနိုင်သောပစ္စည်းကန့်သတ် တဲ့ဥပဒေက ဒီနေ့ထိအသက်ဝင် နေတယ်’’ဟု international law firm မှ ဦးသန်းမောင်(စစ်တွေ)ကပြောကြားသည်။

မရွှေ့ပြောင်းနိုင်သော ပစ္စည်းကန့်သတ်ရေးဥပဒေအရ နိုင်ငံခြားသားတစ်ဦးသည် ပြည် တွင်း၌ အိမ်ခန်းများငှားရမ်းမည် ဆိုလျှင် တစ်နှစ်သာခွင့်ပြုသည်။ အစိုးရသစ် လက်ထက်တွင် ပြဋ္ဌာန်းခဲ့သည့် နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုဥပဒေတွင်လည်း ပြည်ပလုပ်ငန်းရှင်များကို မြေယာဝယ် ယူပိုင်ဆိုင်ခွင့်မပေးဘဲ နှစ် ၇၀ ထိ နှစ်ရှည်ငှားရမ်းခွင့်ကိုသာ ခွင့်ပြုပေးထားသည်။

Credit : 7Day Daily

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ

Upcoming Property Events

From 05 Jul To 06 Jul

Mingalar Market

From 05 Jul To 06 Jul

Golden City Condo

From 09 Jun To 09 Jul

The Vista Luxury Residence

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service